ကိုရီးယား KB Bank လာမည့် ဒီဇင်ဘာတွင် မြန်မာ၌ ဖွင့်လှစ်မည်

 

ကိုရီးယား KB Bank လာမည့် ဒီဇင်ဘာတွင် မြန်မာ၌ ဖွင့်လှစ်မည်

 

 

 

 

ကိုးရီးယားနိုင်ငံ အခြေစိုက် KB Bank သည် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၌ KB Bank မြန်မာဘဏ်ကို စတင် ဖွင့်လှစ်နိုင်ရန်

 

ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီတွင် မြန်မာနိုင်ငံဗဟိုဘဏ်က ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သော

 

နိုင်ငံခြားဘဏ် ခုနစ်ခုတွင် ကိုးရီးယားနိုင်ငံမှု KB Bankသည် တစ်ခု အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ရရှိထားပြီး

 

ဖြစ်ပြီး KB Bank မြန်မာ၏မတည် ရင်းနှီးငွေ၊ ရင်းနှီးမြှုပ်နှံမှုသည် ယခုလအတွင်းမြန်မာနိုင်ငံသို့ များပြားလှသောနိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအဖြစ်

 

ဝင်ရောက်လာမည်ဟု ၎င်းဘဏ်က ဆိုသည်။  ဘဏ်လုပ်ငန်း စတင်ပြီးနောက်တွင် အလားအလာ ကောင်းမွန်သောပြည်တွင်းလုပ်ငန်းများနှင့်

 

ပတ်သက်၍ဘဏ္ဍာရေးထောက်ပံ့မှုများနှင့် အိမ်ရာဘဏ္ဍာရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် အဆင့်ဆင့် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်ဟု

 

KB Bank မြန်မာကထုတ်ပြန်ခဲ့သည်။

 

 

 

 

ကိုးရီးယား အခြေစိုက် KB Financial Group ၏ လက်အောက်ခံကုမ္ပဏီ များဖြစ်သော KB Bank မြန်မာ၊ KB Kookmin Card (KB card)နှင့်

 

KB Microfinance တို့သည်မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဈေးကွက်အတွင်း  ဝင်ရောက်လာပြီ ဖြစ်သည်။  KB Kookmin Card သည်

 

၂ဝ၁၇ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ဝင်ရောက်လာကာ ဘဏ်မဟုတ်သောငွေရေးကြေးရေး အဖွဲ့အစည်းများဈေးကွက်တွင် ဝင်ရောက်နိုင်ရန် ၂ဝ၁၈ ခုနှစ်တွင်

 

လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခဲ့ပြီး အပြီးသတ် ခွင့်ပြုမိန့်ကို စောင့်နေဆဲ ဖြစ်သည်။ KB Kookmin Card သည်မြန်မာ နိုင်ငံတွင် အရစ်ကျ စနစ်ဖြင့်

 

ကားဝယ်ယူခြင်းနှင့် လက်ကိုင်ဖုန်းနှင့်တန်ဖိုးမြင့် အိမ်သုံးပစ္စည်းများအားအရစ်ကျဝယ်ယူခြင်း စသည့် လုပ်ငန်းများအား လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး

 

 

 

 

ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တွင် ရုံးခွဲများ ဖွင့်လှစ်ရန်စီစဉ်ထားသည်။ KB Microfinance သည် ၂ဝ၁၇ ခုနှစ်မှ စတင်၍ မြန်မာတွင်လုပ်ငန်းများစတင်ပြီး

 

လက်ရှိ အချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲပေါင်း၂၁ ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။ အိမ်ရာပြုပြင်ခြင်းနှင့် အိမ်ရာ တည်ဆောက်ခြင်း များတွင်

 

ချေးငွေပေးခြင်းနှင့်အသေးစား လုပ်ငန်းရှင်များ၏  လုပ်ငန်းများ ခိုင်မြဲရေးအတွက် အသေးစားစီးပွားရေး ချေးငွေများပေးခြင်းကိုအဓိကထား ဆောင်ရွက်နေသည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် KB Bank မြန်မာ၊ KB Kookmin Card  (KB card) နှင့် KB Microfinance တို့သည် ကိုရိုနာရောဂါ ကူးစက်မှုတားဆီးနိုင်ရေးအတွက်

 

ကိုရီးယားနိုင်ငံထုတ် Test Kitများကို ကျန်းမာရေး နှင့်အားကစား  ဝန်ကြီးဌာနသို့ဒုတိယအကြိမ် လှူဒါန်းခဲ့သေးသည်။

 

 

Credit

 

 

Unicode

 

 


 

 

 

 


 


 


 


 


 

 

 

 


 


 


 


 


 


 

 

 

 


 


 


 


 


 


 

 

Credit