အေမရိကန္ ၾကည္းတပ္သုံး BOEING CH-47 CHINOOK ရဟတ္ယာဥ္

 

အေမရိကန္ ၾကည္းတပ္သုံး BOEING CH-47 CHINOOK ရဟတ္ယာဥ္

 

 

 

Boeing CH 47 Chinook သည္ အေမရိကန္‌ကုမၸဏီ Vertol ကတီထြင္ထားျခင္း ျဖစ္ၿပီး Model 107 အမ်ိဳးအစားျဖစ္ကာ

 

အေမရိကန္ ၾကည္းတပ္ အသုံးျပဳရန္အတြက္ medium-transport helicopter အလယ္အလတ္တန္းစားသယ္ယူပို႔ေဆာင္

 

ေရးရဟတ္ယာဥ္အျဖစ္ ဒီဇိုင္းေရးဆြဲထုတ္လုပ္ထားျခင္းျဖစ္သည္။ရဟတ္ယာဥ္တြင္ Lyx T55-GA-714A turboshaft 2x

 

တာဘိုအင္ဂ်င္ ၂ လုံးအား ေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္းတို႔တြင္ တပ္ဆင္ထားၿပီး အမ်ားဆုံးအျမန္ႏွုန္းတစ္နာရီလၽွင္ ၁၈၄

 

မိုင္ျဖင့္ အကြာအေဝး ၄၀၀ မိုင္အထိပ်ံသန္းနိုင္ကာ ဆီေလွာင္ကန္တြင္ဆီဂါလံ ၁,၀၃၀ ျဖည့္နိုင္သည္။ေလယာဥ္ crew ၃ ဦး

 

 

 

ႏွင့္ ေမာင္းႏွင္ၿပီးေျခလ်င္စစ္သည္ ၃၃ ဦးသယ္ေဆာင္နိုင္သည္။ေလယာဥ္အတြင္း ကုန္တင္အခန္းသည္ ၄၂ ကုဗမီတာ

 

ႏွင့္၂၁ စတုရန္းမီတာ ကုန္တင္‌ေဆာင္နိုင္သည့္ floor ဧရိယာအက်ယ္အ၀န္းရွိသည္။ထို႔အျပင္  ေဆးကုသ‌ေရး/ကယ္

 

ဆယ္ေရး အတြက္ အခန္းငယ္တစ္ခုပါဝင္ပါဝင္သည္။ရဟတ္ယာဥ္တြင္ ခ်ိတ္ဆြဲသယ္ေဆာင္နိုင္မွုSling-Load စြမ္းရည္

 

အေနျဖင့္ ၂၆၀၀၀ ေပါင္ အေလးခ်ိန္ရွိေသာ ယာဥ္ႏွင့္ လက္နက္မ်ားအား ခ်ိတ္ဆြဲ၍သယ္ေဆာင္နိုင္သည္။သုံးေပါက္ခ်ိတ္

 

ႀကိဳးစနစ္ရွိၿပီး ခ်ိတ္ဆြဲမည့္ႀကီးမားေသာျပင္ပဝန္မ်ားကိုတည္ၿငိမ္ေစရန္စြမ္းေဆာင္နိုင္သည္။၁၅၅ မီလီမီတာေဟာင္ဝစ္ဇာ

 

 

 

အေျမာက္ ကဲ့သို႔ႀကီးမားေသာျပင္ပဝန္မ်ားကို ခ်ိတ္ဆြဲ၍အျမန္ႏွုန္း 260km / h ျဖင့္ ေမာင္းႏွင္ထိန္းခ်ဳပ္နိုင္သယ္ေဆာင္နိုင္

 

စြမ္းရွိသည္။အမ်ားအားျဖင့္ Humvee ယာဥ္ကဲ့သို႔ေသာ HMMWVs (High Mobility Multipurpose ယာဥ္) ႏွင့္ ၁၀၅

 

မီလီမီတာ Howitzer အေျမာက္မ်ားအားသယ္ေဆာင္ေလ့ရွိသည္။ေလယာဥ္တစ္စီး၏ တန္ေၾကးမွာ အေမရိကန္ေဒၚလာ

 

၃၈.၅၅ သန္းခန႔္ရွိသည္။ဆက္သြယ္ေရး   Suite တြင္ Jam ဒဏ္ခံနိုင္ေသာ  HF ႏွင့္  UHF ေရဒီယိုစနစ္မ်ာ းပါဝင္ၿပီး

 

ရဟတ္ယာဥ္တြင္Identification Friend သို႔မဟုတ္ Foe (IFF)မ်ားတပ္ဆင္ထားသည္။ ထို႔အျပင္ရဟတ္ယာဥ္တြင္

 

 

တန္ျပန္‌ေထာက္လွမ္းမွု စနစ္မ်ား၊ ဒုံးက်ည္ခ်ဥ္းကပ္မွုသတိေပးခ်က္မ်ား စသည္တို႔ပါဝင္သည္။လက္နက္တပ္ဆင္မွု

 

အေနျဖင့္ ၇.၆၂ က်ည္အမ်ိဳးအစားအသုံးျပဳေသာ M240 စက္ေသနတ္ ၃ လက္ကို ရဟတ္ယာဥ္၏ ညာဘက္ျခမ္း

 

ရွိတံခါး ၂ ခုႏွင့္ ေနာက္ဘက္ တခါးေပါက္ဘက္တြင္တပ္ဆင္ ထားနိုင္သည္။ (အျခားစက္ေသနတ္အမ်ိဳးအစား

 

မ်ားလဲ တပ္ဆင္နိုင္)Boeing CH-47 Chinook  ရဟတ္ယာဥ္အား အေမရိကန္-ဗီယက္နမ္ စစ္ပြဲမွ စတင္၍

 

တြင္က်ယ္စြာအသုံးျပဳလာခဲ့ၿပီး လက္ရွိအခ်ိန္အထိ  CH-47 အား အဆင့္ျမႇင့္တင့္မွုမ်ား  ျပဳလုပ္ခဲ့ၿပီး CH-47A ၊

 

CH-47B ၊ CH-47C ၊ CH-47D ႏွင့္ CH-47F စသည္ျဖင့္ မ်ိဳးကြဲေပါင္းမ်ားစြာရွိေနၿပီ ျဖစ္ေၾကာင္းတင္ျပလိုက္ပါသည္။

 

 

Unicode

 

 

အမေရိကန် ကြည်းတပ်သုံး Boeing CH-47 Chinook ရဟတ်ယာဥ်…

 

 

 

 

Boeing CH 47 Chinook သည် အမေရိကန်‌ကုမ္ပဏီ Vertol ကတီထွင်ထားခြင်း ဖြစ်ပြီး Model 107

 

အမျိုးအစားဖြစ်ကာအမေရိကန် ကြည်းတပ် အသုံးပြုရန်အတွက် medium-transport helicopter

 

အလယ်အလတ်တန်းစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ရဟတ်ယာဉ်တွင် Lyx T55-GA-714A turboshaft 2x တာဘိုအင်ဂျင် ၂ လုံးအား ရှေ့ပိုင်းနှင့် အနောက်ပိုင်း

 

တို့တွင် တပ်ဆင်ထားပြီး အများဆုံးအမြန်နှုန်းတစ်နာရီလျှင် ၁၈၄ မိုင်ဖြင့် အကွာအဝေး ၄၀၀ မိုင်အထိ ပျံသန်းနိုင်

 

ကာ ဆီလှောင်ကန်တွင်ဆီဂါလံ ၁,၀၃၀ ဖြည့်နိုင်သည်။လေယာဉ် crew ၃ ဦးနှင့် မောင်းနှင်ပြီး ခြေလျင်စစ်သည်

 

၃၃ ဦးသယ်ဆောင်နိုင်သည်။လေယာဉ်အတွင်း ကုန်တင်အခန်းသည် ၄၂ ကုဗမီတာနှင့် ၂၁ စတုရန်းမီတာ

 

ကုန်တင်‌ဆောင်နိုင်သည့် floor ဧရိယာအကျယ်အ၀န်းရှိသည်။ထို့အပြင် ဆေးကုသ‌ရေး/ကယ်ဆယ်ရေး အတွက်

 

အခန်းငယ်တစ်ခုပါဝင်ပါဝင်သည်။ရဟတ်ယာဉ်တွင် ချိတ်ဆွဲသယ်ဆောင်နိုင်မှု Sling-Load စွမ်းရည်အနေဖြင့်

 

 

 

 

၂၆၀၀၀ ပေါင် အလေးချိန်ရှိသော ယာဉ်နှင့် လက်နက်များအား ချိတ်ဆွဲ၍ သယ်ဆောင်နိုင်သည်။သုံးပေါက်ချိတ်

 

ကြိုးစနစ်ရှိပြီး ချိတ်ဆွဲမည့်ကြီးမားသောပြင်ပဝန်များကိုတည်ငြိမ်စေရန်စွမ်းဆောင်နိုင်သည်။၁၅၅ မီလီမီတာဟောင်ဝစ်ဇာ

 

အမြောက် ကဲ့သို့ကြီးမားသောပြင်ပဝန်များကို ချိတ်ဆွဲ၍ အမြန်နှုန်း 260km / h ဖြင့် မောင်းနှင်ထိန်းချုပ်နိုင်သယ်ဆောင်

 

နိုင်စွမ်းရှိသည်။အများအားဖြင့် Humvee ယာဉ်ကဲ့သို့သော HMMWVs (High Mobility Multipurpose ယာဉ်)

 

နှင့် ၁၀၅ မီလီမီတာ Howitzer အမြောက်များအား သယ်ဆောင်လေ့ရှိသည်။လေယာဉ်တစ်စီး၏ တန်ကြေးမှာ

 

အမေရိကန်ဒေါ်လာ ၃၈.၅၅ သန်းခန့်ရှိသည်။ဆက်သွယ်ရေး Suite တွင် Jam ဒဏ်ခံနိုင်သော HF နှင့် UHF

 

ရေဒီယိုစနစ်များပါဝင်ပြီးရဟတ်ယာဉ်တွင် Identification Friend သို့မဟုတ် Foe (IFF)များတပ်ဆင်ထားသည်။

 

ထို့အပြင်ရဟတ်ယာဉ်တွင် တန်ပြန်‌ထောက်လှမ်းမှု စနစ်များ၊ ဒုံးကျည်ချဉ်းကပ်မှုသတိပေးချက်များ စသည်တို့

 

ပါဝင်သည်။လက်နက်တပ်ဆင်မှုအနေဖြင့် ၇.၆၂ ကျည်အမျိုးအစားအသုံးပြုသော M240 စက်သေနတ် ၃ လက်ကို

 

ရဟတ်ယာဉ်၏ ညာဘက်ခြမ်းရှိတံခါး ၂ ခုနှင့် နောက်ဘက်တခါးပေါက်ဘက်တွင်တပ်ဆင်ထားနိုင်သည်။

 

 

 

(အခြားစက်သေနတ်အမျိုးအစားများလဲ တပ်ဆင်နိုင်)Boeing CH-47 Chinook ရဟတ်ယာဥ်အား

 

အမေရိကန်-ဗီယက်နမ် စစ်ပွဲမှ စတင်၍ တွင်ကျယ်စွာအသုံးပြုလာခဲ့ပြီး လက်ရှိအချိန်အထိ CH-47

 

အား အဆင့်မြှင့်တင့်မှုများ ပြုလုပ်ခဲ့ပြီး CH-47A ၊ CH-47B ၊ CH-47C ၊ CH-47D နှင့် CH-47F စသည်ဖြင့်

 

မျိုးကွဲပေါင်းများစွာရှိနေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

 

 

CREDIT;