INTERNATIONAL NEWS

(၂၀၂၀)ခုႏွစ္ ဗီယက္နမ္အလွမယ္ဘြဲ႔ကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ လယ္သမားၾကီးသမီး

Written by admm

 

(၂၀၂၀)ခုႏွစ္ ဗီယက္နမ္အလွမယ္ဘြဲ႔ကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ လယ္သမားၾကီးသမီး

 

 

 

 

ဗီယက္နမ္ႏိုင္ငံ Thanh Hoa ျပည္နယ္ ေျမာက္အလယ္ပိုင္းမွာေနထိုင္သူ ၁၉ႏွစ္အရြယ္မိန္းကေလး Do Thi Ha ဟာ

 

ေသာၾကာေန႔ညတုန္းက Miss Vietnam 2020 သရဖူကို ဆြတ္ခူးခဲ့ပါတယ္။ သူမဟာ ေက်းလက္မွာေနထိုင္သူ

 

လယ္သမားၾကီးတစ္ဦးရဲ႕သမီးျဖစ္ကာ အျခားေသာ ၿပိဳင္ပြဲဝင္ ၃၄ ဦးကို အႏိုင္ယူကာ ဗီယက္နမ္အလွမယ္ျဖစ္လာခဲ့တာပါ။

 

 

၂၀၂၀ခုႏွစ္ရဲ႕ ဗီယက္နမ္အလွမယ္ၿပိဳင္ပြဲကိုေတာ့ Ho Chi Minh City မွာ ျပဳလုပ္ခဲ့ပါတယ္။ ၿပိဳင္ပြဲမွာေတာ့ ပထမဆံုး

 

ဗီယက္နမ္ရိုးရာဝတ္စံု “ao dai” ဝတ္ဆင္ကာ အရင္ဆံုးယွဥ္ၿပိဳင္ရၿပီး ထိုထဲကမွ ၂၂ ဦးေရြးခ်ယ္ကာ ေရကူးဝတ္စံုနဲ.

 

ယွဥ္ၿပိဳင္ရပါတယ္။ ထိုထဲက ၁၅ေယာက္ထပ္ေရြးၿပီး ညေနခင္းဝတ္ဝတ္စံု evening gown အတြက္ ဆက္လက္

 

ယွဥ္ၿပိဳင္ရပါတယ္။ ထို႔ေနာက္မွာေတာ့ ဒိုင္ေတြက ဆန္ကာတင္ ငါးေယာက္ထပ္ေရြးၿပီး Q& A ေျဖဆိုရကာ ဒီထဲကမွ

 

ေနာက္ဆံုး သံုးေယာက္ကို ထပ္မံေရြးခ်ယ္ခဲ့တာပါ။ေနာက္ဆံုးၿပိဳင္ပြဲညရဲ႕အဆံုးမွာေတာ့ Do Thi Ha ကပဲ အလွမယ္ဘြဲ႔ကို

 

သိမ္းပိုက္သြားခဲ့ပါတယ္။ Pham Ngoc Phuong Anh ကေတာ့ ဒုတိယေနရာ၊ Ngugen Le Ngoc Thao ကေတာ့

 

တတိယေနရာ အသီးသီးရရွိသြားခဲ့ပါတယ္။ သူမဟာ အရပ္ ၅ေပ ၈လက္မရွိပါတယ္။ လက္ရွိ ဟႏိြဳင္းက

 

National Economics University မွာ ပညာသင္ၾကားေနတဲ့ ဒုတိယႏွစ္ေက်ာင္းသူလည္း ျဖစ္ပါတယ္။

 

 

 

 

Do Thi Ha ဟာ Media Beauty, Fashion Beauty နဲ႔ Sea Beauty awards ၿပိဳင္ပြဲေတြမွာလည္း အႏုိင္ရရွိဖူးသူ ျဖစ္ပါတယ္။

 

သူမဟာ သူမရဲ႕တကၠသိုလ္ NEU က က်င္းပတဲ့အလွမယ္ၿပိဳင္ပြဲကေန ဗီယက္နမ္တစ္ႏိုင္ငံလံုးအဆင့္ အလွမယ္ၿပိဳင္ပြဲအထိ

 

တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ Do Thi Ha ဟာ ႏြားေပါက္ေလးကိုသယ္ယူေပးရတဲ့အလုပ္နဲ႔ စားပြဲထိုးအလုပ္ကိုလည္း

 

ဝင္ေငြအတြက္ လုပ္ကိုင္ေနပါတယ္။ Ho Chi Minh City မွာ က်င္းပျပဳလုပ္တဲ့ ႏိုင္ငံေတာ္အဆင့္အလွမယ္ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး

 

ကုန္က်စရိတ္ေတြကိုေတာ့ Do Thi Ha ဟာ သူမကိုယ္တိုင္ စုေဆာင္းရွာေဖြခဲ့တာပါ။ သူမရဲ႕မိဘေတြကေတာ့ ေက်းလက္မွာ

 

အလုပ္လုပ္ေနၾကတဲ့ လယ္သမားေတြ၊ ေန႔စားသမားေတြျဖစ္ၿပီး သူမရဲ႕ၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း အားေပးေထာက္ပံ့ခဲ့ၾကတယ္လို႔သိရပါတယ္။

 

 

 

 

 

Unicode

 

 

(၂၀၂၀)ခုနှစ် ဗီယက်နမ်အလှမယ်ဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ လယ်သမားကြီးသမီး

 

 

 

 

ဗီယက်နမ်နိုင်ငံ Thanh Hoa ပြည်နယ် မြောက်အလယ်ပိုင်းမှာနေထိုင်သူ ၁၉နှစ်အရွယ်မိန်းကလေး Do Thi Ha ဟာ

 

သောကြာနေ့ညတုန်းက Miss Vietnam 2020 သရဖူကို ဆွတ်ခူးခဲ့ပါတယ်။ သူမဟာ ကျေးလက်မှာနေထိုင်သူ

 

လယ်သမားကြီးတစ်ဦးရဲ့သမီးဖြစ်ကာ အခြားသော ပြိုင်ပွဲဝင် ၃၄ ဦးကို အနိုင်ယူကာ ဗီယက်နမ်အလှမယ်ဖြစ်လာခဲ့တာပါ။

 

 

 

၂၀၂၀ခုနှစ်ရဲ့ ဗီယက်နမ်အလှမယ်ပြိုင်ပွဲကိုတော့ Ho Chi Minh City မှာ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာတော့

 

ပထမဆုံးဗီယက်နမ်ရိုးရာဝတ်စုံ “ao dai” ဝတ်ဆင်ကာ အရင်ဆုံးယှဉ်ပြိုင်ရပြီး ထိုထဲကမှ ၂၂ ဦးရွေးချယ်ကာ

 

ရေကူးဝတ်စုံနဲ့ယှဉ်ပြိုင်ရပါတယ်။ ထိုထဲက ၁၅ယောက်ထပ်ရွေးပြီး ညနေခင်းဝတ်ဝတ်စုံ evening gown

 

အတွက် ဆက်လက်ယှဉ်ပြိုင်ရပါတယ်။ ထို့နောက်မှာတော့ ဒိုင်တွေက ဆန်ကာတင် ငါးယောက်ထပ်ရွေးပြီ

 

း Q& A ဖြေဆိုရကာ ဒီထဲကမှ နောက်ဆုံး သုံးယောက်ကို ထပ်မံရွေးချယ်ခဲ့တာပါ။

 

နောက်ဆုံးပြိုင်ပွဲညရဲ့အဆုံးမှာတော့ Do Thi Ha ကပဲ အလှမယ်ဘွဲ့ကိုသိမ်းပိုက်သွားခဲ့ပါတယ်။

 

Pham Ngoc Phuong Anh ကတော့ ဒုတိယနေရာ၊ Ngugen Le Ngoc Thao ကတော့ တတိယနေရာ

 

အသီးသီးရရှိသွားခဲ့ပါတယ်။ သူမဟာ အရပ် ၅ပေ ၈လက်မရှိပါတယ်။ လက်ရှိ ဟနွိုင်းက

 

National Economics University မှာ ပညာသင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသူလည်း ဖြစ်ပါတယ်။

 

 

 

 

Do Thi Ha ဟာ Media Beauty, Fashion Beauty နဲ့ Sea Beauty awards ပြိုင်ပွဲတွေမှာလည်း အနိုင်ရရှိဖူးသူ ဖြစ်ပါတယ်။

 

သူမဟာ သူမရဲ့တက္ကသိုလ် NEU က ကျင်းပတဲ့အလှမယ်ပြိုင်ပွဲကနေ ဗီယက်နမ်တစ်နိုင်ငံလုံးအဆင့်

 

အလှမယ်ပြိုင်ပွဲအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ Do Thi Ha ဟာ နွားပေါက်လေးကိုသယ်ယူပေးရတဲ့

 

အလုပ်နဲ့ စားပွဲထိုးအလုပ်ကိုလည်း ဝင်ငွေအတွက် လုပ်ကိုင်နေပါတယ်။ Ho Chi Minh City မှာ

 

ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်အဆင့်အလှမယ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေကိုတော့

 

Do Thi Ha ဟာ သူမကိုယ်တိုင် စုဆောင်းရှာဖွေခဲ့တာပါ။ သူမရဲ့မိဘတွေကတော့ ကျေးလက်မှာအလုပ်လုပ်နေကြတဲ့

 

လယ်သမားတွေ၊ နေ့စားသမားတွေဖြစ်ပြီး သူမရဲ့ပြိုင်ပွဲတစ်လျှောက်မှာလည်း အားပေးထောက်ပံ့ခဲ့ကြတယ်လို့  သိရပါတယ်။

 

 

 

Credit;

About the author

admm