ထိရောက်မှုရာခိုင်နှုန်း၇၀ရှိပြီး ဈေးနှုန်းပိုသက်သာ သိုလှောင်ရလွယ်ကူတဲ့ Oxford_ကိုဗစ်ကုသဆေးသစ် ကမ္ဘာနေရာအနှံ့ရနိုင်မည်

ထိရောက်မှုရာခိုင်နှုန်း၇၀ရှိပြီး ဈေးနှုန်းပိုသက်သာ သိုလှောင်ရလွယ်ကူတဲ့ Oxford_ကိုဗစ်ကုသဆေးသစ် ကမ္ဘာနေရာအနှံ့ရနိုင်မည်

 

 

 

 

ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်လိုက်တဲ့ ကိုဗစ်ရောဂါကုသဆေးသစ်ဟာ ကျယ်ပြန့်တဲ့ စမ်းသပ်ကုသမှုမှာ ၇၀ % အစွမ်းထက်တယ်လို့ သိရပါတယ်။

 

၉၅ % အစွမ်းထက်တယ်ဆိုတဲ့ အမေရိကန်က Pfizer နဲ့ Moderna တို့နောက် ကိုဗစ်ကုဖို့ အစွမ်းထက်ဆေးသစ် ထပ်မံပေါ်ပေါက်လာတာပါ။

 

အမေရိကန်ဆေးတွေလောက် လက်ရှိ အစွမ်းမထက်ပေမယ့် အောက်စဖို့ဒ်ဆေးက ဈေးနှုန်းပိုချိုသာ၊ သိုလှောင်ရပိုလွယ်ကူလို့

အာဏာပိုင်တွေက ခွင့်ပြုရင် ကမ္ဘာ့နေရာတိုင်းမှာ ပိုတွေ့လာမယ့်ဆေးအဖြစ် မျှော်လင့်ရပါတယ်။ ကာကွယ်နိုင်စွမ်းကလည်း ၉၀ % အထိ တိုးမြှင့်လာနိုင်မယ့်

 

အချက်အလက်တွေ ရှိနေတယ်ဆိုပါတယ်။ ဗြိတိန်အစိုးရဟာ လူ သန်း ၅၀ အတွက် အောက်စဖို့ဒ်ဆေး သန်း ၁၀၀ ကြိုတင်မှာယူလိုက်ပါပြီ။

 

 

 

 

ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဘေးကင်းရေးစစ်ဆေးမှုတွေ လုပ်ရဦးမှာဖြစ်ပေမယ့် စမ်းသပ်ကုသမှုမှာ တစ်ကယ့်ကို စိတ်လှုပ်ရှားဖွယ်ရခဲ့တာပဲလို့

 

ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒီဆေးကို ၁၀ လအတွင်း ဖန်တီးခဲ့တာပါ ကာကွယ်ဆေးတစ်မျိုးဖန်တီးဖို့ ပုံမှန်အားဖြင့် ဆယ်နှစ်လောက် အချိန်ယူရပါတယ်။

 

အခုဆေးအတွက် စေတနာ့ဝန်ထမ်း ၂၀၀၀၀ ကျော် ပါဝင်ခဲ့ပြီး တစ်ဝက်ကဗြိတိန်က၊ ကျန်တစ်ဝက်က ဘရာဇီးက ဖြစ်ပါတယ်။

 

နှစ်ကြိမ်ထိုးရတဲ့ ဒီဆေးဟာ ကိုဗစ်ရောဂါကို ၇၀ % ကာကွယ်နိုင်တာ တွေ့ခဲ့ရပါတယ်။ ဗြိတိန်မှာ ဆေး ၄ သန်း ထိုးပေးဖို့ အသင့်ရှိနေပြီး နောက်ထပ် ၉၆ သန်းလည်း

 

ပြင်ဆင်နေပါတယ်။ အောက်စဖို့ဒ်ဆေးဟာ ချန်ပင်ဇီမျောက်ဝံတွေကို ထိုးပေးတဲ့ အအေးမိရောဂါ ကာကွယ်ထိုးဆေးကို မျိုးဗီဇနည်းနဲ့ ပြုပြင်ဖန်တီးထားတာ ဖြစ်ပါတယ်။

 

 

 

 

လူတွေကို ရောဂါကူးစက်စေတဲ့အရာကို ရပ်တန့်ပစ်ဖို့ ပြောင်းလဲထားတာဖြစ်ပြီး ဆေးထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပရိုတိန်းဆူးချွန်တချို့ ပါဝင်ပါတယ်။

 

လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ကိုယ်ခံအားစနစ်က ဆူးချွန်ကိုသတိပြုမိစေပြီး နှိမ်နင်းဖို့ အားထုတ်လေ့ကျင့်ပေးမယ့် ဆေးနည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ဗိုင်းရပ်စ်နဲ့

 

တစ်ကယ်ရင်ဆိုင်ရချိန်မှာ ကိုယ်ခံအားစနစ်က ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သိနေပြီးဖြစ်စေမယ့် ကာကွယ်ဆေးနည်းပါ။ Pfizer နဲ့ Moderna တို့က ၉၅ %

 

အစွမ်းထက်တယ်ဆိုတာမို့ ၇၅ % က စိတ်ပျက်စရာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်လအထိ ၅၀ % အထက် အစွမ်းထက်ရင်ကိုပဲ လက်ခံရတဲ့

 

အခြေအနေမှာ ဈေးချိုပြီး ၇၀ % အစွမ်းထက်ဆေးကလည်း မျှော်လင့်စရာပါ။ ၇၀ % ဆိုတာ ရာသီတုပ်ကွေးကာကွယ်ဆေးထက်တောင် အစွမ်းထက်ပါတယ်။

 

 

 

 

သာမန်ရေခဲသေတ္တာနဲ့ သိုလှောင်နိုင်တာမို့ ကမ္ဘာ့နေရာတိုင်းကို အလွယ်တကူဖြန့်ဖြူးနိုင်မှာဖြစ်ပြီး Oxford ရဲ့ မိတ်ဖက်ဖြစ်တဲ့ AstraZeneca ဟာ ကမ္ဘာတဝန်း

 

ဆေး သန်း ၃၀၀၀ ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ Oxford ဆေး ဈေးနှုန်းက ၃ ပေါင် (၄.၀၁ ဒေါ်လာ)ဝန်းကျင်ဖြစ်ပြီး Pfizer က ၁၅ ပေါင်(၂၀.၀၅ ဒေါ်လာ)၊

Moderna က ၂၅ ပေါင်(၃၃.၄၂ ဒေါ်လာ)မို့ ဈေးနှုန်းချင်းလည်း ကွာခြားလှပါတယ်။

 

Credit

 

 

Unicode

 

 


 

 

 

 


 


 



 


 

 

 

 


 


 


 


 


 

 

 

 


 


 


 


 


 

 


 


 


 


 

Credit