NEWS
ကားအရောင်းဝန်ထမ်းတွေရဲ့ ဆက်ဆံပုံကိုမကြိုက်လို့ ကားဝယ်ပြီး ကားထဲ အမှိုက်ပစ်ခဲ့သူ (ရုပ်သံ)
Written by admm
ကားအရောင်းဝန်ထမ်းတွေရဲ့ ဆက်ဆံပုံကိုမကြိုက်လို့ ကားဝယ်ပြီး ကားထဲ အမှိုက်ပစ်ခဲ့သူ
Credit
Unicode
အရောင်းဝန်ထမ်းတွေရဲ့ မချေမငံဆက်ဆံခြင်းကို သင်ခံဖူးပါသလား။ ကိုယ်က customer ဖြစ်နေပေမယ့်လို့ သူတို့က ခေါင်းစခြေ
အဆုံးကြည့်ပြီးတော့ အထင်သေးသလိုလို၊ ပစ္စည်းပဲ လိုက်မပြချင်သလိုလိုနဲ့ ကိုယ့်ကို မယုံကြည်သလိုမျိုး အဆက်ဆံခံဖူးကြ
တယ်မဟုတ်လား။ တော်တော်စိတ်တိုချင်စရာပဲနော်။ Story Pick မှာ ဖော်ပြထားတဲ့ အမျိုးသားတစ်ယောက်ကတော့ သူ့ကို
အဲလိုမျိုး ဆက်ဆံတဲ့ ကားပြခန်းက အရောင်းဝန်ထမ်းတွေကို ချေမိုးနေအောင် ပညာပေးခဲ့ပါတယ်တဲ့။ ဖြစ်ပုံက ဒီလိုပါ။ သူ့နာမည်
ကတော့ Prince Raj Shrivastava ပါတဲ့။ သူဟာ BMW ကားအရောင်းပြခန်းကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းကမှ ကားအ
သစ်တစ်စီးကို ဖခင်အတွက် မွေးနေ့လက်ဆောင်ဆိုပြီးတော့ဝယ်လာခဲ့တာပါတဲ့။ ဘယ်လောက်မှလည်း မစီးရသေးဘဲ ကားဟာ
ပြဿနာလေး နည်းနည်းရှိနေတဲ့အတွက်ကြောင့် အာမခံရှိနေတဲ့ အရောင်းပြခန်းကို ပြန်သွားပြခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းပြခန်းဖက်မှ
သူ့ကို မချေမငံပြောခဲ့ပြီးတော့ ကားကိုလည်း လုံးဝမပြင်ပေးပါဘူးတဲ့။ ဒါနဲ့ Prince လည်း ဒေါကန်ပြီးတော့ ကားကို သူတို့အရောင်းပြခန်း
ရှေ့မှာ ထိုးခဲ့ပြီးတော့ လမ်းမပေါ်မှာရှိနေတဲ့ အမှိုက်နဲ့ အုတ်ခဲစတွေကို ကားထဲကို သွင်းကာ အမှိုက်ပစ်ဖို့ ကားအသစ်ကြီးကို အသုံးချပြခဲ့
ပါတယ်။ ဒါကို ဗီဒီယိုရိုက်စေခဲ့ကာ သူ့ရဲ့ Instagram မှာ “My answer to the worst ever service by BMW RANCHI” ဆိုတဲ့ caption
နဲ့ အဲဒီဗီဒီယိုကိုတင်ခဲ့ပါတယ်။ တကယ်ကြီးကိုလုပ်ပစ်တာ။
Credit
About the author
admm