LOCAL NEWS


Written by admm


 

 


 


 


 


 


 


 


 

 


 


 


 


 


 


 

 

Unicode

 

 

စစ်ကိုင်းတွင် ကိုဗစ်လူနာတစ်ဦး ကွာရတင်းစင်တာကနေ အပြင်ထွက်ပြီး အစားအသောက် ဝယ်လို့ ထောင် ၆ လ ချ

 

 

 

စစ်ကိုင်းတွင် ကိုဗစ်လူနာတစ်ဦး ကွာရတင်းစင်တာကနေ အပြင်ထွက်ပြီး အစားအသောက် ဝယ်လို့ ထောင် ၆ လ ချလိုက်ကြောင်း သိရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်းဒေ

 

သကြီးမှ ပြန်လာသည့်အတွက် ချောင်းဦး အ.ထ.က CBFQ တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ နိုဝင်ဘာ

 

(၁၀) ရက်နေ့က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် သီးသန့် ထားရှိပြီး ဆေးကုသပေးလျက်ရှိ

 

ရာ နိုဝင်ဘာ (၁၈) ရက်နေ့၊ ညနေ (၅) နာရီခွဲ အချိန်တွင် ဆေးရုံပြင်ပသို့ တိတ်တဆိတ်ထွက်ခွာ၍ မြို့မရပ်၊ ရွှေတောင် ကွက်သစ်ရှိ စားသော

 

က်ဆိုင်တစ်ဆိုင်မှ စားသောက်စရာ ပါဆယ်ဝယ်ယူခဲ့ပြီး၊ စတိုးဆိုင် တစ်ဆိုင်မှ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့်

 

ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်သည့်အတွက် ဥ

 

ပဒေအတိုင်း ဆောင်ရွက်အရေးယူပေးရန် ချောင်းဦးမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် တ

 

 

 

စ်ဦး၏ တိုင်တန်းချက်အရချောင်းဦးမြို့နယ် ရဲစခန်းမှသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)အရအမှုဖွင့်အရေးယူ

 

ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါအမှုအားဒုတိယရဲအုပ်နိုင်ဇော်လတ်မှလက်ခံစစ်ဆေးခဲ့ပြီး COVID-19အတည်ပြုလူနာအား Stay at

 

Home (၇)ရက် ပြီးမြောက်သွားခြင်းကြောင့်ယင်း အမှုဖြင့် ဖမ်းဆီးခဲ့ပြီးချောင်းဦးမြို့နယ် တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့ရာ မြို့နယ်တရားသူကြီး

 

မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ် (၆) လ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။ချောင်းဦးမြို့န

 

ယ်တွင်လက်ရှိကိုဗစ်-၁၉အတည်ပြုလူနာ(၁၉) ဦး ရှိပြီး၊ဆေးရုံဆင်းခွင့်ရရှိသူ(၁၇) ဦးနှင့်ဆေးကုသမှုခံယူနေသူ(၂)ဦး ရှိကြောင်းသိရပါတယ်။

 

Credit;

About the author

admm