NEWS

ဂိမ္းကစားေနတာေၾကာင့္ ကိုယ္ပိုင္မဂၤလာပြဲကိုတက္ေရာက္က်င္းပဖို႔ေတာင္ ျငင္းဆန္ပစ္ခဲ့တဲ့ gamerသတို႔သမီး

Written by admm

ဂိမ္းကစားေနတာေၾကာင့္ ကိုယ္ပိုင္မဂၤလာပြဲကိုတက္ေရာက္က်င္းပဖို႔ေတာင္ ျငင္းဆန္ပစ္ခဲ့တဲ့ gamerသတို႔သမီး

 

 

 

သတို႔သမီးေတြအားလုံးဟာ သူတို႔ရဲ႕အထူးေန႔ႀကီးမွာ စိတ္ကိုတည္ၿငိမ္သြားေအာင္လုပ္ရတဲ့အထိ ျဖစ္ၾကရၿပီး မဂၤလာပြဲကိုလည္း

 

အဆင္ေျပေျပနဲ႔ၿပီးဆုံးေစခ်င္တတ္ၾကပါတယ္။ဒါေပမဲ့ တ႐ုတ္ႏိုင္ငံရွိ ဒီသတို႔သမီးေလာင္းကေတာ့ League of Legends ဂိမ္းက

 

ကစားပြဲကိုအၿပီးသတ္ႏိုင္ဖို႔အတြက္ သူမရဲ႕ကိုယ္ပိုင္မဂၤလာပြဲကိုေတာင္ တက္ေရာက္ဖို႔ျငင္းဆန္ပစ္ခဲ့ပါတယ္။အဆိုပါသတို႔သမီးဟာ

 

သူမရဲ႕မဂၤလာပြဲအတြက္ အရမ္းကိုေနာက္က်ေနခဲ့ၿပီး မဂၤလာပြဲဧည့္သည္ေတြထဲမွတစ္ဦးက သူမဟာ ကြန္ပ်ဴတာဆိုင္တစ္ဆိုင္မွာ

 

ဂိမ္းကစားေနေၾကာင္းသိရွိခဲ့ရတာေၾကာင့္ သူမရဲ႕မိဘေတြ၊အနာဂတ္ေယာကၡမႀကီးေတြနဲ႔ခင္ပြန္းျဖစ္သူတို႔က သူမအား ဂိမ္းကိုအ

 

 

 

 

ဆုံးသတ္ၿပီး ကြန္ပ်ဴတာဆိုင္မွထြက္ခြါဖို႔ မရမကေတာင္းပန္ေနခဲ့ေပမဲ့ သူမဟာ ေခါင္းမာမာနဲ႔ျငင္းဆန္ေနခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့

 

သတို႔သမီးဟာ ဂိမ္းကစားေနတုန္း အျဖဴေရာင္မဂၤလာေဆာင္ဂါ၀န္၀တ္ဆင္ထားၿပီး ဆံပင္နဲ႔ မိတ္ကပ္လည္းလိမ္းျခယ္ျပင္ဆင္

 

ၿပီးေနပါၿပီ။ ၿပိဳင္ဘက္ေတြနဲ႔ တင္းမာေနတဲ့ကြင္းလယ္တိုက္ပြဲမွာပါဝင္ပတ္သက္ေနတာေၾကာင့္ သူမဟာ ထိုင္ခုံမွထဖို႔ျငင္းဆန္ခဲ့ၿပီး

 

သူမကစားပြဲၿပီးဆုံးသြားတဲ့အထိ အခ်ိန္အနည္းငယ္ေပးဖို႔ ေတာင္းဆိုေနခဲ့ပါတယ္။” ကေလး လာ၊ ငါတို႔သြားရေတာ့မယ္ “လို႔ သတို႔

 

သမီးရဲ႕ေယာကၡမက ေျပာေနခဲ့ၿပီး “အခမ္းအနားမၾကာခင္စေတာ့မယ္ “လို႔ သူမရဲ႕သတို႔သားက ေဘးကေနသာ ေအာ္ဟစ္ေနခဲ့ပါၾက

 

 

 

 

တယ္။သူတို႔အားလုံးက သတို႔သမီးကစားတာကို မရပ္တန္႔ႏိုင္တာေၾကာင့္ ဖခင္ျဖစ္သူက သတို႔သားကိုပါး႐ိုက္ပစ္ၿပီး ” မင္းဘာျဖစ္ေန

 

တာလဲ? မင္းရဲ႕ဇနီးကိုေတာင္ မင္းမထိန္းခ်ဳပ္ႏိုင္ဘူးလား အခုခ်က္ခ်င္း သူ႔ကို ဆြဲထုတ္ “ လို႔ ေဒါသထြက္ေနတဲ့သတို႔သားဖခင္ကဆို

 

ခဲ့ပါတယ္။ အဲ့ဒီေနာက္သတို႔သားက သူ႔ရဲ႕သတို႔သမီးကိုေနာက္ဆုံးအႀကိမ္ေတာင္းဆိုခဲ့ၿပီးေနာက္ သူနဲ႔သူရဲ႕သူငယ္ခ်င္းႏွစ္ေယာက္က

 

သူမအားထိုင္ခုံေပၚကေနဆြဲထုတ္ၿပီး ကြန္ပ်ဴတာဆိုင္ရဲ႕အေဝးကို ဆြဲေခၚသြားခဲ့လိုက္ၾကပါေတာ့တယ္။အဲ့ဒီအျဖစ္အပ်က္ျဖစ္ၿပီးေနာက္

 

မွာေတာ့ သတို႔သမီးဟာ မဂၤလာပြဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔မက်င္းပေနႏိုင္ခဲ့ပါဘူး။လူအခ်ိဳ႕ကလည္း သူတို႔ကလူသိမ်ားတဲ့ဗီဒီယိုျဖစ္ေစဖို႔

 

 

 

 

အတြက္သာ တမင္႐ိုက္ကူးစီစဥ္ထားတယ္လို႔လည္း ထင္ေၾကးေပးထားၾကပါေသးတယ္။ဘယ္လိုေတာင္လား သတို႔သမီးရယ္ ေယာ

 

ကၡမႀကီးေတြေတာင္ လာဆြဲေခၚရေလာက္တဲ့အထိ ပါလား။

 

Credit

 

 

 

Unicode

 

 

 

 

သတို့သမီးတွေအားလုံးဟာ သူတို့ရဲ့အထူးနေ့ကြီးမှာ စိတ်ကိုတည်ငြိမ်သွားအောင်လုပ်ရတဲ့အထိ ဖြစ်ကြရပြီး မင်္ဂလာပွဲကိုလည်း

 

အဆင်ပြေပြေနဲ့ပြီးဆုံးစေချင်တတ်ကြပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံရှိ ဒီသတို့သမီးလောင်းကတော့ League of Legends ဂိမ်းက

 

ကစားပွဲကိုအပြီးသတ်နိုင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်မင်္ဂလာပွဲကိုတောင် တက်ရောက်ဖို့ငြင်းဆန်ပစ်ခဲ့ပါတယ်။အဆိုပါသတို့သမီး

 

ဟာ သူမရဲ့မင်္ဂလာပွဲအတွက် အရမ်းကိုနောက်ကျနေခဲ့ပြီး မင်္ဂလာပွဲဧည့်သည်တွေထဲမှတစ်ဦးက သူမဟာ ကွန်ပျူတာဆိုင်တစ်

 

ဆိုင်မှာ ဂိမ်းကစားနေကြောင်းသိရှိခဲ့ရတာကြောင့် သူမရဲ့မိဘတွေ၊အနာဂတ်ယောက္ခမကြီးတွေနဲ့ခင်ပွန်းဖြစ်သူတို့က သူမအား

 

 

 

 

ဂိမ်းကိုအဆုံးသတ်ပြီး ကွန်ပျူတာဆိုင်မှထွက်ခွါဖို့ မရမကတောင်းပန်နေခဲ့ပေမဲ့ သူမဟာ ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့ပါတယ်။

 

ဗီဒီယိုထဲမှာတော့ သတို့သမီးဟာ ဂိမ်းကစားနေတုန်း အဖြူရောင်မင်္ဂလာဆောင်ဂါ၀န်၀တ်ဆင်ထားပြီး ဆံပင်နဲ့ မိတ်ကပ်လည်း

 

လိမ်းခြယ်ပြင်ဆင်ပြီးနေပါပြီ။ ပြိုင်ဘက်တွေနဲ့ တင်းမာနေတဲ့ကွင်းလယ်တိုက်ပွဲမှာပါဝင်ပတ်သက်နေတာကြောင့် သူမဟာ ထိုင်ခုံ

 

မှထဖို့ငြင်းဆန်ခဲ့ပြီး သူမကစားပွဲပြီးဆုံးသွားတဲ့အထိ အချိန်အနည်းငယ်ပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။” ကလေး လာ၊ ငါတို့သွား

 

ရတော့မယ် “လို့ သတို့သမီးရဲ့ယောက္ခမက ပြောနေခဲ့ပြီး “အခမ်းအနားမကြာခင်စတော့မယ် “လို့ သူမရဲ့သတို့သားက ဘေးကနေ

 

 

 

 

သာ အော်ဟစ်နေခဲ့ပါကြတယ်။သူတို့အားလုံးက သတို့သမီးကစားတာကို မရပ်တန့်နိုင်တာကြောင့် ဖခင်ဖြစ်သူက သတို့သားကို

 

ပါးရိုက်ပစ်ပြီး ” မင်းဘာဖြစ်နေတာလဲ? မင်းရဲ့ဇနီးကိုတောင် မင်းမထိန်းချုပ်နိုင်ဘူးလား အခုချက်ချင်း သူ့ကို ဆွဲထုတ် “ လို့ ဒေါသ

 

ထွက်နေတဲ့သတို့သားဖခင်ကဆိုခဲ့ပါတယ်။ အဲ့ဒီနောက်သတို့သားက သူ့ရဲ့သတို့သမီးကိုနောက်ဆုံးအကြိမ်တောင်းဆိုခဲ့ပြီးနောက်

 

သူနဲ့သူရဲ့သူငယ်ချင်းနှစ်ယောက်က သူမအားထိုင်ခုံပေါ်ကနေဆွဲထုတ်ပြီး ကွန်ပျူတာဆိုင်ရဲ့အဝေးကို ဆွဲခေါ်သွားခဲ့လိုက်ကြပါတော့

 

တယ်။အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာတော့ သတို့သမီးဟာ မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့မကျင်းပနေနိုင်ခဲ့ပါဘူး။လူအချို့က

 

 

 

 

လည်း သူတို့ကလူသိများတဲ့ဗီဒီယိုဖြစ်စေဖို့အတွက်သာ တမင်ရိုက်ကူးစီစဉ်ထားတယ်လို့လည်း ထင်ကြေးပေးထားကြပါသေးတယ်။

 

ဘယ်လိုတောင်လား သတို့သမီးရယ် ယောက္ခမကြီးတွေတောင် လာဆွဲခေါ်ရလောက်တဲ့အထိ ပါလား။

 

 

Credit

About the author

admm