KNOWLEDGE

မြန်မာ့ ဂုဏ်ဆောင် ကိုယ်ပျောက် စစ်သင်္ဘော များ ကိုယ်ပျောက်အောင် ဘယ်လိုလုပ်ထားသလဲ…?

Written by admm

မြန်မာ့ ဂုဏ်ဆောင် ကိုယ်ပျောက် စစ်သင်္ဘော များ ကိုယ်ပျောက်အောင် ဘယ်လိုလုပ်ထားသလဲ…?

 

 

 

ဆင်ဖြူရှင် (F-14) တို့ကို ရေချလိုက်သောအခါ အာဆီယံ နိုင်ငံများ အလွန်အံ့သြသွားကြသည် အာဆီယံနိုင်ငံများထဲတွင် stealth frigate ကို ကိုယ်တိုင် တည်ဆောက်ထုတ်လုပ်နိုင်သည်မှာ

 

မြန်မာ တစ်နိုင်ငံတည်းသာ ရှိသေးသည်။ထိုသို့အသီးအပွင့်များ ဖြစ်ပေါ်လာသည်မှာ ဟိုးယခင်နှစ်ပေါင်းများစွာကတည်းက တရုတ်နှင့် ရုရှားသို့ စစ်ဘက်ဆိုင်ရာ ပညာတော်သင်များ

 

စေလွှတ်ခဲ့ခြင်းကြောင့်ဖြစ်သည်အသေးစိတ်မှာမူ နိုင်ငံတော်လျှို့ဝှက်ချက်များဖြစ်သဖြင့် ထုတ်ဖော်မပြောလိုသော်လည်း stealth frigate များနှင့် ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားနိုင်စေရန်

 

လျှို့ဝှက် အဆင့်မဟုတ်သော အကြမ်းစား အချက်အလက် များကို တင်ပြလိုပါသည်stealth ကို ကိုယ်ပျောက် ဟု ဘာသာပြန် ဆိုသည်မှာ အတိအကျတော့ မမှန်ပါကိုယ်ပျောက်ဟု

 

 

ဘာသာပြန်ပါက မျက်စိဖြင့်မမြင်နိုင်ဘဲ ပျောက်နေသလို အဓိပ္ပာယ်သက်ရောက်နေပါသည်ထိုသို့မဟုတ်ပါ တကယ်တော့ stealth သည် ရန်သူ ထောက်လှမ်းခြင်း မခံရအောင် ပြုလုပ်ခြင်း

 

ပျံဖျက်ဖုံးကွယ်ခြင်း နည်းပညာပင်ဖြစ်ပါသည်။ထောက်လှမ်းခြင်းဆိုရာတွင်

 

-Visual Detection (အမြင်အားဖြင့် ထောက်လှမ်းခြင်း)

 

-Thermal Detection (အပူငွေ့အာရုံခံထောက်လှမ်းခြင်း)

 

-Acoustic Detection (အသံအားဖြင့် ထောက်လှမ်းခြင်း)

 

-Radar Detection (ရေဒါလှိုင်းဖြင့် ထောက်လှမ်းခြင်း) တို့ရှိကြပါသည်

 

 

 

 

F-12 နှင့် F-14 တို့သည် ထိုကဲ့သို့ထောက်လှမ်းခြင်း ၄ မျိုးလုံးမှ အထူးကာကွယ်ပေးနိုင်သော Fully Stealth Frigate များဖြစ်ကြပါသည်Visual Detection အမြင်အားဖြင့် ထောက်လှမ်းခြင်းမှ

 

ကာကွယ်ခြင်းတွင် F-12 နှင့် F-14 တို့အား မိုးကုပ်စက်ဝိုင်းအဝေးနေရာတွင် လှမ်းကြည့်လိုက်ပါက ပင်လယ်အရောင်မိုးကုပ်စက်ဝိုင်းကောင်းကင်နောက်ခံ အရောင်တို့နှင့်

 

ရောနှောပျောက်ကွယ်နေစေမည့် မီးခိုးပြာမှိုင်းအရောင် သုတ်လမ်းထားပါသည်Thermal Detection ခေါ် ရန်သူမှ မိမိသင်္ဘော၏ အပူငွေ့ကို ထောက်လှမ်းခြင်းမှ ကာကွယ်ရန်နှင့်

 

အပူငွေ့ရှာဒုံးကျည်များ အန္တရာယ်မှ ကာကွယ်နိုင်ရန် F12 နှင့် F14 တို့ကို အထူးတည်ဆောက်ထားပါသည်သင်္ဘောကိုယ်ထည်မှ အပူများကို ကိုယ်ထည်အတွင်း အထပ်ထပ်ရစ်ခွေပြီး

 

ထည့်သွင်းမြှုပ်နှံထားသော ကြေးပိုက်များ hull embedded cooling pipe များဖြင့် စုတ်ယူပါသည်ထိုကြေးပိုက်များအတွင်း လှည့်ပတ်နေသော R-401A (Air-Con gas)မှ အပူများကို

 

စုပ်ယူပေးပြီး သင်္ဘောဝမ်းဗိုက်ရေအောက်ထဲတွင် မြှုပ်နှံထားသော Heat Exchanger ဖြင့် အပူများကို ပင်လယ်ရေထဲသို့ စွန့်ပစ်လိုက်သည်သင်္ဘောအင်ဂျင်နှင့် အိတ်ဇောမှ အပူများကို

 

လွင့်ပျောက်စေရန်အတွက် အင်ဂျင်နှင့် အိတ်ဇောအား water jet ၃၆ ခုမှ အဆက်မပြတ်ရေဖြန်းပေးပြီး အေးမြနေစေသည်ထိုသို့ရေဖြန်းရာတွင် ဆားငန်ရေကြောင့် ပျက်စီးမှုမရှိစေရန်

 

ပင်လယ်ရေအား ရေချိုအဖြစ် ဓာတ်ပြောင်းလဲမှုပြုပြီးမှ ပက်ဖျန်းပေးရခြင်းဖြစ်သည်သို့သော် ထိုစနစ်များမှာ အမြဲတစေဖွင့်ထားသည်တော့ မဟုတ်ပါ

 

ရန်သူအန္တရာယ်ရှိနိုင်သဖြင့် Combat mode ပြောင်းလိုက်သည့် အချိန်မှသာ ထိုစနစ်များ အသက်ဝင်လာခြင်းဖြစ်သည်အအေးခံစနစ် အသက်ဝင်သည့်အချိန်တွင် သင်္ဘောတစ်စင်းလုံး၏

 

အပူချိန်သည် ပတ်ဝန်းကျင်အပူချိန် ambient temperature ထက် ၂ ဒီဂရီမှ ၄ ဒီဂရီအထိ လျှော့ကျနိုင်သည်ထိုအခြေအနေတွင် ရန်သူမှ အပူငွေ့ရှာ ဒုံးကျည် heat seeking missile များဖြင့်

 

တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်တော့ပေAcoustic Detection အသံအားဖြင့် ထောက်လှမ်းခြင်းနည်းလမ်းသည် ရေငုပ်သင်္ဘောများတွင် အဓိက အသုံးပြုသောနည်းလမ်းဖြစ်သည်

 

ရေဒါလှိုင်းများသည် ရေအောက်တွင် ကောင်းစွာအလုပ်မလုပ်သဖြင့် ဆိုနာခေါ် အသံလှိုင်းဖြင့် အာရုံခံထောက်လှမ်းသည့်စနစ်ကို ရေငုပ်သင်္ဘောများမှ အဓိက အသုံးပြုကြသည်

 

 

 

 

ထိုကဲ့သို့ထောက်လှမ်းမှုမျိုးမှ ကာကွယ်ရန် F-12 နှင့် F-14 တို့တွင် အထူးအစီအစဉ်များပြုလုပ်ထားသည်F-12 နှင့် F-14 တို့သည် ပုံမှန်ခုတ်မောင်းနေချိန်တွင် သင်္ဘော ပင်မအင်ဂျင်စက်၏

 

အိတ်ဇောငွေ့များအား အသံထိန်း ဆိုင်လင်ဇာ တစ်ခုတည်းကိုသာ ဖြတ်သန်းစေသော်လည်းstealth mode ဖြင့် အသံတိတ်ခုတ်မောင်းချိန်တွင်မူ အိတ်ဇောငွေ့များကို အသံတိတ် ဆိုင်လင်ဇာ

 

အဆင့် ၅ ဆင့်အား ဖြတ်သန်းပြီးမှ ထုတ်လွှတ်သည်ထိုသို့ အိတ်ဇော်ငွေ့များ အသံတိတ်စနစ် အဆင့်ဆင့်အား ဖြတ်သန်းရသဖြင့် အင်ဂျင်တွန်းကန်အားကျဆင်းပြီး မူလမြင်းကောင်ရေအား၏

 

၃ ပုံ ၁ ပုံသာ ထုတ်လုပ်နိုင်သည်ထိုအချိန်တွင် သင်္ဘောမှာ မူလအမြန်နှုန်းဖြစ်သော ရေမိုင် ၄၆ မိုင်နှုန်းမှ ရေမိုင် ၁၈ မိုင်နှုန်းအထိ ကျဆင်းသွားသည်သို့သော် ထိုကဲ့သို့ အသံတိတ်ခုတ်မောင်းနေ

 

ချိန်တွင် သင်္ဘောသည် အလွန်တိတ်ဆိတ်ငြိမ်သက်သည်သင်္ဘောပန်ကာဒလက်များကိုလည်း ရေအောက်တွင် အသံမထွက်ဘဲ တိတ်ဆိတ်စွာလည်ပတ်နိုင်စေရန် အထူးဒီဇိုင်းထွင်ရေးဆွဲပြီး

 

CNC machine များဖြင့် အနုစိတ်ခုတ်စားပုံဖော်ထားသည်ထို့အပြင် ပိုမိုအသံတိတ်စေရန် ပန်ကာဒလက်များအား ရာဘာဖြင့် ဖုံးအုပ်ထားသည် ရေတပ်သုတေသနဌာနသည် ရေအောက်တွင်

 

အသံမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ လည်ပတ်နိုင်သောပန်ကာရေယက်ကို ရရှိရန် ပန်ကာဒလက်ဒီဇိုင်းပေါင်း ၁၀၈ မျိုးအထိ စမ်းသပ်ခဲ့ရသည်Radar Detection ခေါ်ရေဒါလှိုင်းဖြင့်

 

ထောက်လှမ်းခံရခြင်းမှ ကာကွယ်ရန်မှာ F12 နဲ့ F14 တို့၏ ပင်မရည်ရွယ်ချက်ပင်ဖြစ်သည်ရန်သူရေဒါလှိုင်းများသည် မိမိသင်္ဘောကို ရိုက်ခတ်ပြီးပါက မူလရန်သူရေဒါဆီသို့ ပြန်မရောက်စေဘဲ

 

လမ်းလွှဲပစ်နိုင်ရန် သင်္ဘော၏ ထောင့်ချိုး angle များကို အထူးတွက်ချက်တည်ဆောက်ထားသည်ထို့အပြင် ရေဒါလှိုင်းများအား စုပ်ယူနိုင်မည့် Radar Absorbent Material ခေါ် RAM များကို

 

လည်း သင်္ဘောတစ်စီးလုံးသုံးလိမ်းထားသည်ရေဒါပျောက်ဆေး RAM သုတ်လိမ်းသော အပိုင်းသည် အလွန်ရှုပ်ထွေးပြီး အန္တရာယ်များလေသည်ရေဒါစုပ်ယူနိုင်သော

 

အလွှာတစ်ခုဖြစ်ပေါ်လာရန် ဓာတုပစ္စည်းအမျိုးမျိုးကို သတ်မှတ်အထူရသည်အထိ အထပ်ထပ် သုတ်လိမ်းပေးရသည်

 

 

 

 

အလွန်ခက်ခဲသော ကာဗွန်နာနိုကျူ အလွှာထည့်သွင်းခြင်းမှ အလွန်အဆိပ်အတောက်ပြင်းသော ဟိုက်ဒရာဇင်းဆေးရည် သုတ်လိမ်းခြင်းအထိ အဆင့်ပေါင်း ၁၄ ဆင့်ကို ဖြတ်သန်းလုပ်ဆောင်ရ

 

သည်တပ်မတော်ရေမှ အင်ဂျင်နီယာများသည် Chemical protective clothing (CPC) များဝတ်ဆင်ပြီး အလွန် ပြင်းထန်သော ဓာတုအဆိပ်အတောက်များကို ကိုင်တွယ်သုတ်လိမ်းခဲ့ရခြင်းဖြစ်

 

သည်ထိုဓာတုပစ္စည်းများသည် အချင်းချင်းဓာတ်ပြုခြင်းဖြစ်စဉ် ၇ ရက်ခန့်ကြာပြီးနောက် အဆိပ်အတောက်ဓာတ်ပြယ်ပြီး ၈ မီလီမီတာ အထူရှိသောရေဒါလှိုင်းစုပ်ယူနိုင်သည့် အလွှာတစ်ခုရရှိခဲ့

 

သည်အကျိုးဆက်အားဖြင့် F-12 နှင့် F-14 တို့အား ရန်သူရေဒါများမှ ပျောက်ကွယ်နေမည်ဖြစ်ပြီး ရေဒါလမ်းညွှန်စနစ်သုံးရန်သူ့ဒုံးပျံများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်၍ ရတော့မည်မဟုတ်ချေ

 

 

Unicode

 

 


 

 

 

 


 


 


 


 


 


 


 


 


 


 

 

 

 


 


 


 


 


 


 


 


 


 


 


 

 

 


 


 


 


 


 


 


 


 


 


 


 


 


 

 

 

 


 


 


 


 


 

Credit;

 

About the author

admm