NEWS

ဦးရာဇာတ္ႏွင့္ ဂ်ပန္ကို ပစ္လိုက္တဲ့ ဖိနပ္တစ္ဖက္ ပုံျပင္

Written by admm

 

ဦးရာဇာတ္ႏွင့္ ဂ်ပန္ကို ပစ္လိုက္တဲ့ ဖိနပ္တစ္ဖက္ ပုံျပင္

 

(“တေန႔ေတာ့ ဂ်ပန္စစ္သားတေယာက္က ေက်ာင္းသူတဦးကို ေက်ာင္းေရွ႕မွာ ဆြဲလားရမ္းလား လုပ္တယ္။ အဲဒီအခ်ိန္မွာ အရာတခုက

 

အရွိန္ျပင္းျပင္းနဲ႔ ဂ်ပန္စစ္သားရဲ့ ရင္ဘတ္ကို ဗုန္းခနဲ လာမွန္တယ္…. )

 

 

 

“တေန႔ေတာ့ ဂ်ပန္စစ္သားတေယာက္က ေက်ာင္းသူတဦးကို ေက်ာင္းေရွ႕မွာ ဆြဲလားရမ္းလား လုပ္တယ္။

 

ေက်ာင္းသူေလးက ငိုယိုၿပီး ဂ်ပန္စစ္သားကို တြန္းပစ္လိုက္တယ္။ ေနာက္ ေက်ာင္းထဲကို ၀င္ေျပးတယ္။

 

ဂ်ပန္စစ္သားက ေနာက္က လိုက္လာတယ္။

 

အဲဒီအခ်ိန္မွာ အရာတခုက အရွိန္ျပင္းျပင္းနဲ႔ ဂ်ပန္စစ္သားရဲ့ ရင္ဘတ္ကို ဗုန္းခနဲ လာမွန္တယ္။

 

ၾကည့္လိုက္ေတာ့ ေယာက်ာ္းစီး သားေရဖိနပ္ တဖက္။ ဂ်ပန္စစ္သားကလည္း ေဒါပြၿပီး ေက်ာင္းထဲ၀င္မယ္လုပ္တယ္။

 

ေက်ာင္းသားေတြက ဝိုင္းလာတယ္။ဟန္ပုံမရေတာ့ အဲဒီဂ်ပန္ ျပန္ေျပးသြားတယ္”

 

စာေရးဆရာ ဆရာနတ္မွူး ၏ ‘ဖိနပ္ပုံျပင္’၀တၳဳတိုထဲက ဇာတ္ရွိန္တက္ အခန္းတခန္း ျဖစ္ပါသည္။

 

ဂ်ပန္ေခတ္က ေက်ာင္းတေက်ာင္းတြင္ ေက်ာင္းသူကို၀င္ဆြဲသည့္ ဂ်ပန္စစ္သားကို ဖိနပ္တဖက္ႏွင့္

 

ေပါက္လိုက္ေသာ ဇာတ္လိုက္ ေက်ာင္းသားေလးေၾကာင့္ ဂ်ပန္ဗိုလ္ အပါအ၀င္ ဂ်စ္ကားႏွင့္ ခ်ီတက္လာေသာ

 

ဂ်ပန္အဖြဲ႕ကို ႏွလုံးရည္ျပည့္ တုံ႔ျပန္ခဲ့သူက ဆရာႀကီး ဦးရာဇတ္ ဟု ဆိုပါသည္။

 

ဂ်ပန္ဗိုလ္ နာကာတာ က ရွူးရွူးရွားရွားႏွင့္ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းထဲကို ၀င္သြားတယ္။

 

သူ႔စစ္သားကို ဖိနပ္နဲ႔ေပါက္တဲ့ ေက်ာင္းသားကို ထုတ္ေပးဖို႔ စကားျပန္ကတဆင့္ ေက်ာင္းအုပ္ႀကီးကို ေျပာပါတယ္။

 

”ဒီဖိနပ္ေပါက္တဲ့ကိစၥဟာ မာစတာတို႔ ဂ်ပန္စစ္သားရဲ့ ျမန္မာေက်ာင္းသူေလး တဦးအေပၚ ရမ္းကားမွုေၾကာင့္ ျဖစ္လာတာပါ”

 

ဘယ္လိုလူမ်ိဳးမဆို၊ ကိုယ့္ေရွ႕မွာတင္ ကိုယ့္လူမ်ိဳး ေက်ာင္းသူတဦးကို လူမ်ိဳးျခားက ေစာ္ကားတာ လက္ပိုက္ၾကည့္ေနမွာ

 

မဟုတ္ပါဘူး ရမ္းကားလို႔ ဖိနပ္နဲ႔ေပါက္တာ။

 

ဆရာႀကီး ဦးရာဇတ္၏ ျပတ္သားေသာ စကားေတြက ၀တၳဳဇာတ္လမ္းအျပင္ကို ထြက္လာၿပီး

 

ကၽြန္ေတာ္တို႔ကို ေသြးျမင့္ေပးလိုက္သကဲ့သို႔ ရွိပါသည္။

 

ဇာတ္လမ္းထဲက သတၱိခဲ ေမာင္ေက်ာင္းသားေလးရဲ့ ဖိနပ္ကိုလည္း ကၽြန္ေတာ္ ျမင္ေယာင္မိလာသည္။

 

 

 

 

ဆရာႀကီးက ဂ်ပန္စစ္ဗိုလ္ ေက်နပ္ေအာင္ ညေန ေက်ာင္းဆင္းလၽွင္ ဖိနပ္ႏွင့္ေပါက္သည့္ ေက်ာင္းသားကို

 

ေစာင့္ေခၚပါ ဟု ေျပာၿပီး ဖိနပ္တဖက္ထဲ စီးထားသည့္ ေက်ာင္းသားသည္ မာစတာ လိုခ်င္သည့္ တရားခံပါပဲဟု

 

ေျပာၿပီး ႏွစ္သိမ့္ထား၍ ညေန ေက်ာင္းဆင္းသည့္ အခ်ိန္၌မူ ေက်ာင္းသူေက်ာင္းသား အားလုံး ေျခဗလာႏွင့္

 

ဆင္းလာသည္ကို ေတြ႕လိုက္ရသည့္ မာစတာတို႔သည္ ❗❗❗ မာစတာႀကီး ပထမေတာ့ ေဒါသ ငယ္ထိပ္တက္သြား၏။

 

ေနာက္ေတာ့ ဆရာႀကီး ဦးရာဇတ္၏ ႏွလုံးရည္ကို ေလးစားလြန္း၍ လက္ဆြဲ ႏွုတ္ဆက္ ျပန္သြားၾကသည္။ ဇာတ္လမ္းကား မဆုံးေသး။

 

ဂ်ပန္စစ္သားကို ဖိနပ္ႏွင့္ေပါက္သည့္ ေမာင္ေက်ာင္းသားႏွင့္ ဂ်ပန္ရမ္းကားမွုကို ၾကဳံရေလသည့္ ေက်ာင္းသူေလးတို.

 

ေမတၱာမၽွသြားၾကၿပီး သူတို႔ႏွစ္ဦး၏ ဖူးစာေရးနတ္ “ဖိနပ္ျပတ္”

 

(ဂ်ပန္စစ္သားက ဓားႏွင့္ခုတ္သြားသည္) ကို အျမဲ အျမတ္တနိုး သိမ္းထားဖို႔ တိုင္ပင္ၾကသည္။

 

သူတို႔၏ သားျဖစ္သူက အေဖအေမတို႔၏ သမိုင္း၀င္ ဖိနပ္ျပတ္ေလးကို မွန္ေကာင္တာႏွင့္ ထည့္ၿပီး ထိန္းသိမ္းထားသည္တဲ့။

 

တကယ္ေတာ့ ဖိနပ္ကေလးဟာ ဖိနပ္ေလး မဟုတ္ေတာ့ဘူး။

 

ကၽြန္ေတာ္တို႔လူမ်ိဳးရဲ့ “ရဲဝံ့မွု,မဟုတ္မခံမွု,ဉာဏ္အေျမာ္အျမင္ႀကီးမွု တို႔ရဲ့ သေကၤတ” အျဖစ္ …။ ။

 

 

Unicode

 

ဦးရာဇာတ်နှင့် ဂျပန်ကို ပစ်လိုက်တဲ့ ဖိနပ်တစ်ဖက် ပုံပြင်

 

“တနေ့တော့ ဂျပန်စစ်သားတယောက်က ကျောင်းသူတဦးကို ကျောင်းရှေ့မှာ ဆွဲလားရမ်းလား လုပ်တယ်။

 

ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။ နောက် ကျောင်းထဲကို ဝင်ပြေးတယ်။

 

ဂျပန်စစ်သားက နောက်က လိုက်လာတယ်။

 

 

 

အဲဒီအချိန်မှာ အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဗုန်းခနဲ လာမှန်တယ်။

 

ကြည့်လိုက်တော့ ယောကျာ်းစီး သားရေဖိနပ် တဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲဝင်မယ်လုပ်တယ်။

 

ကျောင်းသားတွေက ဝိုင်းလာတယ်။ပြန်ပြေးသွားတယ်”

 

စာရေးဆရာ ဆရာနတ်မှူး ၏ ‘ဖိနပ်ပုံပြင်’ဝတ္ထုတိုထဲက ဇာတ်ရှိန်တက် အခန်းတခန်း ဖြစ်ပါသည်။

 

ဂျပန်ခေတ်က ကျောင်းတကျောင်းတွင် ကျောင်းသူကိုဝင်ဆွဲသည့် ဂျပန်စစ်သားကို ဖိနပ်တဖက်နှင့်

 

ပေါက်လိုက်သော ဇာတ်လိုက် ကျောင်းသားလေးကြောင့် ဂျပန်ဗိုလ် အပါအဝင် ဂျစ်ကားနှင့် ချီတက်လာသော

 

ဂျပန်အဖွဲ့ကို နှလုံးရည်ပြည့် တုံ့ပြန်ခဲ့သူက ဆရာကြီး ဦးရာဇတ် ဟု ဆိုပါသည်။

 

ဂျပန်ဗိုလ် နာကာတာ က ရှူးရှူးရှားရှားနှင့် ကျောင်းအုပ်ကြီး ရုံးခန်းထဲကို ဝင်သွားတယ်။

 

သူ့စစ်သားကို ဖိနပ်နဲ့ပေါက်တဲ့ ကျောင်းသားကို ထုတ်ပေးဖို့ စကားပြန်ကတဆင့် ကျောင်းအုပ်ကြီးကို ပြောပါတယ်။

 

”ဒီဖိနပ်ပေါက်တဲ့ကိစ္စဟာ မာစတာတို့ ဂျပန်စစ်သားရဲ့ မြန်မာကျောင်းသူလေး တဦးအပေါ် ရမ်းကားမှုကြောင့် ဖြစ်လာတာပါ”

 

ဘယ်လိုလူမျိုးမဆို၊ ကိုယ့်ရှေ့မှာတင် ကိုယ့်လူမျိုး ကျောင်းသူတဦးကို လူမျိုးခြားက စော်ကားတာ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး

 

ရမ်းကားလို့ ဖိနပ်နဲ့ပေါက်တာ။ဆရာကြီး ဦးရာဇတ်၏ ပြတ်သားသော စကားတွေက ဝတ္ထုဇာတ်လမ်းအပြင်ကို

 

ထွက်လာပြီး ကျွန်တော်တို့ကို သွေးမြင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။

 

ဇာတ်လမ်းထဲက သတ္တိခဲ မောင်ကျောင်းသားလေးရဲ့ ဖိနပ်ကိုလည်း ကျွန်တော် မြင်ယောင်မိလာသည်။

 

ဆရာကြီးက ဂျပန်စစ်ဗိုလ် ကျေနပ်အောင် ညနေ ကျောင်းဆင်းလျှင် ဖိနပ်နှင့်ပေါက်သည့် ကျောင်းသားကို

 

စောင့်ခေါ်ပါ ဟု ပြောပြီး ဖိနပ်တဖက်ထဲ စီးထားသည့် ကျောင်းသားသည် မာစတာ လိုချင်သည့် တရားခံပါပဲဟု

 

ပြောပြီး နှစ်သိမ့်ထား၍ ညနေ ကျောင်းဆင်းသည့် အချိန်၌မူ ကျောင်းသူကျောင်းသား အားလုံး ခြေဗလာနှင့်

 

ဆင်းလာသည်ကို တွေ့လိုက်ရသည့် မာစတာတို့သည် ❗❗❗ မာစတာကြီး ပထမတော့ ဒေါသ ငယ်ထိပ်တက်သွား၏။

 

 

 

နောက်တော့ ဆရာကြီး ဦးရာဇတ်၏ နှလုံးရည်ကို လေးစားလွန်း၍ လက်ဆွဲ နှုတ်ဆက် ပြန်သွားကြသည်။ ဇာတ်လမ်းကား မဆုံးသေး။

 

ဂျပန်စစ်သားကို ဖိနပ်နှင့်ပေါက်သည့် မောင်ကျောင်းသားနှင့် ဂျပန်ရမ်းကားမှုကို ကြုံရလေသည့် ကျောင်းသူလေးတို့

 

မေတ္တာမျှသွားကြပြီး သူတို့နှစ်ဦး၏ ဖူးစာရေးနတ် “ဖိနပ်ပြတ်”

 

(ဂျပန်စစ်သားက ဓားနှင့်ခုတ်သွားသည်) ကို အမြဲ အမြတ်တနိုး သိမ်းထားဖို့ တိုင်ပင်ကြသည်။

 

သူတို့၏ သားဖြစ်သူက အဖေအမေတို့၏ သမိုင်းဝင် ဖိနပ်ပြတ်လေးကို မှန်ကောင်တာနှင့် ထည့်ပြီး ထိန်းသိမ်းထားသည်တဲ့။

 

တကယ်တော့ ဖိနပ်ကလေးဟာ ဖိနပ်လေး မဟုတ်တော့ဘူး။

 

ကျွန်တော်တို့လူမျိုးရဲ့ “ရဲဝံ့မှု,မဟုတ်မခံမှု,ဉာဏ်အမြော်အမြင်ကြီးမှု တို့ရဲ့ သင်္ကေတ” အဖြစ် …။ ။

 

Credit;

About the author

admm