ကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ပိတ်ထားသည့် ပုဂံဘုရားများကို ပြန်လည် ဖူးမြှော်နိုင်ရန် ကြိုတင်ပြင်ဆင်ထားမည်

ကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ပိတ်ထားသည့် ပုဂံဘုရားများကို ပြန်လည် ဖူးမြှော်နိုင်ရန် ကြိုတင်ပြင်ဆင်ထားမည်

 

 

 

 

ကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ပိတ်ထားသည့် ပုဂံဘုရားများကို ပြန်လည် ဖူးမြှော်နိုင်ရန်

ကြိုတင်ပြင်ဆင်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ သိရပါတယ်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ တာဝန်ရှိသူတစ်ဦးက “ ခရိုင် ကိုဗစ်ကော်မတီက

ခွင့်ပြုတာနဲ့ကိုဗစ် စည်းကမ်းတွေ အတိုင်း ပြန်ဖွင့်နိုင်အောင် စီမံချက်ချပြီး ဆောင်ရွက်ထားတယ်။

 

ဂေါပကအဖွဲ့ရှိတဲ့ ဘုရားတွေကော ဂေါပကမရှိတဲ့ဘုရားတွေ အကုန်လုံး ပြန်ဖွင့်တဲ့အခါမှာတော့

ကိုဗစ်စည်းကမ်းတွေအတိုင်းပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်ထားတယ်” လို့ဆိုပါတယ်။

 

လက်ရှိတွင် Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ

တန်ခိုးကြီးဘုရား၊ ပုထိုး ၊ စေတီများအား နေ့စဉ်နံနက်တစ်ကြိမ်၊

 

နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့် ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း

COVID-19ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊

 

တိုင်းဒေသကြီး / ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ

ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊

 

ဗလီ၊ Church ကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ

တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက် မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့်

 

COVID-19 ရောဂါ ဖြစ် ပွားမှုအပေါ် မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းရန်

စီစဉ်ဆောင်ရွက်ထားရှိရေး တို့နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၇ ရက်တွင်ပြုလုပ်ခဲ့သည့်

 

Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်

ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးထားပြီး အတည်ပြုချက်တော့ ထွက်ရှိလာ ခြင်းမရှိသေးပါဘူး ။

 

 

Credit

 

 

Unicode

 

 


 

 

 

 



 



 



 



 



 



 



 



 



 

Credit