Life style

မနက္ခင္းေကာ္ဖီပူပူေလးနဲ႔ေတာေတာင္ရွုခင္းအလွကိုခံစားၾကည့္ရွုနိုင္ဖို႔ ေခ်ာက္ကမ္းပါးေဘးမွာေဆာက္လုပ္ထားတဲ့တည္းခိုခန္း (႐ုပ္သံ)

Written by admm

 

မနက္ခင္းေကာ္ဖီပူပူေလးနဲ႔ေတာေတာင္ရွုခင္းအလွကိုခံစားၾကည့္ရွုနိုင္ဖို႔ ေခ်ာက္ကမ္းပါးေဘးမွာေဆာက္လုပ္ထားတဲ့တည္းခိုခန္း (႐ုပ္သံ)

 

 

 

Colombia နိုင္ငံ Antioquiaၿမိဳ့ရဲ့ Abejorral ေက်းလက္ေဒသရွိဧရာမေက်ာက္ေဆာင္တုံးႀကီးေပၚက ေကာ္ဖီရွုခင္းလို့လူသိမ်ားတဲ့

 

La Casa en el Aire (‘The House in the air’) အမည္ရွိသစ္သားျဖင့္တည္ေဆာက္ထားၿပီးအမိုးျဖဴနဲ႔ျပဳလုပ္ထားတဲ့အိမ္ဟာ

 

ေျမျပင္အထက္မီတာ ၃၀ ခန႔္မွာရွိတဲ့ေခ်ာက္ကမ္းပါးေပၚမွာ တည္ရွိပါတယ္။La Casa en el Aire ကို သံမဏိဝါယာႀကိဳးေတြ

 

နဲ႔ခ်ိတ္ဆက္ထားၿပီး ေခ်ာက္ကမ္းပါးကိုဆန႔္က်င္ထားတဲ့ရွည္လ်ားတဲ့သစ္သားတိုင္ႀကီးတစ္ခုနဲ႔တည္ေဆာက္ထားတာပါ။

 

 

La Casa en el Aire ဟာ ေျမမ်က္ႏွာျပင္အထက္မီတာ ၂၀ ခန႔္၊ ပင္လယ္ေရမ်က္ႏွာျပင္အထက္မီတာ ၂၅၀၀ ခန႔္မွာတည္ရွိတာပါ

 

ေခ်ာက္ကမ္းပါးမ်က္ႏွာျပင္တစ္ေလၽွာက္ကိုဆြဲထားတဲ့တံတားမွ ခရီးသည္ေတြကို ေတာင္ေပၚေတာင္ေအာက္ သယ္ေဆာင္နိုင္ဖို့အတြက္

 

ခိုင္ခံ့တဲ့သံႀကိဳးဆြဲယာဥ္ကိုပါ ခ်ိတ္ဆက္ထားပါတယ္။

 

 

 

La Casa en el Aire အိမ္ကို Nilton López အမည္ရွိတဲ့ေတာင္တက္သမားတစ္ဦးက တီထြင္ေဆာက္လုပ္ေပးခဲ့တာပါ

 

Niltonက ဒီထူးဆန္းတဲ့တည္းခိုခန္းကိုတည္ေဆာက္ရျခင္းက သူ႔ရဲ့အိမ္မက္ေဟာင္းကိုအေကာင္အထည္ေဖာ္နိုင္ဖို့လို့ဆိုထားပါတယ္

 

သူ႔တီထြင္မွုက ေရရွည္တည္တံ့ေနၿပီးလၽွပ္စစ္ဓာတ္အားကိုေနေရာင္ျခည္စြမ္းအင္ျဖင့္ထုတ္လုပ္နိုင္ျခင္း နဲ႔ အမွိုက္အားလုံးကိုလည္း

 

စုေဆာင္းၿပီး Medellin သို့ပို့ေဆာင္နိုင္ျခင္းတို့ေၾကာင့္ သူအေတာ္ေလး စိတ္ခ်မ္းသာေနရပါတယ္တဲ့။

 

 

 

 

ဧရာမေက်ာက္တုံးႀကီးေပၚကတည္ေဆာက္ထားတဲ့အခန္းမွာ အနားယူ၊တည္းခိုနိုင္တဲ့အျပင္ La Casa en el Aire ရဲ့ခရီးသြားဧည့္သည္

 

ေတြအတြက္ အလြန္စိတ္လွုပ္ရွားစရာေကာင္းတဲ့လွုပ္ရွားမွုေတြလည္း ပါဝင္ၿပီး အခန္းထဲကေန ခုန္ထြက္တာ ဒါမွမဟုတ္ အခန္းအထက္

 

ကသံမဏိႀကိဳးေတြေပၚမွာ တပ္ထားတဲ့ပုခက္ထဲမွာ တစ္ညတာအိပ္စက္နိုင္တာပါဘဲ။La Casa en el Aire က Abejorralေက်းလက္ေဒသ

 

ရဲ့ေဝးလံတဲ့ေနရာမွာတည္ရွိၿပီး အစားအစာကိုအလြယ္တကူမရရွိနိုင္တဲ့အတြက္ေၾကာင့္ အကယ္လို့ သြားေရာက္လည္ပတ္ခ်င္ရင္

 

ခရီးသြားဧည့္သည္ေတြအေနနဲ႔ ၾကာရွည္ခံအစားအစာေတြ (ေျခာက္ေသြ႕တဲ့ေပါင္မုန႔္၊ cookies စတာေတြ) အျပင္ ေရ ၅ လီတာဘူး

 

ကိုလည္းယူလာဖို့ တိုက္တြန္းထားပါေသးတယ္။

 

 

 

 

Unicode

 

 

 

 

Colombia နိုင်ငံ Antioquiaမြို့ရဲ့ Abejorral ကျေးလက်ဒေသရှိဧရာမကျောက်ဆောင်တုံးကြီးပေါ်က ကော်ဖီရှုခင်းလို့လူသိများတဲ့

 

La Casa en el Aire (‘The House in the air’) အမည်ရှိသစ်သားဖြင့်တည်ဆောက်ထားပြီးအမိုးဖြူနဲ့ပြုလုပ်ထားတဲ့အိမ်ဟာ

 

မြေပြင်အထက်မီတာ ၃၀ ခန့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။La Casa en el Aire ကို သံမဏိဝါယာကြိုးတွေနဲ့ချိတ်ဆက်ထားပြီ

 

း ချောက်ကမ်းပါးကိုဆန့်ကျင်ထားတဲ့ရှည်လျားတဲ့သစ်သားတိုင်ကြီးတစ်ခုနဲ့တည်ဆောက်ထားတာပါ။La Casa en el Aire ဟာ

 

မြေမျက်နှာပြင်အထက်မီတာ ၂၀ ခန့်၊ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၅၀၀ ခန့်မှာတည်ရှိတာပါ။

 

 

 

ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်ကိုဆွဲထားတဲ့တံတားမှ ခရီးသည်တွေကို တောင်ပေါ်တောင်အောက်

 

သယ်ဆောင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့သံကြိုးဆွဲယာဉ်ကိုပါ ချိတ်ဆက်ထားပါတယ်။

 

La Casa en el Aire အိမ်ကို Nilton López အမည်ရှိတဲ့တောင်တက်သမားတစ်ဦးက တီထွင်ဆောက်လုပ်ပေးခဲ့တာပါ

 

Niltonက ဒီထူးဆန်းတဲ့တည်းခိုခန်းကိုတည်ဆောက်ရခြင်းက သူ့ရဲ့အိမ်မက်ဟောင်းကိုအကောင်အထည်ဖော်နိုင်ဖို့လို့

 

ဆိုထားပါတယ်။သူ့တီထွင်မှုက ရေရှည်တည်တံ့နေပြီးလျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့်ထုတ်လုပ်နိုင်ခြင်း နဲ့

 

အမှိုက်အားလုံးကိုလည်းစုဆောင်းပြီး Medellin သို့ပို့ဆောင်နိုင်ခြင်းတို့ကြောင့် သူအတော်လေး စိတ်ချမ်းသာနေရပါတယ်တဲ့။

 

 

 

 

ဧရာမကျောက်တုံးကြီးပေါ်ကတည်ဆောက်ထားတဲ့အခန်းမှာ အနားယူ၊တည်းခိုနိုင်တဲ့အပြင် La Casa en el Aire ရဲ့ခရီးသွားဧည့်သည်

 

တွေအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေလည်း ပါဝင်ပြီး အခန်းထဲကနေ ခုန်ထွက်တာ ဒါမှမဟုတ်

 

အခန်းအထက်ကသံမဏိကြိုးတွေပေါ်မှာ တပ်ထားတဲ့ပုခက်ထဲမှာ တစ်ညတာအိပ်စက်နိုင်တာပါဘဲ။La Casa en el Aire က

 

Abejorralကျေးလက်ဒေသရဲ့ဝေးလံတဲ့နေရာမှာတည်ရှိပြီး အစားအစာကိုအလွယ်တကူမရရှိနိုင်တဲ့အတွက်ကြောင့် အကယ်လို့

 

သွားရောက်လည်ပတ်ချင်ရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကြာရှည်ခံအစားအစာတွေ (ခြောက်သွေ့တဲ့ပေါင်မုန့်၊ cookies စတာတွေ)

 

အပြင် ရေ ၅ လီတာဘူးကိုလည်းယူလာဖို့ တိုက်တွန်းထားပါသေးတယ်။

 

 

 

 

Credit;

About the author

admm