Unicode
မိုင်ပေါင်း ၂သောင်းဝေးတဲ့ သမီးဆီ သစ်သားကား ကိုယ်တိုင်လုပ်ပြီး မွေးနေ့လက်ဆောင်လာပေးတဲ့ အဖေ
အသက် ၅၆နှစ်အရွယ် လက်သမားဆရာတစ်ဦးရဲ့ သမီးဟာ သူ့မရဲ့ ၁၇နှစ်မြောက်မွေးနေ့မှာ ဖခင်ဆီက ကိုယ်တိုင်ပြုလုပ်ထားတဲ့
သစ်သားကားကို ပီရူးကနေ နယူးယောက်အထိ မောင်းနှင်လာပြီး သူမဆီ လက်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၅
ခုနှစ်တုန်းက Bienvenido Ortega လက်သမားဆရာရဲ့ သမီး Emeli ဟာ အသက် ၁၃နှစ်ပဲရှိပါသေးတယ်။ အဲ့ဒီအချိန်တုန်းက
သူမရဲ့ ၁၅နှစ်မြောက်မွေးနေ့ရောက်တဲ့အခါသာမန်လုပ်နေကျ မွေးနေ့မျိုးမလိုချင်ဘူး။ဖခင်ကိုယ်တိုင် ကားတစ်စီးတည်ဆောင်ပြီး
သူမဆီ လက်ဆောင်လာပေးရမယ်လို့ တောင်းဆိုခဲ့ဖူးပါတယ်။ဒါ့ကြောင် Bienvenido ဟာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က Chevrolet
အမျိုးအစား သစ်သားကားတစ်စီးကို ကိုယ်တိုင် စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သမီးဖြစ်သူရဲ့ မွေးနေ့အမှီ
ပီရူးကနေ နယူးယောက်အထိ လာရင်း Colombia ကို ရောက်တဲ့အခါ ကားက အင်ဂျင်ပိုင်းချို့ယွင်းပြီး စက်ပျက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ Colombia အာဏာပိုင်တွေနဲ့ ဗျူရိုကရေစီပြဿနာများကြောင့် ဗီဇာသက်တမ်းက ၄ရက်ပဲ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်
ရတဲ့ရက်နဲ့ ပဲ Colombia မှာရှိတဲ့ သူငယ်ချင်းတွေဆီမှာ ကားပြင်ခဲ့ပေမဲ့ အချိန်မလောက်တာကြောင့် ထိုကားကို သူငယ်ချင်းတွေဆီ
လက်ဆောင်ပေးခဲ့ပြီး ပီရူးကို စိတ်မကောင်းစွာနဲ့ဘဲ ပြန်လာခဲ့ရပါတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဧပြီလမှာတော့ နောက်ထပ် သစ်
သားကား အသစ်တစ်စီးကို VW Beetle မော်ဒယ်အတိုင်း ထပ်မံဆောက်လုပ်ခဲ့ပါတယ်။ ကိုယ်ထည်ကို ၁၉၆၂နှစ်ခု VW မော်ဒယ်
ပုံစံမျိုး သစ်သားနဲ့တည်ဆောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ VW Beetle ဟာ ကိုယ်ထည်ကျစ်တဲ့အပြင် အင်ဂျင်ပိုင်းမှာလည်း
ရေသုံးစရာမလိုပါဘူး။ ဒါ့ကြောင့် ဒီပုံစံက သူအတွက်ပိုအဆင်ပြေမယ်ထင်လို့ ရွေးချယ်ပြီးဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ကားကို ၈-၉လလောက် အချိန်ယူပြီး တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ အသုံးပြုတဲ့ သစ်သားကတော့ ပီရူးက ပရိဘောဂတွေ
မှာတော်တော်များများအသုံးပြုနေကျဖြစ်တဲ့ အလေးချိန် အလယ်အလက် စားလောက်ရှိတဲ့ Mohena သစ်သားကို အသုံးပြုထားပါတယ်။
ပုံမှန်အားဖြစ် တံခါးပေါက် နှစ်ပေါက်သာရှိပေမဲ့ Bienvenido က သူတည်ဆောက်တဲ့ ကားကိုကို တံခါးပေါက် ၄ပေါက် တပ်ဆင်ပေး
ထားပါတယ်။ ကားရဲ့ အပြင်ပိုင်း သစ်သားတွေကို ရေစိုခံအောင် သင်္ဘောတွေမှာ အသုံးပြုတဲ့ coating ကို သုပ်လိမ်းပေးထားပါတယ်။
ထိုင်ခုံအားလုံးကို ဝါးဖြစ်ပြုလုပ်ပြီး မြင်းကုန်းနှီးမှာအသုံးပြုတဲ့ သားရေသားဖြင့် ပေါင်းစပ်ဖန်တီးထားပေးပါတယ်။အားလုံးပြီးစီးတဲ့ အခါမှာ
Bienvenido က သူ့ရဲ့ VW Beetle မော်ဒယ်သစ်သားကားကို ဆီအပြည့်ထည့်ပြီး သမီးရှိတဲ့ နယူးယောက်ကို မောင်းနှင်လာခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာလည်း colombia ရောက်တော့ ကားက ထပ်ပျက်ပြန်ပါတယ်။ ၁၀လောက်ကြာပြီးနောက် ကားကို အပြီးသက် ပြင်ဆင်နိုင်
ခဲ့ပြီး အခုဆို သမီးဖြစ်သူ Emeli ဆီသွားနေတာ အချိန် ၂လလောက် ရှိနေပါပြီ။သမီးဖြစ်သူရဲ့ မွေးနေ့ကို မှီမယ်လို့ ယုံကြည်ပြီး နောက်လာမဲ့
၂ပတ်လောက်မှာတော့ တောင်အမေရိကရန် အဆုံးသတ် Monteria မြောက်ပိုင်းကို ရောက်မှယ်လိုသိရပါတယ်။ “သမီးဖြစ်သူရဲ့ ၁၅နှစ်
မြောက်မွေးနေ့ကို လွဲချော်ခဲ့ပေမဲ့ အခုလာမဲ့ ၁၇နှစ်မြောက်မွေးနေ့ကိုတော့ ကောင်းကောင်းကျင်ပနိုင်မယ်လို့ ထင်ပါတယ်။”“သမီးဖြစ်သူ
ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ၂နှစ်လောက် နောက်ကျသွားပေမဲ့ အခုပေးမဲ့ လက်ဆောင်ကိုတော့ သူမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်
လည်း သူဘယ်နေရာမှာပဲနေနေ သူရှိတဲ့နေရာဆီ မရောက် ရောက်အောင် လာခဲ့မယ်လို့ ကတိပေးဖူးတယ်လေ” လို့ Bienvenido က
ဆိုပါတယ်။
Credit;