တိုက်လေယာဉ်မှာ အဲယားကွန်းပါ၊မပါ.. ဆိုတဲ့မေးခွန်းအတွက် အဖြေ

တိုက်လေယာဉ်မှာ အဲယားကွန်းပါ၊မပါ.. ဆိုတဲ့မေးခွန်းအတွက် အဖြေ

 

 

ဂျက်တိုက်လေယာဉ်အများစုမှာ အဲယားကွန်း ပါလေ့ရှိပါတယ်။အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ်ပါပါတယ်။

 

အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ် ပိုင်းလော့ဟာ pressure suit, G suit, helmet, oxygen mask, microphone နဲ့ ear phone

 

တွေ ၀တ်ဆင်ထားရပြီး (ကိုယ်သိမ်း) ခါးပတ်ကို တင်းတင်းပါတ်ထားရပါတယ်။ ခါးမှာလဲ ပစ္စတိုတစ်လက် ချိတ်ထားရပါတယ်။တစ်ချို့ဆို

 

ပေါင်မှာ မြေပုံကို တွဲချည်ထားရပါသေးတယ်။ သူ့ရဲ့ helmet ဟာလဲ head up display ပါတာမို့လို့ နဖူးမှာ ချွေးလေးစို့ရုံနဲ့ကို ဒုက္ခရောက်

 

နိုင်ပါတယ်။အချိန်ခနလေးနဲ့ လေဖိအားနဲ့ အပူချိန်မတူညီတဲ့ အမြင့်ပေအမျိုးမျိုးကို သွားနေတဲ့အခါ ပူလိုက်အေးလိုက်နဲ့ အဆင်မပြေပါ

 

ဘူး။ပူလို့ချွေးထွက်ရင် အလုပ်လုပ်လို့ အဆင်မပြေတော့ပါဘူး။ အေးတဲ့အချိန်ဆိုရင်လဲ လေယာဉ်မောင်းခန်း cockpit အပြင်မှာ ရေ

 

ခဲတွေ ကပ်နေတတ်ပါတယ်။အတွင်းမှာလဲ ရေငွေ့တွေနဲ့ မှုန်ဝါးနေတတ်ပါတယ်။ တိုက်လေယာဉ်အဲယားကွန်းဟာ သာမန်အဲယားကွန်း

 

ထက် လုပ်ဆောင်ချက်တွေ အများကြီးပိုပါတယ်။ ပါဝါလဲအများကြီးကြီးပါတယ်။ Air-conditioned လို့ မခေါ်တော့ပါဘူး။Environmental

 

Conditioning System (ECS) လို့ ခေါ်ပါတယ်။ သူက အလုပ်သုံးခုလုပ်ပေးပါတယ်။ပထမတစ်ချက်က သာမန်အဲယားကွန်းတွေလို အပူ၊

 

အအေးနဲ့ လေ၀င်/ထွက်ကို ထိန်းညှိပေးတာပါ။ဒုတိယတစ်ချက်က လေယာဉ်မောင်းခန်း cockpit ရဲ့ လေဖိအားကို ထိန်းထားပေးတာပါ။

 

 

 

တတိယတစ်ချက်က (Windshield anti-fog/anti-ice function) ပါ။ ဆိုလိုတာက သိပ်အေးလွန်းတဲ့ဒေသမှာ ပျံသန်းတဲ့အခါ

 

က။ မှန်ကိုအတွင်းဖက်ကနေ ရေငွေ့တွေမရိုက်အောင်

 

ခ။ မှန်အတွင်းနဲ့အပြင်နှစ်ဘက်စလုံးမှာ ရေတွေခဲမနေအောင်နဲ့

 

ဂ။ မြူတွေကြောင့် မြင်ကွင်းမပိတ်အောင် ဖယ်ရှားပေးတာပါ။

 

(တစ်ချို့အဲယားကွန်းတွေကြတော့ ဆီပိုက်တွေနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတွေကိုလဲ လိုအပ်သလို အပူချိန်ထိန်းပေးပါတယ်

 

တိုက်လေယာဉ်အဲယားကွန်း ECS ရဲ့ ခလုတ်ကို TEMP switch လို့ ခေါ်ပါတယ်။ သူက ခလုပ်အနေအထား သုံးမျိုးနဲ့ အလုပ်လုပ်ပါတယ်။

 

AUTO ဆိုရင် ကြိုတင်သတ်မှတ်ထားတဲ့ အပူချိန်ကို အလိုအလျောက် တောက်လျောက် ထိန်းထားပေးပါတယ်။ MANUAL ဆိုရင် လူက

 

လိုအပ်သလို လိုက်ချိန်ပေးရပါတယ်။ OFF ဆိုရင် အလုပ်မလုပ်ပါဘူး။ နောက်တစ်ခုက FLOW switch ပါ။ သူကတော့ Max, Norm နဲ့

 

Min ဆိုပြီး speed သုံးမျိုးနဲ့ ထိန်းပေးပါတယ်။နောက်တစ်ခုက FLOW knob ပါ။၊switch က လှဲ့ရတာပါ။ knob က နှိပ်ရတာပါ။ FLOW

 

knob က လေးဆင့်အလုပ်လုပ်ပါတယ်။ ဘယ်/ ညာ/ ဘယ်နဲ့ညာ/ လုံးဝအပိတ် ဖြစ်ပါတယ်။ အအေးခံနည်းပညာကတော့ကားအဲယား

 

ကွန်းနဲ့ သဘောတရားတူပါတယ်။လေယာဉ် မောင်းခန်း cockpit ရဲ့ ပုံမှန်အပူချိန်ဟာ 50` – 60` C ပါ။ မူရင်း page မှာ အဲဒီလို ဖေါ်ပြ

 

 

ထားပေမဲ့ ဒီအချက်ဟာ မေးခွန်းထုတ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ human body normal temperature က 98F (37C) မို့လို့ပါ

 

cockpit typical temperature ကို ဘယ်လိုသတ်မှတ်လဲဆိုတာတော့ သေသေချာချာ မသိပါဘူး။

 

Unicode

 


 

 


 


 


 

ေပါငျမှာ မွပေုံကို တှဲခညြျထားရပါသေးတယျ။ သူ့ရဲ့ helmet ဟာလဲ head up display ပါတာမို့လို့ နဖူးမှာ ခြှေးလေးစို့ရုံနဲ့ကို ဒုက်ခရောကျ

 


 


 


 


 


 


 

 


 


 


 


 


 


 


 


 


 

 


 


 


 


 

Credit;