LOCAL NEWS

လာမည့် ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း လေးခု ဆက်လက်ဆောင်ရွက်မည်

Written by admm

လာမည့် ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း လေးခု ဆက်လက်ဆောင်ရွက်မည်

 

 

 

 

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းလေးခုကို ဆက်လက် ဆောင်ရွက်မည်ဟု

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ လာမည့်နှစ်များအတွင်း ထပ်မံတိုးတက်သုံးစွဲလာမည့်

 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ၂ဝ၂၁ -၂၂ ဘဏ္ဍာနှစ်တွင်အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း ၅၁ မဂ္ဂါဝပ်၊

 

၂ဝ၂၂- ၂၃ ဘဏ္ဍာနှစ်တွင်အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၈ဝမဂ္ဂါဝပ် ၊ ၂ဝ၂၄-၂၅ တွင်အလယ်ပေါင်းလောင်းရေအားလျှပ်စစ်

 

စီမံကိန်း ၁၅၂ မဂ္ဂါဝပ်နှင့်၂ဝ၂၅-၂၆ တွင် သူဌေး ရေအားလျှပ်စစ်စီမံကိန်း ၁၁၁ မဂ္ဂါဝပ် တို့မှ အချိန်မီ လျှပ်စစ်ထုတ်နိုင်ရန် အဆိုပါ

 

 

 

 

ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းလေးခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု၎င်းက ပြောသည်။

 

ထို့ပြင် ဒီးဒုတ် ရေအားလျှပ်စစ် စီမံကိန်း ၆ဝ မဂ္ဂါဝပ်ကို သြစတြီးယားနိုင်ငံမှ ANDRITZ Hydro GmbH Co., Ltd. နှင့် ရွှေလီ ၃ ရေအား

 

လျှပ်စစ် စီမံကိန်း ၆၇၁ မဂ္ဂါဝပ် ကို ပြင်သစ်နိုင်ငံမှ EDF Co.,Ltd. တို့နှင့် ဆောင်ရွက်နိုင်ရန် Notice to Proceed (NTP) လက်မှတ်

 

ရေးထိုးခဲ့ပြီး ဖက်စပ်စနစ်/တည်ဆောက်၊ လည်ပတ်၊လွှဲပြောင်းစနစ် (Joint Venture BOT)တို့ဖြင့်ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။

 

အလယ်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း လေးခု ဆက်လက်ဆောင်ရွက်မည် ၇၃၅ မဂ္ဂါဝပ်

 

 

 

 

ကိုလည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံမှ SN Power Co.,Ltd. နှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

 

လက်ရှိတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ ၃၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိပြီး နိုင်ငံ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏

 

၅ဝ ရာခိုင်နှုန်းကျော်ကို ရေအားလျှပ်စစ်မှ ထုတ်လုပ်နေခြင်း ဖြစ်သည်။ နှစ်စဉ် တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကိုဖြန့်ဖြူးနိုင်ရန်

 

ရေအား လျှပ်စစ်အပြင် နေရောင်ခြည်စွမ်းအင်၊ သဘာဝဓာတ်ငွေ့ LNG စသည့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှလျှပ်စစ်ထုတ်လုပ်နိုင်ရေး

 

ဆောင်ရွက်မည်ဟုပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ မကြာမီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကတင်ဒါ ခေါ်ယူခဲ့သော

 

နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ ၂၉ ရုံတို့ကိုလည်းလာမည့်နွေရာသီတွင် ထုတ်လုပ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ပြီး

 

အဆိုပါ စက်ရုံများမှ ၁ဝ၃ဝ မဂ္ဂါဝပ်အား ထွက်ရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားကိုရေအားလျှပ်စစ် နှင့် သဘာဝ

 

ဓာတ်ငွေ့ တို့မှအဓိက ထုတ်လုပ်လျက်ရှိပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၅ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။

 

ယခုအချိန်တွင်တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ ၂ဝ၂၅ ခုနှစ်တွင်

 

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရည်မှန်းထားသည်။

 

Credit

 

 

Unicode

 


 

 

 

 


 


 


 


 


 

 

 

 


 


 


 


 


 

 

 

 

 


 


 


 


 


 


 


 


 


 


 


 


 

Credit

About the author

admm