Credit
Unicode
အမေရိကန်က အက်ဖ်-၃၅ စတဲ့လ်တိုက်လေယာဉ်မှ နျူအစိတ်အပိုင်းမပါဝင်သော နျူကလီးယားဗုံးကြဲချမှုကို
စမ်းသပ်ပြုလုပ်၊ ပစ်မှတ်ကိုထိမှန်ရန် အချိန်အားဖြင့် ၄၂ စက္က့န်သာကြာ
အမေရိကန်လေတပ်၊ Sandia National Laboratories နဲ့ Los Alamos National Laboratory တို့ပူးပေါင်းပြီး F-35A
Joint Strike Fighter ကနေ B61-12 Nuclear Gravity Bomb ကိုကြဲချစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြတယ်  လို့သိရှိရပါတယ်။
Sandia က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုအရတော့ အဆိုပါစမ်းသပ်မှုမှာ အသံထက်မြန်တဲ့နှုန်းနဲ့  ပျံသန်းနေတဲ့ F-35A ရဲ့ ကိုယ်
ထည်အတွင်းပိုင်းကနေထွက်ပေါ်လာတဲ့ ဗုံးသယ်ဆောင်ထားတဲ့ ဒုံးကျည်ရဲ့  တည်ငြိမ်မှုအခြေအနေကိုလည်း မထင်မှတ်
ထားလောက်အောင်တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုကို  တော့ ဩဂုတ်လ ၂၅ ရက်နေ့က  Tonopah Test Range
မှာပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဆိုပါစမ်းသပ်မှုကွင်းဟာ  ထိပ်တန်းလျှို့ဝှက် နေရာလည်းဖြစ်တယ်လို့ဆိုပါတယ်။ အထူးသ
ဖြင့် နျူကလီးယားလက် နက်စနစ်တွေကို  စမ်းသပ်တဲ့နေရာဖြစ်တယ်လို့သိရှိရပါတယ်။ ဒါ့အပြင်  နှစ်များတစ်လျှောက်
နျူကလီးယားလက်နက်များ  စမ်းသပ်ခြင်းနဲ့ အခြားအထိခိုက်မခံတဲ့ သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေ
ကို ဆောင်ရွက်  လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အက်ဖ်-၃၅အေ အနေနဲ့ B61-12 စနစ်ကို အမြင့်ပေ ၁၀၅၀၀ ပေ
ကနေ ကြဲချခဲ့တာဖြစ်ပြီး ခန့်မှန်းအားဖြင့် ပစ်မှတ်ကိုထိမှန်ဖို့ ၄၂ စက္ကန့်သာကြာမြင့်ခဲ့တယ်လို့သိရှိရပါတယ်။
စမ်းသပ်လေ့ကျင့်မှုအနေနဲ့ အောင်မြင်ခဲ့ပြီး အက်ဖ်-၃၅အေ နဲ့  B61-12 ဗုံးအကြားချိတ်ဆက်ဆောင်ရွက်နိုင်မှု  အထူး
ကောင်းမွန်ခဲ့တယ်လို့လည်း နှစ်ဘက်တာဝန်ရှိသူတွေ ကဆိုပါတယ်။ အသံထက်မြန်တဲ့နှုန်းနဲ့ပျံသန်းနိုင်တဲ့  အက်ဖ်-၃၅
အေမှာ ဒီလိုဗုံးမျိုး တပ်ဆင်အသုံးပြုနိုင်ခြင်းဟာ စိတ်ချမ်းသာစရာဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ကြပါတယ်။ ဒီလိုဗုံးတွေကို B-2
Spirit နဲ့ အနာဂတ်ဗုံးကြဲလေယာဉ် ဖြစ်တဲ့ B-21 Raider ဗုံးကြဲလေယာဉ်တွေမှာအသုံးပြုနိုင်မှာ  ဖြစ်ပေမယ့်လည်း သူတို့
က Subsonic နဲ့သာပျံသန်း နိုင်တဲ့လေယာဉ်မျိုးတွေပါ။နောက်တစ်စီးအနေနဲ့  F-15E Strike Eagle မှာလည်း အဆိုပါဗုံး
မျိုးကိုတပ်ဆင်ကြဲ ချနိုင်ပါသေးတယ်။သူကတော့ Supersonic နှုန်းနဲ့  ပျံသန်းနိုင်မှာလည်း ဖြစ်ပါတယ်။ အမေရိကန်လေ
တပ်အနေ နဲ့ အက်ဖ်-၃၅အေမှာ B61-12 ဗုံးတွေကို ချိတ်  ဆက်ပျံသန်းနိုင်ဖို့ ၂၀၁၉ ခုနှစ်အစကတည်းက လုပ်ဆောင်နေခဲ့
တာလည်းဖြစ်ပါတယ်။ ယခုစမ်းသပ်မှုကို ဘယ်အချိန်အဆုံးသတ်မယ်ဆိုတာကို သိရှိရခြင်းမရှိပေမယ့်လည်း ၂၀၁၇ ခုနှစ်က
တည်းက ထွက်ပေါ်နေ  တဲ့အစီရင်ခံစာတွေ အရ ယခုနှစ်အကုန်မှာ အဆုံးသတ်လိမ့်မယ်လို့  တော့သိရှိရပါတယ်။
Credit;