NEWS

foodpanda ကတစ်ဆင့် ကြက်ကြော်မှာရင်း အမှားအယွင်းတစ်ခုကြောင့် လာပို့သူ၄၂ယောက် တောင်အိမ်ကိုလာပို့ခဲ့တဲ့ အဖြစ်

Written by admm

foodpanda ကတစ်ဆင့် ကြက်ကြော်မှာရင်း အမှားအယွင်းတစ်ခုကြောင့် လာပို့သူ၄၂ယောက် တောင်အိမ်ကိုလာပို့ခဲ့တဲ့ အဖြစ်

 

ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာနေထိုင်တဲ့ ၇နှစ်အရွယ်ကောင်မလေးဟာ ကြက်ကြော်အော်ဒါတစ်ခုပဲ တင်လိုက်ပေမယ့် လာပို့ပေးတဲ့ rider ၄၂ယောက်

 

က ကြက်ကြော်အော်ဒါတွေကို လာပိုခဲ့တဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ အော်ဒါကို လာပိုကြတဲ့ rider တွေက သူနေထိုင်ရာ လမ်းကျဉ်းလေးဖြစ်

 

တဲ့ ဘာရန်ဂေ မာဘိုလို လမ်းလေးထဲမှာ လမ်းပြည့်သွားတဲ့ အထိကို တဖွဲဖွဲ ရောက်လာခဲ့ကြတာပါ။ နိုဝင်ဘာ ၂၅ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် အိမ်မှာ

 

အဘွားဖြစ်သူနှင့် နှစ်ယောက်တည်း ကျန်နေခဲ့တုန်းမှာ မနက် ၁၁ နာရီလောက်မှာ အခုလိုမတော်တဆ ဖြစ်ခဲ့ရတာပါ။ သူမရဲ့ မိဘတွေ ကအလုပ်သွားနေ

 

ကြပြီး သူမဆီမှာ ဆက်သွယ်ဖို့ ဖုန်းတစ်လုံးထားရစ်ခဲ့ပေးပါတယ်။ ကလေးမလေးနှင့် အဖွားဖြစ်သူ စားဖို့အတွက် ကိုယ်တိုင် foodpanda ကနေ မှာ

 

 

တတ်အောင်လည်း သင်ပေးထားကြပါတယ်။ ကောင်မလေးရဲ့ အိမ်နီးချင်းတွေကတော့ ကောင်မလေးဟာ အရင်ကလည်း foodpanda ကနေ မှာနေ

 

ကျ ဖြစ်ပြီး သူကျွမ်းကျွမ်းကျင်ကျင် မှာနေကြလို့တော့ ပြောကြပါတယ်။ဒီတစ်ခေါက်ဖြစ်ရပ်ကလည်း ကလေးမလေး foodpanda မှာ အော်ဒါတင်နေ

 

စဉ်မှာ အင်တာနက် လိုင်းကျတာကြောင့် အော်ဒါခလုတ်ကို ထပ်ခါ ထပ်ခါနှိပ်ရင်း အော်ဒါ ၄၂ ခုကို တစ်ပြိုင်နက်တည်း တင်မိခဲ့တာလို့ ဆိုကြပါတယ်။

 

အော်ဒါကို လက်ခံမိကြတဲ့ rider တွေကကလည်း ကလေးမလေးဆီကို မရှေးမနှောင်းဘဲ တစ်ဖွဲဖွဲ ရောက်လာခဲ့ကြတာဖြစ်လို့ သူမနေထိုင်ရာ လမ်း

 

ကျဉ်လေးတောင် ပြည့်လုနီးပါး ရုတ်ရုတ်သဲသဲကို ဖြစ်သွားခဲ့ရပါတယ်။ ကောင်မလေး မှာယူလိုက်တဲ့ ကြက်ကြော်ဟာ ထမင်းတစ်ပွဲနှင့်ပြင်သစ်စတိုင်

 

 

ကြက်ကြော်တစ်ပွဲ သာ ပါဝင်ပြီးစုစုပေါင်း မြန်မာငွေ ၅၀၀၀ကျပ် ဝန်းကျင်သာကျသင့်ပေမယ့်လည်း စုစုပေါင်း အော်ဒါ ၄၂ခုတောင်ရောက်လာတာ

 

ဆိုတော့ ပေးချေရတော့မယ့် ငွေစုစုပေါင်း မြန်မာငွေ ၂သိန်းကျော်ထိ တောင် ကျသင့်သွားပါတော့တယ်။ ကြက်ကြော်အော်ဒါ တင်ခဲ့မိတဲ့ ၇နှစ်အ

 

ရွယ် ကလေးမလေးကတော့ riderတွေ သူတို့အိမ်ရှေ့ကိုတဖွဲဖွဲ ရောက်လာတာကို ကြည့်ပြီး ထိတ်လန့်သွားလို့ ငိုရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ရှာ

 

ပါဘူး။ ကံကောင်းချင်တော့ အိမ်နီးနားချင်းတချို့က ကောင်မလေးရဲ့ ကြက်ကြော်အော်ဒါကို အစားဝယ်ပေး လိုက်ကြပြီး တချို့ rider တွေကတော့

 

ဆိုင်ကို ပြန်သွင်းဖို့အတွက် ပြန်ယူသွားပေးကြတော့ အဆင်ပြေသွားခဲ့ရပါတယ်။

 

Credit

 

 

Unicode

 


 


 


 


 


 

 


 


 


 


 


 

 


 


 


 


 


 

Credit

About the author

admm