INTERNATIONAL NEWS

ငါးနဲ့ဝက်အူတွေ ပလူပျံခဲ့တဲ့ ထိုင်ဝမ်လွှတ်တော်

Written by admm

ငါးနဲ့ဝက်အူတွေ ပလူပျံခဲ့တဲ့ ထိုင်ဝမ်လွှတ်တော်

 

 

 

ဒီနေ့ ထိုင်ဝမ်လွှတ်တော်ထဲမှာ အဓိကအတိုက်အခံအမတ်တွေက ကိစ္စတစ်ခုကို ပြင်းပြင်းထန်ထန် ငြင်းခုန်ရင်း အသင့်ယူလာတဲ့

 

ငါးတွေ ဝက်အူတွေနဲ့ တခြားအမတ်တွေကို ပစ်ပေါက်ခဲ့ကြသတဲ့။ နပမ်းဖက်လုံးတဲ့အမတ်တွေလည်း ဖက်လုံးတာ ရုပ်သံမှာတွေ

 

့ရတယ်။ အမေရိကန်က ဝက်သားတင်သွင်းမှု ဖြေလျှော့ပေးဖို့ ပြောဆိုငြင်းခုန်ကြရင်း ဝက်အူတွေနဲ့ပေါက်တာတဲ့။ ဖြည့်စွက်ပစ္စည်း

 

ပါတဲ့ အမေရိကန်ဝက်သားကို လာမယ့် ဇန်နဝါရီ ၁ ရက်ကစ တင်သွင်းခွင့်ပြုဖို့ သမ္မတ အိုင်အန်းဝမ်အစိုးရက သြဂုတ်လကထဲက

 

ကြေညာထားတယ်။ လ ၃၀ ထက် မကြီးတဲ့ အမဲသားလည်းပါတယ်။ အဲဒီအမေရိကန်ဝက်သားကို ဥရောပသမဂ္ဂနဲ့ တရုတ်ပြည်မ

 

 

 

 

ကြီးမှာတော့ ပိတ်ပင်ထားသတဲ့။ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ကလည်း အမေရိကန်နဲ့ လွတ်လပ်စွာ

 

ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ ကုန်သွယ်မှုအတားအဆီး ဖြေလျော့ပေးမှုတစ်ရပ်အနေနဲ့ လုပ်ခဲ့တာ။ ဒါကို အတိုက်အခံ

 

ကူမင်တန် KMT ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ နာမည်ကြီးပုဂ္ဂိုလ်တချို့ပါတဲ့ အရှုပ်တော်ပုံတွေဖြစ်ခဲ့တဲ့နောက်

 

အစားအသောက်ဘေးကင်းရေး စိုးရိမ်မှုတွေကို အကြောင်းပြကန့်ကွက်တာ။ စက်တင်ဘာလလယ်က လွှတ်တော်မှာဆိုလည်း

 

ဝန်ကြီးချုပ်က ဝက်သားဆုံးဖြတ်ချက်ပြောပြီး သတင်းထောက်တွေ မေးခွန်းကို ဖြေဖို့ ပုံမှန်နေရာယူတာကို သူနေရာယူမယ့်

 

 

 

 

စင်မြင့်လေးကို ကူမင်တန်အမတ်တွေက ပိတ်ထားတဲ့တယ်။ ထိုင်ဝမ်မှာ လွှတ်တော်ထဲ သတင်းထောက်တွေ ပေးဝင်ထားပြီး

 

သတ်မှတ်ထားတဲ့အပေါ်ထပ် နေရာအကျယ်ကြီးကနေ အေးအေးသက်သာ ဓာတ်ပုံ ဗွီဒီယိုရိုက်နေကြတာ တွေ့နိုင်တယ်။

 

အမတ်တွေ ဝက်အူတွေနဲ့ပေါက်တာ နပမ်းလုံးကြတာ အသာလေး မှတ်တမ်းယူရုံပဲ။ ဒီနေ့တော့ ဝန်ကြီးချုပ် ထလျှောက်

 

လာတာ မိန့်ခွန်းပြောတာ KMT က မနှောင့်ယှက်နိုင်အောင် DPP အမတ်တွေက အကာအကွယ်တွေ လုပ်ပေးတယ်။

 

KMT အမတ်တွေက ဝီစီတွေမှုတ်၊ ဟွန်းတွေမှုတ်၊ စာတန်းတွေထောင်နဲ့ အနှောင့်အယှက်ပေး ကန့်ကွက်ကြတယ်။

 

ဝန်ကြီးချုပ် မိန့်ခွန်းလည်းပြောရော KMT အမတ်တွေက အသင့်ယူလာတဲ့ ဝက်အူတွေ ငါးတွေနဲ့ ပေါက်ကြတော့တာပဲ။

 

KMT ရဲ့ လုပ်ရပ်ဟာ အစားအသောက်ကို ဖြုန်းတီးရာရောက်ပြီး လွှတ်တော်ကြမ်းပြင်ကို ဗွက်ပေါက်စေတယ်လို့ DPP

 

ဘက် ကန့်ကွက်စာ ထုတ်တယ်။ ဒီမိုကရေစီထွန်းကားတဲ့ ထိုင်ဝမ်လွှတ်တော်မှာ ဒါမျိုးမြင်ကွင်းက မဆန်းဘူးလို့ ဆိုတယ်။

 

 

Credit

 

 

Unicode

 


 

 

 


 


 


 


 


 

 

 

 


 


 


 


 


 

 

 

 


 


 


 


 


 


 


 

Credit

About the author

admm