အီရန်အထူးတပ်က လက်နက်စုံတင်စစ်သင်္ဘောကြီး ထုတ်ဖော်ပြသခဲ့

အီရန်အထူးတပ်က လက်နက်စုံတင်စစ်သင်္ဘောကြီး ထုတ်ဖော်ပြသခဲ့

 

 

 

 

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်တွေ၊ အမြန်သွားမော်တော်ဘုတ်တွေ၊ ဒရုန်းတွေ၊ ဒုံးပစ်စင်တွေ

 

တင်ဆောင်ထားတဲ့ စစ်သင်္သောကြီးတစ်စင်းကို မကြာခင်က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အမေရိကန်နဲ့ တင်းမာမှု ဆက်လက်မြင့်တက်နေချိန်မှာ အီရန် မဟာခေါင်းဆောင်က တိုက်ရိုက်ထိန်းချုပ်တဲ့

 

အထူးတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ်က ဒီစစ်သင်္ဘောကို ပြသခဲ့တာ ဖြစ်ပါတယ်။

 

သင်္ဘောကိုရိုက်ပြတဲ့ ဓာတ်ပုံအရ သင်္ဘောပေါ်မှာ ထရပ်ကားပေါ်သယ်ဆောင် ပစ်ခတ်နိုင်တဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်နဲ့

လေယာဉ်ပစ်ဒုံးကျည်တွေ တွေ့ရပါတယ်။ အငယ်စားအမြန်စောင်းမော်တော်ဘုတ်လေးစင်းလည်း သယ်လာတာ တွေ့ရပြီး

ဒီမော်တော်ဘုတ်တွေက ပါရှန်ပင်လယ်ကွေ့မှာ အစောင့်တပ်သုံးတွေသုံးနေကြ အမျိုးအစား ဖြစ်ပါတယ်။

 

 

 

စက်သေနတ်တွေ တပ်ဆင်ထားတဲ့ မော်တော်ဘုတ်တွေပါ။

ဒီစစ်သင်္ဘောဟာ ၄၉၂ ပေ ရှည်လျားတယ်လို့ ဆိုပါတယ်။

နှိုင်းယှဉ်ရရင် အမေရိကန်ရဲ့ နိမစ်ဇ်အတန်းအစား လေယာဉ်တင်သင်္ဘောဟာ ၁၀၉၂ ပေ ရှည်ပါတယ်။

အီရန်သင်္ဘောမှာ လေယာဉ်ပြေးလမ်းတော့ မပါပေမယ့် ရဟတ်ယာဉ်ဆင်းကွင်းတစ်ခုတော့ ပါပါတယ်။

 

သူတို့ရေတပ်ဟာ ပင်လယ်ကွေ့ကိုကျော်လွန်ပြီး ရေနက်ပိုင်းကင်းလှည့်ခြင်းပါ ပြုလုပ်လိုတယ်လို့

အီရန် အစောင့်တပ်ရဲ့ရေတပ်တပ်မှူး ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီက ပြောပါတယ်။

 

 

 

ယျေဘူယျအားဖြင့် အစောင့်တပ် ရေယာဉ်တွေက ပါရှင်ပင်လယ်ကွေ့မှာပဲ ကင်းလှည့်ပြီး ပင်မရေတပ်ကသာ

 

အိုမန်ပင်လယ်ကွေ့ကို ကျော်လွန်ပြီး ကင်းလှည့်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲ ဖြန့်ကြက်မှုဟာ မိမိတို့အခွင့်အရေးဖြစ်တယ်လို့လည်း

 

တန်းဆီရိက ပြောဆိုခဲ့ပါတယ်။ အခု သင်္ဘောကိုထုတ်ဖော်ပြသလိုက်တာဟာ ဘာရိန်းအခြေစိုက် အမေရိကန်အမှတ် ၅

 

ရေတပ်က ဒေသတွင်း ကင်းလှည့်တာကို အီရန်က အဖြေပေးလိုက်တာလည်း ဖြစ်ပါမယ်။ အစ္စရေးရဲ့ဒေသတွင်းလှုပ်ရှားမှု

 

အပါအဝင် အမေရိကန်ရေတပ်ရဲ့ ကင်းလှည့်မှုတွေကို ခြိမ်းခြောက်မှုအဖြစ် အီရန်က ရှုမြင်ပါတယ်။ သမ္မတထရမ့်ရဲ့

 

အိမ်ဖြူတော်နောက်ဆုံးရက်တွေအတွင်း အမေရိကန်ရဲ့ ဘယ်လို စစ်ရေးလှုပ်ရှားမှုကိုမဆို သတိပြုဖို့

 

အီရန်ခေါင်းဆောင်ရဲ့ အကြံပေးတစ်ဦးက သတိပေးထားပါတယ်။

 

 

Credit

 

Unicode

 

 


 

 

 

 


 


 


 


 


 

 

 

 


 


 




 

 

 


 




 


 


 


 


 



 

Credit