LOCAL NEWS
Written by admm
Unicode
ကိုဗစ်ရောဂါသည် ကိုယ်ဝန်မိခင်က မွေးသည့်ကလေးများတွင် ရောဂါကူးစက်မှု နည်းပါး
ယခုလက်ရှိအချိန် လေ့လာဆန်းစစ်ချက်အရ ကိုဗစ်ရောဂါသည် ကိုယ်ဝန်ဆောင်မိခင်က မွေးလိုက်သည့်ကလေးမှာ ရောဂါကူးစက်မှုက
တော်တော်နည်းကြောင်း ဆေးတက္ကသိုလ်-၂(ရန်ကုန်)မှ ပါမောက္ခ ဒေါက်တာသင်းသင်းနွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။အပတ်စဉ်
တင်ဆက်နေတဲ့ ကိုဗစ်-၁၉ရောဂါ အကြောင်း  သိကောင်းစရာ အမေး/အဖြေ အစီအစဉ်မှာ ပြည်သူများ သိလိုသည့်  ကဏ္ဍများနဲ့စပ်လျဉ်
းပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့စဉ်မှာပါမောက္ခ ဒေါက်တာသင်းသင်းနွဲ့ကရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။“ကိုဗစ်ရောဂါသည် ကိုယ်ဝန်မိခင်
က မွေးလိုက်တဲ့ ကလေးမှာ ရောဂါကူးစက်မှုက တော်တော်နည်းပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ကူးစက်မှု ရှိ/မရှိကို မွေးပြီး ၂၄နာရီအတွ
င်း ကိုဗစ်ရှိ/မရှိ စစ်ဆေးပါတယ်။ စစ်ဆေးလို့ Negative ဖြစ်တယ်ဆိုရင် နောက် ၄၈ နာရီအတွင်းမှာ ထပ်မံပြီးစစ်ဆေးပါတယ်”လို့ ၎င်းက
ဆိုပါတယ်။ကိုဗစ်ရောဂါသည် မိခင်အနေနဲ့ မွေးကင်းစကလေးငယ်အား မိခင်နို့တိုက်ကျွေးနိုင်ကာ မိခင်အနေနဲ့ ကလေးနို့ တိုက်ချိန်မှာ စိတ်
ချရအောင် Mask နဲ့ Face Shield တပ်ဆင်သည့်အပြင် ထုတ်ပြန်ချက်အတိုင်း လက်ကို သေ သေချာချာဆေးကြောပြီး တိုက်ကျွေးနိုင်တယ်
လို့ သိရပါတယ်။ထို့နောက် ကိုဗစ်ဖြစ်ပွားသူရဲ့ ကိုဗစ် – ၁၉ Positive က ၃ လအထိ ရှိနေနိုင်သော်လည်း အခြားသူကို ကူးစက်နိုင်ခြေနည်းကာ
အကောင်းဆုံးက Mask တပ်ခြင်းနဲ့ Social Distancing ပြုလုပ်ပါက အခြားသူများကိုလည်း မကူးစက်နိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထည့်
သွင်းပြောဆိုခဲ့ပါတယ်။ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ဒုတိယလှိုင်းမှာ အနံ့ပျောက်သူအများစုမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည်ကို တွေ့ ရှိနေရခြ
င်းကြောင့် အနံ့ပျောက်လူနာများအနေနဲ့ အထူးအရေးကြီးကာ ဆေးရုံ/ဆေးခန်းများများမှာ ပြသရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်
ထားတာဖြစ်ပါတယ်။
Credit;
About the author
admm