

 

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

 


 


 


 


 


 


 


 

တရုပ်သံရုံးကပြောရေးဆိုခွင့်ရှိသူရဲ့တွစ်တာမှာရေးသားခဲ့ပါတယ်၂၀၁၇ မှာထုတ်ခဲ့တဲ့တရုပ်ေ

 

ထာက်လှမ်းရေးဥပဒေအရ အလီဘာဘာလို ကုမ္ပဏီကြီးတွေဟာ အစိုးရကို အမျိုးသားလုံခြုံရေးနဲ.

 


 


 


 


 


 

 


 


 


 


 


 


 


 


 


 


 


 

UNICODE

 

 

“ကိုယ့်ဘာသာကိုယ်ပိတ်တာ”

 

 

 

တရုပ်နိုင်ငံထုတ် မိုဘိုင်းအပလီကေးရှင်း ၄၃ခုထက်မနည်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အိန္ဒိယအစိုးရကပိတ်ပင်လိုက်ပါတယ်

 

ဒီလုပ်ရပ်ဟာ မိုဒီအစိုးရရဲ့ တရုပ်စပိုင်အပလီကေးရှင်းတွေအပေါ် ခွဲခြမ်းစိတ်ဖြာပြီး ထိုးနှက်ချက်ဖြစ်သလို တရုပ်တို့ကို

 

တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ မြားတစ်စင်းကို ပစ်လွှတ်ခဲ့တာပါပဲဒီပိတ်ဆို့မှုမှာ ထိချက်အပြင်းဆုံးခံရသူဟာ တရုပ်

 

e-commerce ရဲ့ အကြီးမားဆုံးလုပ်ငန်းဖြစ်တဲ့ အလီဘာဘာ Alibaba ပဲဖြစ်ပါတယ်alibaba ကိုထူထောင်သူဟာ

 

ဂျက်မားဖြစ်ပြီး ဂျက်မားကိုယ်တိုင်ဟာ ဘေဂျင်းအစိုးရ ပေါလစ်ဗျူရိုတွေရဲ့ ပူးပေါင်းထားခြင်းခံထားရသူလည်း ဖြစ်ပါတယ်

 

တခြားသောပိတ်ပင်ခံရတဲ့ App တွေထဲမှာ AliSuppliers Mobile App, Alibaba Workbench နဲ့ Alipay Cashier တို့လည်း

 

ပါဝင်ပါတယ်အိန္ဒိယကဒီလို ban လုပ်လိုက်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး အခုတစ်ခါလုပ်လိုက်တဲ့အချိန်ဟာ

 

အမေရိကန်သမ္မတထရမ့်က ရွေးကောက်ပွဲနိုင်တဲ့ ဂျိုးဘိုင်ဒင်ကို တာဝန်လွှဲပြောင်းပေးရေးအလုပ်တွေကိုစလုပ်ဆောင်

 

ခွင့်ပေးလိုက်ချိန် နဲ့ တိုင်မင်ကိုက်ဖြစ်နေတယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်ဒါဟာအရေးကြီးပါတယ် လေ့လာသူတွေက

 

နယူးဒေလီအနေနဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားကို ဘိုင်ဒင်နဲ့ တရုပ်အစိုးရကို တပြိုင်နက်တည်းပေးဖို့ကြိုးစားတာ

 

ဖြစ်တယ်လို့ဆိုကြပါတယ်တရုပ် Apps တွေကိုအိန္ဒိယကပိတ်ပင်တားဆီးတာမှာ ထရမ့်ရဲ့ ကျောထောက်နောက်ခံမှုမပါသလို

 

အိန္ဒိယရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ယုံကြည်မှုနဲ့ ရှေ့ဆက်လုပ်စရာရှိတာလုပ်တာဖြစ်တယ်ဆိုတဲ့ သဘောထားကိုမြင်ရတယ်လို့

 

ပြောကြပါတယ်တကယ့်ဆုံးဖြတ်ချက်နဲ့ကိုင်တွယ်လုပ်ကိုင်နေတာဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရအဖွဲ့ပါပဲ

 

ခုလုပ်ရပ်ရဲ့ ရှေ့ဆက်မယ့်အလားအလာတွေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ဆက်လာဖို့ရှိနေတယ်လို့ထင်ရပါတယ်

 

 

အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းမှာ လုပ်ရပ်အပေါ် ထုံးစံအတိုင်းပါပဲ အတော်လေးကျွဲမြီးတိုသွားခဲ့ပါတယ်

 

တချိန်လုံးမောက်မာပြီးလုံးလုံးလျားလျားအပေါ်စီးယူတတ်တဲ့တရုပ်ဟာ အခုအချိန်မှာ “fair” နဲ့ ” impartiality ”

 

ဆိုတဲ့စကားလုံးတွေကို တွင်တွင်ကြီးသုံးလာတာကိုတွေ့လာရပါတယ်တရုပ်အစိုးရဟာ အိန္ဒိယရဲ့ အပလီကေးရှင်း

 

သုံးစွဲမှုပိတ်ပင်ရေး အပေါ် မှာ မျှတမှုနဲ့သမာသမတ်ကျစွာ စဉ်းစားဆုံးဖြတ်ဖို့တောင်းဆိုလာတာမျိုးတွေရှိလာပါတယ်

 

တောင်းဆိုလာတယ်လို့ဆိုရမှာဖြစ်ပါတယ်“တရုပ်နိုင်ငံအနေနဲ့ အိန္ဒိယဖက်က အမျိုးသားလုံခြုံရေး ဆိုတဲ့စကားလုံးကို

 

အကာအကွယ်ပြုအထပ်ထပ်သုံးပြီး တရုပ်ကထုတ်ထားတဲ့ မိုဘိုင်းအပလီကေးရှင်းတွေကို အရေးယူပိတ်ပင်ဖို့ လုပ်ကိုင်

 

တာကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်ပါတယ်အိန္ဒိယအစိုးရအနေနဲ့ မျှမျှတတနဲ့သမာသမတ်ကျကျ ခွဲခြားဆက်ဆံမှုမရှိတဲ့

 

စီးပွားရေးပတ်ဝန်းကျင် ကို စီးပွားရေးပြိုင်ဖက်တွေအပေါ် ဖန်တီးဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်ခွဲခြားဆက်ဆံနေမှု

 

အလေ့အကျင့်တွေကိုပြုပြင်ဖို့လည်းမျှော်လင့်ပါတယ်”ဆိုပြီး နယူးဒေလီမှာရှိတဲ့တရုပ်သံရုံးကပြောရေးဆိုခွင့်ရှိသူရဲ့တွစ်တာမှာ

 

ရေးသားခဲ့ပါတယ်၂၀၁၇ မှာထုတ်ခဲ့တဲ့တရုပ်ထောက်လှမ်းရေးဥပဒေအရ အလီဘာဘာလို ကုမ္ပဏီကြီးတွေဟာ အစိုးရကို

 

အမျိုးသားလုံခြုံရေးနဲ့ထောက်လှမ်းရေးဆိုင်ရာကိစ္စတွေမှာပူးပေါင်း ဆောင်ရွက်မှုပြုကြရမယ် ဆိုပြီးထုတ်ပြန်ထားခဲ့ပါတယ်

 

“ဥပဒေအလိုအရ နိုင်ငံသားများနဲ့ အဖွဲ့အစည်းအားလုံးတို့ဟာ အမျိုးသားထောက်လှမ်းရေးကိစ္စ နဲ့ အမျိုးသားထောက်လှမ်းရေး

 

ကိစ္စလုံခြုံရေးတို့အတွက် ထောက်ပံ့ရမယ် ပူးပေါင်းဆောင်ရွက်ရမယ်”လို့ Article 6 of China’s 2017 National

 

 

Intelligence Law states မှာပြဌာန်းထားပါတယ်ဒါ့ကြောင့်အိန္ဒိယဟာ သူ့ရဲ့မြေပေါ်မှာ တရုပ်စပိုင်အပလီကေးရှင်းတွေ

 

ကိုခြေချခွင့်မပြုတော့ဖို့ ဆုံးဖြတ်ခဲ့တာပါဂယ်ဝမ်ချိုင့်ဝှမ်းဒေသ မှာဇွန်လကဖြစ်ပွားခဲ့တဲ့ ပြဿနာကစလို့ အိန္ဒိယအစိုးရဟာ

 

ကြီးထွားလာနေတဲ့ တရုပ်လွှမ်းမိုးမှုတွေကို တန်ပြန်ဖို့ ကောက်ကြောင်းစတင်ရေးဆွဲခဲ့ပါတယ်အိန္ဒိယစစ်တပ်က

 

နယ်စပ်မှာ တရုပ်တို့နဲ့ ကာလကြာမြင့်တဲ့ ရန်ပွဲတွေကို ရင်ဆိုင်နေချိန်မှာ နယူးဒေလီအစိုးရဟာ စီးပွားရေးစစ်မျက်နှာမှာ

 

တရုပ်ရင်းနှီးမြှုပ်နှံသူတွေကို ဆက်လက်ပြီးအထိနာစေရေးလုပ်နေခဲ့ပါတယ်နယ်စပ်ဒေသတင်းမာမှုတွေ ဆက်ဖြစ်

 

လာလေလေ မိုဒီအစိုးရရဲ့ တရုပ်အပလီကေးရှင်းဆန့်ကျင်ရေး ဆုံးဖြတ်ချက်ဟာ ပြင်လို့မရလေဖြစ်ခဲ့ပါတယ်

 

 

ကမ္ဘာ့နိုင်ငံတွေကကြားဝင်ခဲ့ကြပေမယ့်အရာမထင်ခဲ့ပါဘူးအခုဆိုရင် ဂျိုးဘိုင်ဒင်အနေနဲ့ နယူးဒေလီဟာ သူသိထားဖူးတဲ့

 

အရင်လိုအိုဟောင်းနေတဲ့ အိန္ဒိယမဟုတ်တော့ဘူး ဆိုတဲ့ အချက်ပေးခရာကိုကြားမိလောက်ပါပြီဝန်ကြီးချုပ်မိုဒီရဲ့ ဦးဆောင်မှု

 

အောက်မှာ ထွန်းသစ်လာနေတဲ့ အိန္ဒိယဟာ စစ်ပွဲတွေကို ဘယ်လိုတိုက်ရမယ် ဆိုတာကို ကောင်းကောင်းသိနေပြီဖြစ်သလို

 

အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်ပေးမှဖြစ်မယ်မဟုတ်တော့ဘူး ဆိုတာကို တရုပ်အပလီကေးရှင်းတွေပိတ်ပင်ခြင်းနဲ့သက်

 

သေပြလိုက်ပါတယ်

 

Credit;