NEWS

႐ိုးသားတဲ့အၿပဳံးပိုင္ရွင္ေၾကာင့္ ကမာၻလွည့္ခရီးသြားေတြရဲ႕စိတ္ဝင္စားမႈရလာတဲ့ၿမိဳ႕ေလး (ရုပ္သံ)

Written by admm

႐ိုးသားတဲ့အၿပဳံးပိုင္ရွင္ေၾကာင့္ ကမာၻလွည့္ခရီးသြားေတြရဲ႕စိတ္ဝင္စားမႈရလာတဲ့ၿမိဳ႕ေလး (ရုပ္သံ)

 

 

ၾကည့္ေကာင္းတဲ့႐ုပ္ရည္ရွိၿပီး ႐ိုးသားတဲ့အၿပဳံးေတြကိုပိုင္ဆိုင္ထားတဲ့ လူငယ္ေလးတစ္ေယာက္ဟာ မၾကာေသးခင္ကပဲ အင္တာနက္

 

ဆယ္လီတစ္ဦးျဖစ္လာခဲ့ပါတယ္။ သူ႔ေၾကာင့္ပဲ သူေနထိုင္ရာၿမိဳ႕ေလးဟာဆိုရင္ ကမာၻလွည့္ခရီးသည္ေတြကို စိတ္ဝင္စားမႈပိုမိုျမင့္

 

တက္ေစခဲ့ေၾကာင္း asiaone သတင္းစာမ်က္ႏွာအရ သိရပါတယ္။ အဆိုပါ လူငယ္ေလးဟာ အသက္၂၀ႏွစ္အ႐ြယ္သာရွိေသးတဲ့

 

တိဘက္တိုင္းရင္းသားေလးတစ္ဦးျဖစ္ပါတယ္။ Tamdrin အမည္ရပါတယ္။ စီခြၽမ္ျပည္နယ္ထဲက ဂါဇီတိဘက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ

 

နယ္ေျမရဲ႕ Litang ၿမိဳ႕ေကာင္တီမွာ ေနထိုင္သူပါ။ ၿပီးခဲ့တဲ့လတုန္းက Tamdrin ရဲ႕ဗီဒီယိုေတြဟာ အြန္လိုင္းေပၚျပန႔္ႏွံ႔သြားရာကေန

 

 

Litang ေကာင္တီအေၾကာင္း ရွာေဖြမႈေတြက တဟုန္ထိုးျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ Ctrip ဝက္ဆိုက္ဒ္အရ Tamdrin ရဲ႕

 

ဗီဒီယိုေၾကာင့္ Litang စကားလုံးကိုရွာေဖြမႈဟာ ႏိုဝင္ဘာ၂၀ ရက္ကေနစၿပီး တပတ္လုံးလုံးဆက္တိုက္ျမင့္တက္ခဲ့ေၾကာင္းဆိုပါတယ္။

 

အခုလို ရွာေဖြမႈႏႈန္းဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြနဲ႔ယွဥ္ရင္ ၆၂၀ဆ၊ ေအာက္တိုဘာလ အမ်ိဳးသားေန႔ပိတ္ရက္အတြင္း ရွာေဖြမႈနဲ႔

 

ယွဥ္ရင္ ေလးဆထိျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ Tamdrin ရဲ႕ ဗီဒီယိုကိုေတာ့ ဓာတ္ပုံဆရာတစ္ေယာက္က ဗီဒီယိုအတိုေလး

 

႐ိုက္ၿပီး Douyin short-video platform မွာတင္ခဲ့ၿပီးတဲ့ေနာက္ အြန္လိုင္းအသုံးျပဳသူေတြက စိတ္ဝင္စားခဲ့ၾကတာပါ။ ဗီဒီယိုထဲမွာေတာ့

 

 

Tamdrin ဟာ တိဘက္လူမ်ိဳးအဝတ္အစားကိုဝတ္ဆင္ထားၿပီး အႀကီးႀကီး ၿပဳံးေနခဲ့တာျဖစ္ပါတယ္။ ထို႔ေနာက္မွာေတာ့ Tamdrin ဟာ

 

မန္ဒရင္းစကားမတတ္တတတ္ေျပာၿပီး ျမင္းျဖဴႀကီးတစ္ေကာင္ကို ပရိသတ္ေတြနဲ႔မိတ္ဆက္ေပးေနတဲ့ ဗီဒီယိုကို သူ႔ကိုယ္ပိုင္အေကာင့္

 

မွာ တင္ထားပါေသးတယ္။ အခုဆိုရင္ေတာ့ Litang Culture Tourism and Sport Investment Development Co. က ေဒသတြင္း

 

ခရီးသြားလာမႈလုပ္ငန္းျမႇင့္တင္ဖို႔အတြက္ Tamdrin ကို အလုပ္ငွားထားပါတယ္။ သူ႔အလုပ္ကေတာ့ Litang ေကာင္တီနဲ႔ ဂါဇီျပည္နယ္

 

တို႔ရဲ႕ လွပတဲ့ျမင္ကြင္းေတြကို ဗီဒီယိုအတိုေလးေတြ႐ိုက္ၿပီး တင္ဆက္ေပးရမွာပါ။ Tamdrin ကေတာ့ ႐ုတ္တရက္ႀကီး ေက်ာ္ၾကားလာ

 

 

တဲ့အျဖစ္ကို မေျပာတတ္ေပမယ့္ လူအမ်ားႀကီးက သူ႔ကိုသိလာတဲ့အတြက္ေပ်ာ္ေၾကာင္းနဲ႔ အလုပ္အတြက္လည္း အမ်ားႀကီးသင္ယူေလ့

 

လာသြားမွာျဖစ္တယ္လို႔ CCTV အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

 

 

 

Credit

 

 

Unicode

 

ကြည့်ကောင်းတဲ့ရုပ်ရည်ရှိပြီး ရိုးသားတဲ့အပြုံးတွေကိုပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ဟာ မကြာသေးခင်ကပဲ အင်တာနက်

 

ဆယ်လီတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ကြောင့်ပဲ သူနေထိုင်ရာမြို့လေးဟာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို စိတ်ဝင်စားမှုပိုမိုမြင့်

 

တက်စေခဲ့ကြောင်း asiaone သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ လူငယ်လေးဟာ အသက်၂၀နှစ်အရွယ်သာရှိသေးတဲ့

 

တိဘက်တိုင်းရင်းသားလေးတစ်ဦးဖြစ်ပါတယ်။ Tamdrin အမည်ရပါတယ်။ စီချွမ်ပြည်နယ်ထဲက ဂါဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်

 

ခွင့်ရနယ်မြေရဲ့ Litang မြို့ကောင်တီမှာ နေထိုင်သူပါ။ ပြီးခဲ့တဲ့လတုန်းက Tamdrin ရဲ့ဗီဒီယိုတွေဟာ အွန်လိုင်းပေါ်ပြန့်နှံ့သွားရာကနေ

 

 

Litang ကောင်တီအကြောင်း ရှာဖွေမှုတွေက တဟုန်ထိုးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ Ctrip ဝက်ဆိုက်ဒ်အရ Tamdrin ရဲ့ဗီဒီယို

 

ကြောင့် Litang စကားလုံးကိုရှာဖွေမှုဟာ နိုဝင်ဘာ၂၀ ရက်ကနေစပြီး တပတ်လုံးလုံးဆက်တိုက်မြင့်တက်ခဲ့ကြောင်းဆိုပါတယ်။

 

အခုလို ရှာဖွေမှုနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့ယှဉ်ရင် ၆၂၀ဆ၊ အောက်တိုဘာလ အမျိုးသားနေ့ပိတ်ရက်အတွင်း ရှာဖွေ

 

မှုနဲ့ယှဉ်ရင် လေးဆထိမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ Tamdrin ရဲ့ ဗီဒီယိုကိုတော့ ဓာတ်ပုံဆရာတစ်ယောက်က ဗီဒီယိုအတိုလေး

 

ရိုက်ပြီး Douyin short-video platform မှာတင်ခဲ့ပြီးတဲ့နောက် အွန်လိုင်းအသုံးပြုသူတွေက စိတ်ဝင်စားခဲ့ကြတာပါ။ ဗီဒီယိုထဲမှာတော့

 

 

Tamdrin ဟာ တိဘက်လူမျိုးအဝတ်အစားကိုဝတ်ဆင်ထားပြီး အကြီးကြီး ပြုံးနေခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ Tamdrin ဟာ

 

မန်ဒရင်းစကားမတတ်တတတ်ပြောပြီး မြင်းဖြူကြီးတစ်ကောင်ကို ပရိသတ်တွေနဲ့မိတ်ဆက်ပေးနေတဲ့ ဗီဒီယိုကို သူ့ကိုယ်ပိုင်အကောင့်

 

မှာ တင်ထားပါသေးတယ်။ အခုဆိုရင်တော့ Litang Culture Tourism and Sport Investment Development Co. က ဒေသတွင်း

 

ခရီးသွားလာမှုလုပ်ငန်းမြှင့်တင်ဖို့အတွက် Tamdrin ကို အလုပ်ငှားထားပါတယ်။ သူ့အလုပ်ကတော့ Litang ကောင်တီနဲ့ ဂါဇီပြည်နယ်

 

တို့ရဲ့ လှပတဲ့မြင်ကွင်းတွေကို ဗီဒီယိုအတိုလေးတွေရိုက်ပြီး တင်ဆက်ပေးရမှာပါ။ Tamdrin ကတော့ ရုတ်တရက်ကြီး ကျော်ကြားလာတဲ့

 

 

အဖြစ်ကို မပြောတတ်ပေမယ့် လူအများကြီးက သူ့ကိုသိလာတဲ့အတွက်ပျော်ကြောင်းနဲ့ အလုပ်အတွက်လည်း အများကြီးသင်ယူလေ့လာ

 

သွားမှာဖြစ်တယ်လို့ CCTV အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

Credit

About the author

admm