မိခင်ဗိုက်ထဲမှာ ရှိနေကတည်းက နေ့စဉ်စကားပြောပေးတာကြောင့် ဖခင်ရဲ့ အသံကို မှတ်မိပြီး ပြုံးပြခဲ့တဲ့ မွေးကင်းစကလေး
မိခင်ဗိုက်ထဲမှာ ရှိနေကတည်းက နေ့စဉ်စကားပြောပေးတာကြောင့် ဖခင်ရဲ့ အသံကို မှတ်မိပြီး ပြုံးပြခဲ့တဲ့ မွေးကင်းစကလေး
Credit
Unicode
ကလေးငယ်တွေဟာ သူတို့မွေးဖွားလာတဲ့အချိန်ကို မမှတ်မိကြကြောင်း ဆိုပါတယ်။ ကလေးငယ်တွေဟာ မွေးကင်းစအရွယ်မှာ ကောင်းစွာ
မမြင်နိုင်သေးပေမယ့် အမိဝမ်းထဲမှာ ရှိနေစဉ်ကတည်းက အသံများကို မှတ်မိနိုင်ပါတယ်။ ဘရာဇီးစုံတွဲရဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေး
က အနာဂတ်မိဘတိုင်းအား ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကလေးတွေကို စကားပြောဆိုဖို့ အားပေးထားပါတယ်။ ဒီကလေးငယ်လေး
ဟာ မွေးပြီးပြီးချင်း ဘယ်လိုတုံ့ပြန်သလဲဆိုတာ သင်သိသွားရင် သင့်နှလုံးသားကို အရည်ပျော်သွားစေပါလိမ့်မယ်။ ဘရာဇီးနိုင်ငံက တာစီလာ
ရိုစာ နဲ့ ဖလာဗီယို ဒန်းတက်စ် တို့ဟာ သူတို့ရဲ့ ပထမဆုံးသမီးလေးဖြစ်တဲ့ အန်တိုနီလာ မွေးဖွားမယ့်ရက်ကို ရောက်ရှိဖို့ မျှော်လင့်ခဲ့ကြပါတယ်။
တကယ်တော့ သူမရဲ့ဖခင်ဟာ သမီးလေးနဲ့ တွေ့ဆုံဖို့ အရမ်းစိတ်ထက်သန်ပြီး နေ့တိုင်းအလုပ်သွား၊ အလုပ်ပြန်ချိန်မှာ စကားပြောပေးခဲ့ပါ
တယ်။ သူမရဲ့ ဖခင်ဟာ သမီးလေးကို ဘယ်လောက်ချစ်ကြောင်း မိခင်ရဲ့ ဗိုက်နားကိုကပ်ပြီး အမြဲတမ်းပြောလေ့ရှိပါတယ်။ ဖလာဗီယိုဟာ သူ
ပြောတဲ့ စကားတွေ သမီးဆီကို ရောက်လား /မရောက်ဘူးလားဆိုတာ သေချာမသိပေမယ့်လည်း ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး
စကားပြောပေးတာကို မရပ်တန့်ခဲ့ပါဘူး။ ကလေးငယ်ဟာ လူ့လောကထဲရောက်လာတဲ့အချိန်မှာတော့ သူမတစ်ချိန်လုံး နားထောင်နေခဲ့
ကြောင်း ပြသခဲ့ပါတယ်။ ကလေးလေး မွေးပြီးချိန်မှာပဲ ဖလေဗီယိုဟာ သူခါတိုင်းနှုတ်ဆက်နေကျအတိုင်း နှုတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
ကလေးက အပြုံးနဲ့ ကြိုဆိုခဲ့ပါတယ်။ ဖခင်ဖြစ်သူ စကားစပြောတာနဲ့ ကလေးလေး ပြန်ပြုံးပြနေတဲ့ မယုံနိုင်စရာ ဒီအခိုက်အတန့်လေးကို ဖမ်း
ယူနိုင်ဖို့ ကင်မရာတစ်ခုရှိနေခဲ့တာက ကံကောင်းတယ်လို့ ဆိုရမှာပါ။ အန်တိုနီလာကို ဘရာဇီးနိုင်ငံတွင် အဖေနေ့ဖြစ်တဲ့ သြဂုတ်လ ၁၁
ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။၎င်းက ချစ်ခြင်းမေတ္တာရှိတဲ့ ဖခင်အတွက် အထူးနေ့လေး ဖြစ်စေခဲ့ပါတယ်။ဖလာဗီယိုက “သမီးလေးကို
ချစ်တဲ့အချစ်က ရင်ဘတ်ကြီးနဲ့ တောင် မဆန့်ပါဘူးလို့” သမီးလေးအပေါ်ထားတဲ့ သူ့ခံစားချက်တွေကို ဖော်ပြခဲ့ပါတယ်။ အန်တိုနီလာရဲ့
မိခင်က သူမရဲ့ မွေးကင်းစသမီးငယ်လေးဟာ ဘုရားပေးတဲ့ လက်ဆောင်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ ဖလာဗီယိုဟာ ဘရာဇီးလ်နိုင်ငံမှ
ရေတပ်စစ်သားတစ်ဦးဖြစ်ပြီး အန်တိုနယ်လာရဲ့ မိခင် တာရူလီကတော့ အချက်အပြုတ်၊ လက်ထောက်တစ်ယောက်အဖြစ် kiosk တစ်ခုမှာ
အလုပ်လုပ်ပါတယ်။ အန်တိုနယ်လာကို ၃.၁၂၂ ကီလိုဂရမ်ကျော်နှင့် ၄၉ စင်တီမီတာ (၆.၈ ပေါင် နှင့် ၁၉.၂ လက်မ)ဖြင့် မွေးဖွားခဲ့ပါတယ်။
Credit