Love & Relationship

မူႀကိဳအ႐ြယ္မွာစေတြ႕ၿပီး အ႐ြယ္ေရာက္တဲ့အခါမွာ ေ႐ႊလက္တြဲႏိုင္ခဲ့တဲ့ စုံတြဲ

Written by admm

မူႀကိဳအ႐ြယ္မွာစေတြ႕ၿပီး အ႐ြယ္ေရာက္တဲ့အခါမွာ ေ႐ႊလက္တြဲႏိုင္ခဲ့တဲ့ စုံတြဲ

 

 

ေအာ္စတင္ တက္(တ္)မန္း (Austin Tatman) နဲ႔ နာတာလီ ခ႐ိုး (Natalie Crowe) တို႔က ဖေလာ္ရီဒါမွာ မူႀကိဳတူတူ တက္ခဲ့ၾကတာပါ။

 

(၄) ႏွစ္သားအ႐ြယ္ ကေလးႏွစ္ေယာက္က ျမင္ျမင္ခ်င္း ခင္သြားခဲ့ၿပီး တစ္ခ်ိန္မွာ လက္ထပ္ျဖစ္မယ္ဆိုတာ ဘယ္သူကမွ မရိပ္မိခဲ့ၾကပါဘူး။

 

နာတာလီ ငါးႏွစ္သမီး အ႐ြယ္မွာေတာ့ မိသားစုလိုက္ ကြန္နက္တီကတ္ (Connecticut) ျပည္နယ္ဆီ ေျပာင္းေ႐ႊ႕ဖို႔ အေၾကာင္းဖန္ခဲ့ပါတယ္။

 

ႏွစ္အနည္းငယ္ၾကာတဲ့အခါ မိခင္ျဖစ္သူရဲ႕ လိပ္စာမွတ္တမ္း စာအုပ္ကေန ေအာ္စတင္မိသားစုရဲ႕ လိပ္စာကို နာတာလီတစ္ေယာက္ ရွာေဖြေတြ႕

 

ရွိခဲ့ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ ေဖ့စ္ဘြတ္စသုံးခ်ိန္မွာေတာ့ ႏွစ္ဦးသားခ်ိတ္ဆက္မိၿပီး အခ်စ္တစ္ခု ေပါက္ပြားခဲ့ပါတယ္။ လက္ရွိအခ်ိန္

 

 

 

မွာ ႏွစ္ဦးသား အသက္ (၂၄) ႏွစ္ ရွိၿပီ ျဖစ္ၿပီး မဂၤလာပြဲကိုေတာ့ ဖေလာ္ရီဒါကမ္းေျခမွာ ဧၿပီလ (၁၃) ရက္ေန႔က က်င္းပခဲ့ပါတယ္။ မဂၤလာပြဲ

 

အတြက္ စီစဥ္တဲ့ေနရာမွာ ေအာ္စတင္ မိဘေတြဆီ သြားလည္ၿပီး ကေလးဘဝက အမွတ္တရပုံရိပ္ေတြကို ျပန္လည္ရွာေဖြဖို႔နဲ႔ မဂၤလာပြဲမွာ

 

ျပသဖို႔ကိုပါ တစ္ပါတည္း စီစဥ္ခဲ့ၾကပါတယ္။ “ဘဝတစ္ေလွ်ာက္လုံးကို အတူတူမျဖတ္သန္းရေသးေပမဲ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္

 

ေကာင္းေကာင္းသိထားသူေတြမို႔ ခိုင္ၿမဲတဲ့ဆက္သြယ္မႈ ရွိပါတယ္။ ကေလးဘဝတုန္းက အမွတ္တရေတြနဲ႔ ျပန္ဆက္သြယ္မိတဲ့အခါ ႏွစ္ဦးသား

 

အခ်စ္ကပိုလို႔ ခိုင္ၿမဲခဲ့ပါတယ္” လို႔ နာတာလီက ဆိုပါတယ္။ ငယ္ကခ်စ္ ႏွစ္ (၁၀၀) ဆိုသလိုပဲ ေအာ္စတင္နဲ႔ နာတာလီတို႔ႏွစ္ဦးရဲ႕ အခ်စ္ေရး

 

 

ကေတာ့ (၄) ႏွစ္အ႐ြယ္ကစတင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ ခိုင္ၿမဲလို႔ ေနပါတယ္။

 

Credit

 

Unicode

 

 

အော်စတင် တက်(တ်)မန်း (Austin Tatman) နဲ့ နာတာလီ ခရိုး (Natalie Crowe) တို့က ဖလော်ရီဒါမှာ မူကြိုတူတူ တက်ခဲ့ကြတာပါ။

 

(၄) နှစ်သားအရွယ် ကလေးနှစ်ယောက်က မြင်မြင်ချင်း ခင်သွားခဲ့ပြီး တစ်ချိန်မှာ လက်ထပ်ဖြစ်မယ်ဆိုတာ ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။

 

နာတာလီ ငါးနှစ်သမီး အရွယ်မှာတော့ မိသားစုလိုက် ကွန်နက်တီကတ် (Connecticut) ပြည်နယ်ဆီ ပြောင်းရွှေ့ဖို့ အကြောင်းဖန်ခဲ့ပါတယ်။

 

နှစ်အနည်းငယ်ကြာတဲ့အခါ မိခင်ဖြစ်သူရဲ့ လိပ်စာမှတ်တမ်း စာအုပ်ကနေ အော်စတင်မိသားစုရဲ့ လိပ်စာကို နာတာလီတစ်ယောက် ရှာဖွေ

 

တွေ့ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ဖေ့စ်ဘွတ်စသုံးချိန်မှာတော့ နှစ်ဦးသားချိတ်ဆက်မိပြီး အချစ်တစ်ခု ပေါက်ပွားခဲ့ပါတယ်။

 

 

လက်ရှိအချိန်မှာ နှစ်ဦးသား အသက် (၂၄) နှစ် ရှိပြီ ဖြစ်ပြီး မင်္ဂလာပွဲကိုတော့ ဖလော်ရီဒါကမ်းခြေမှာ ဧပြီလ (၁၃) ရက်နေ့က ကျင်းပခဲ့ပါတယ်။

 

မင်္ဂလာပွဲအတွက် စီစဉ်တဲ့နေရာမှာ အော်စတင် မိဘတွေဆီ သွားလည်ပြီး ကလေးဘဝက အမှတ်တရပုံရိပ်တွေကို ပြန်လည်ရှာဖွေဖို့နဲ့

 

မင်္ဂလာပွဲမှာ ပြသဖို့ကိုပါ တစ်ပါတည်း စီစဉ်ခဲ့ကြပါတယ်။ “ဘဝတစ်လျှောက်လုံးကို အတူတူမဖြတ်သန်းရသေးပေမဲ့ တစ်ယောက်အကြောင်း

 

တစ်ယောက် ကောင်းကောင်းသိထားသူတွေမို့ ခိုင်မြဲတဲ့ဆက်သွယ်မှု ရှိပါတယ်။ ကလေးဘဝတုန်းက အမှတ်တရတွေနဲ့ ပြန်ဆက်သွယ်မိတဲ့

 

အခါ နှစ်ဦးသား အချစ်ကပိုလို့ ခိုင်မြဲခဲ့ပါတယ်” လို့ နာတာလီက ဆိုပါတယ်။ ငယ်ကချစ် နှစ် (၁၀၀) ဆိုသလိုပဲ အော်စတင်နဲ့ နာတာလီတို့

 

 

နှစ်ဦးရဲ့ အချစ်ရေးကတော့ (၄) နှစ်အရွယ်ကစတင်ခဲ့ပြီး လက်ရှိအချိန်ထိ ခိုင်မြဲလို့ နေပါတယ်။

 

Credit

About the author

admm