CELE NEWS
မင်းသားကြီး Jackie Chan အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးတဲ့ ကာတွန်းကား (၄) ကား (ရုပ်သံ)
Written by admm
မင်းသားကြီး Jackie Chan အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးတဲ့ ကာတွန်းကား (၄) ကား
Mulan (1998)
Credit
Unicode
Jackie Chan လို့ဆိုလိုက်တာနဲ့ ကလေးကစလို့ ဖိုးဖိုး၊ ဖွားဖွားအရွယ်တွေအထိ မသိသူမရှိပါပဲ။ အက်ရှင်ကားတွေ တော်တော်
များများမှာ သရုပ်ဆောင်ရင်း တရုတ်နိုင်ငံအနုပညာလောကထဲက ကမ္ဘာကျော်ဟောလိဝုဒ်အဆင့်အထိ ထိုးဖောက်နိုင်ခဲ့တဲ့
Jackie Chan ဟာ ကာတွန်းကားတွေ တော်တော်များများမှာလည်း အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပါသေးတယ်။ ဒီတော့
Jackie Chan အနေနဲ့ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတဲ့ animated film တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
Mulan (1998)
Walt Disney ရဲ့ မင်းသမီးလေးတစ်ပါးဖြစ်တဲ့ Mulan ဇာတ်ကားထဲမှာတော့ Jackie Chan ဟာ မင်းသား Captain Li Shang
အဖြစ် အသံသရုပ်ဆောင်ထားတာပါတဲ့။ ဒီကားဟာ Jackie Chan အနေနဲ့ ကာတွန်းကားတွေမှာ ပထမဆုံး အသံသရုပ်ဆောင်
ခဲ့ဖူးတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
Kung Fu Panda (2008, 2011, 2016)
Pixar ကထုတ်တဲ့ Kung Fu Panda ထဲမှာလည်း Jackie Chan ပါခဲ့တာကို သတိထားမိကြလားမသိဘူး။ ဒီကားထဲမှာတော့
Jackie Chan ဟာ Monkey နေရာကနေပြီး အသံသရုပ်ဆောင်ခဲ့တာပါ။ သေချာနားထောင်ကြည့်မယ်ဆိုရင် Jackie Chan
အသံဆိုတာ တပ်အပ်သိနိုင်မှာပါနော်။ Kung Fu Panda ၃ ကားလုံးအပြင်ကိုမှ ဗီဒီယိုဂိမ်းနဲ့ TV Show တို့မှာလည်း Monkey
အဖြစ် သူက ပါဝင်ခဲ့ပါသေးတယ်။
Lego Ninjago Movie (2016,2017)
ကျွန်တော်တို့တွေ အတုံးလေးတွေ ဆက်ဆက်ပြီးဆော့တဲ့ LEGO ဟာ Warner Bros နဲ့ ပေါင်းပြီး အခုနောက်ပိုင်း ရုပ်ရှင်တွေ
လည်း ထွက်လာနေခဲ့ပါတယ်။ LEGO ရဲ့ Ninjago ဆိုတဲ့ ရုပ်ရှင်မှာတော့ Jackie Chan ဟာ နင်ဂျာ ၆ ယောက်ရဲ့ ဆရာအဖြစ်
Master Wu နေရာကနေပြီး အသံသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်တဲ့ကားမှာရော ၂၀၁၇ ခုနှစ်ကားမှာ
ပါ Jackie Chan ကို Master Wu အဖြစ်တွေ့ရမှာပါ။
The Nut Job 2: Nutty by Nature (2017)
Toonbox Entertainment ရဲ့ Nut Job ကာတွန်းကို ကြည့်ဖူးကြတဲ့လူတွေရှိလား။ ရှဉ့်ငပေါလေးတစ်ကောင်ရဲ့ စွန့်စားခန်းတွေ
ကို အကြီးအကျယ်ရိုက်ပြထားတာဖြစ်ပြီး ဒုတိယမြောက်ကားမှာ အရမ်းကြမ်းပြီး ကွန်ဖူးတတ်တဲ့ ကြွက်ဖြူလေး Mr. Feng နေရာက
နေပြီး Jackie Chan ကို တွေ့ရမှာဖြစ်ပါတယ်။ Mr. Feng ကတော့ ဒီကားထဲ ကြွက်ဖြူဂိုဏ်းစတားခေါင်းဆောင်ပေါ့။
Credit
About the author
admm