LOCAL NEWS

လေထုလေ့လာရေးစောင့်ကြည့်ရေးစခန်းများကို အမေရိကန်ဒေါ်လာ ၉.၁၄ သန်း အကုန်ကျခံတည်ဆောက်မည်

Written by admm

လေထုလေ့လာရေးစောင့်ကြည့်ရေးစခန်းများကို အမေရိကန်ဒေါ်လာ ၉.၁၄ သန်း အကုန်ကျခံတည်ဆောက်မည်

 

လေထုလေ့လာရေးစောင့်ကြည့်ရေးစခန်းများကို အမေရိကန်ဒေါ်လာ ၉.၁၄မီလီယံအကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း Myanmar

 

Project bankမှသိရသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Air Quality Monitoring Station (fixed type) များကို

 

နေပြည်တော်တွင် (၁) ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၃) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ စုစုပေါင်း Air Quality Monitoring

 

Station (fixed type) (၇) ခု တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် Air Quality Monitoring Station (mobile type) များကို

 

နေပြည်တော်တွင် (၁) ခု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် (၁) ခု၊ မန္တလေးတိုင်းဒေသကြီး တွင် (၁) ခု၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် (၁) ခု၊

 

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တွင် (၁) ခု၊ စုစုပေါင်း Air Quality Monitoring Station (mobile type) (၅) ခု တပ်ဆင်ဆောင်ရွက်သွား

 

မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်

 

တို့တွင် လက်ရှိလေထုအရည်အသွေးကို လေ့လာ ဆန်းစစ်နိုင်ခြင်း၊ မှန်ကန်သည့် လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များရရှိနိုင်

 

ခြင်း၊ ဒေသခံပြည်သူလူထုအတွက် အကျိုးရှိစေခြင်း၊ လေထုအရည်အသွေးဆိုင်ရာ အခြေခံ အချက်အလက်စနစ်တစ်ခု တည်ထောင်ခြင်း၊

 

ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် အထောက်

 

 

အကူဖြစ်စေနိုင်ခြင်းနှင့် လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ပြည်သူလူထု ၏ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများကို ကြိုတင်ကာကွယ်

 

နိုင်ခြင်း စသောအခွင့်အလမ်း များကို ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ စီမံကိန်းကို ၂၀၂၁-၂၂တွင်စတင်၍ ၂၀၂၂-၂၃တွင်ပြီးစီးမည်ဖြစ်

 

ကာ အကောင်အထည်ဖော်မည့်ဝန်ကြီးဌာနမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန, သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး

 

ဝန်ကြီးဌာန ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှု မဏ္ဍိုင်

 

၃ရပ်တွင်ပန်းတိုင်၅ နိုင်ငံ၏အနာဂါတ်မျိုးဆက်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း

 

သိရသည်။

 

Credit

 

 

Unicode

 


 


 


 


 


 

 


 


 


 


 


 

 


 


 


 


 


 


 

Credit

About the author

admm