LOCAL NEWS

မန္တလေး ပုသိမ်ကြီးရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို စတင်အကောင် အထည်ဖော်ပြီ

Written by admm

မန္တလေး ပုသိမ်ကြီးရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို စတင်အကောင် အထည်ဖော်ပြီ

 

ယနေ့နံနက်ပိုင်းက မန္တလေး ပုသိမ်ကြီးရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို စတင်အကောင် အထည်ဖော်ပြီလို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က

 

ထုတ်ပြန်လိုက်ပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာရှိ ပြည်သူ့အငှားအိမ်ရာ ( မန္တလေး ) မြေတူး

 

မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြေတူးမင်္ဂလာအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

 

ဝင် လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် တက်ရောက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရှင်တော်ကုန်းကျေးရွာ

 

တွင် အခန်း(၃၀၀၀) ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို လေးခန်းတွဲ ငါးထပ် အဆောက်အဦးပုံစံ တည်ဆောက်မည်ဖြစ်ကာ မြေညီ

 

 

ထပ်ကို အများသုံး ဧရိယာအဖြစ် သတ်မှတ်ပြီး (၄) ထပ်ကို လူနေအခန်းများအဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင်

 

(၆၆၆)စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ကိုဗစ်ကာလ အလုပ်အကိုင်

 

ဖန်တီးပေးနိုင်ရေး ရည်ရွယ်ကာ နိုင်ငံတစ်ဝှမ်း အငှားအိမ်ရာစီမံကိန်းအဖြစ် အခန်း တစ်သောင်း တည်ဆောက်မည် ဖြစ်ပြီး ရန်ကုန်မြို့တွင်

 

အခန်းပေါင်း ၆၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀စုအကောင်အထည်ဖော်တည် ဆောက်

 

သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

 

Credit

 

 

 

Unicode

 


 


 


 


 


 


 

 


 


 


 


 


 

Credit

About the author

admm