Amazing

သမုဒၵရာေရအနက္ (၂)မုိင္ခြဲမွာ ထူးဆန္းတဲ့ ေရေနသတၱဝါမ်ိဳးစိတ္သစ္တစ္ခု ေတြ႕ရွိ

Written by admm

သမုဒၵရာေရအနက္ (၂)မုိင္ခြဲမွာ ထူးဆန္းတဲ့ ေရေနသတၱဝါမ်ိဳးစိတ္သစ္တစ္ခု ေတြ႕ရွိ

 

 

သိပၸံပညာရွင္ေတြဟာ သမုဒၵရာေရအနက္ (၂)မုိင္ခြဲမွာ အလြန္ထူးဆန္းတဲ့ ေရေနသတၱဝါမ်ိဳးစိတ္သစ္တစ္ခု ေတြ႕ရွိခဲ့ရတယ္လုိ႔ သိရပါတယ္။

 

အဆုိပါ သတၱဝါဟာ ဂ်ယ္လီငါးမ်ားကဲ့သုိ႔ ဖြဲ႕စည္းပုံတူညီေသာ္လည္း၊ ကြဲျပားျခားနားခ်က္ေတြက ေျမာက္မ်ားစြာရွိေနတဲ့အတြက္ မ်ိဳးစိတ္သစ္

 

တစ္ခုအျဖစ္ သတ္မွတ္ခဲ့ၾကတာပါ။သတၱဝါရဲ႕ပုံစံဟာ ပါတီပြဲေတြမွာခ်ိတ္ဆြဲေလ့ရွိတဲ့ အလွဆင္ပူေဖာင္းမ်ားကဲ့သုိ႔ ျဖစ္ၿပီး၊ Comb jelly မ်ိဳးရင္း

 

ဝင္ ျဖစ္ေပမယ့္၊ ကြဲျပားျခားနားခ်က္ေတြ ေျမာက္မ်ားစြာ ရွိေနလုိ႔ မ်ိဳးစိတ္အသစ္တစ္ခု မွတ္တမ္းတင္ခဲ့တာပါ။ ဒီသတၱဝါကိုေတာ့ NOAA’s

 

Deep Discoverer ကင္မရာကေန မွတ္တမ္းတင္ႏုိင္ခဲ့တာျဖစ္ပါတယ္။သာမန္အားျဖင့္ ဒီေလာက္ေျမာက္မ်ားစြာ ေရအနက္မွာ လူနဲ႔အျခား

 

ရေနသတၱဝါေတြ ေနဖုိ႔ မျဖစ္ႏုိင္ဘူး။ ေရဖိအားက မွန္းဆဖုိ႔မႏုိင္ေလာက္ေအာင္ အလြန္မ်ားလြန္းတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒီေရသတၱဝါ

 

 

ဟာ ကာရစ္ဘီယံကမ္း႐ိုးတန္း၊ Puerto Rico ကမ္းေျခအနီးက သမုဒၵရာ ေရပုိင္နက္ေအာက္မွာ က်င္လည္က်က္စားေနတာပါ။သိပၸံပညာရွင္

 

ေတြက ဒီသတၱဝါရဲ႕ပုံပန္းကို ေဖာ္ျပရာမွာ ” တြဲေလာင္းခုိေနတဲ့ အပ္ခ်ည္မွ်င္ႏွစ္ေခ်ာင္းနဲ႔ ပါတီပူေဖာင္းေလး”လုိ႔ ဆိုထားပါတယ္။ ေသးငယ္တဲ့

 

အမွ်င္ေလးႏွစ္ေခ်ာင္းဟာ သူရဲ႕ ႏွာေမာင္းေလးေတြျဖစ္ၿပီး၊ သူ႔ရဲ႕ခႏၶာကိုယ္ကေတာ့ ေလေတြနဲ႔ျပည့္တင္းေဖာင္းကားေနတဲ့ ပုံစံမ်ိဳး ျဖစ္ေနပါတယ္။

 

ဒီသတၱဝါကို ေတြ႕ရွိခ်ိန္က (၂၀၁၅)ခုႏွစ္ ဧၿပီလ (၁၀)ရက္ ျဖစ္ပါတယ္။ဒါေပမယ့္ အခုအခါမွာေတာ့ ဒီသတၱဝါဟာ မ်ိဳးစိတ္သစ္ျဖစ္တာေၾကာင့္

 

နာမည္အသစ္ေပးျခင္းနဲ႔ မ်ိဳးစိတ္တစ္ခုအျဖစ္ သတ္မွတ္ျခင္းေတြ ျပဳလုပ္ခဲ့တာပါ။ သတၱဝါရဲ႕အမည္ကုိေတာ့ Duobrachium sparksae လုိ.

 

ေပးထားပါတယ္။ ေနာက္ထပ္ ေလ့လာစူးစမ္းမႈေတြ ျပဳလုပ္ေနၿပီး၊ သတၱဝါရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

 

 

Unicode

 

 

သမုဒ္ဒရာရေအနက် (၂)မိုင်ခွဲမှာ ထူးဆန်းတဲ့ ရေနေသတ္တဝါမျိုးစိတ်သစ်တစ်ခု တွေ့ရှိ

 

သိပ္ပံပညာရှင်တွေဟာ သမုဒ္ဒရာရေအနက် (၂)မိုင်ခွဲမှာ အလွန်ထူးဆန်းတဲ့ ရေနေသတ္တဝါမျိုးစိတ်သစ်တစ်ခု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ သတ္တဝါဟာ ဂျယ်လီငါးများကဲ့သို့ ဖွဲ့စည်းပုံတူညီသော်လည်း၊ ကွဲပြားခြားနားချက်တွေက မြောက်များစွာရှိနေတဲ့အတွက် မျိုးစိတ်သစ်တ

 

စ်ခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။သတ္တဝါရဲ့ပုံစံဟာ ပါတီပွဲတွေမှာချိတ်ဆွဲလေ့ရှိတဲ့ အလှဆင်ပူဖောင်းများကဲ့သို့ ဖြစ်ပြီး၊ Comb jelly မျိုးရင်းဝင်

 

ဖြစ်ပေမယ့်၊ ကွဲပြားခြားနားချက်တွေ မြောက်များစွာ ရှိနေလို့ မျိုးစိတ်အသစ်တစ်ခု မှတ်တမ်းတင်ခဲ့တာပါ။ ဒီသတ္တဝါကိုတော့ NOAA’s Deep

 

Discoverer ကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။သာမန်အားဖြင့် ဒီလောက်မြောက်များစွာ ရေအနက်မှာ လူနဲ့အခြားရေနေသတ္

 

တဝါတွေ နေဖို့ မဖြစ်နိုင်ဘူး။ ရေဖိအားက မှန်းဆဖို့မနိုင်လောက်အောင် အလွန်များလွန်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီရေသတ္တဝါဟာ

 

ကာရစ်ဘီယံကမ်းရိုးတန်း၊ Puerto Rico ကမ်းခြေအနီးက သမုဒ္ဒရာ ရေပိုင်နက်အောက်မှာ ကျင်လည်ကျက်စားနေတာပါ။သိပ္ပံပညာရှင်တွေ

 

က ဒီသတ္တဝါရဲ့ပုံပန်းကို ဖော်ပြရာမှာ ” တွဲလောင်းခိုနေတဲ့ အပ်ချည်မျှင်နှစ်ချောင်းနဲ့ ပါတီပူဖောင်းလေး”လို့ ဆိုထားပါတယ်။ သေးငယ်တဲ့အမျှ

 

 

င်လေးနှစ်ချောင်းဟာ သူရဲ့ နှာမောင်းလေးတွေဖြစ်ပြီး၊  သူ့ရဲ့ခန္ဓာကိုယ်ကတော့  လေတွေနဲ့ပြည့်တင်းဖောင်းကားနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

 

ဒီသတ္တဝါကို တွေ့ရှိချိန်က (၂၀၁၅)ခုနှစ် ဧပြီလ(၁၀)ရက် ဖြစ်ပါတယ်။ဒါပေမယ့်အခုအခါမှာတော့ ဒီသတ္တဝါဟာမျိုးစိတ်သစ်ဖြစ်တာကြောင့်

 

နာမည်အသစ်ပေးခြင်းနဲ့ မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခြင်းတွေ ပြုလုပ်ခဲ့တာပါ။  သတ္တဝါရဲ့အမည်ကိုတော့   Duobrachium sparksae လို့

 

ပေးထားပါတယ်။ နောက်ထပ် လေ့လာစူးစမ်းမှုတွေ ပြုလုပ်နေပြီး၊  သတ္တဝါရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

 

 

Credit;

About the author

admm