ထိုင်လျှက်ပုံစံ ပြင်ဆင်ထားတဲ့ မသာကို၊ တာဝန်ရှိသူတွေက ဘုရားကျောင်းထဲ သယ်ခွင့်မပြုခဲ့
ထိုင်လျှက်ပုံစံ ပြင်ဆင်ထားတဲ့ မသာကို၊ တာဝန်ရှိသူတွေက ဘုရားကျောင်းထဲ သယ်ခွင့်မပြုခဲ့
Credit
Unicode
ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ထရီနီဒက်-တိုဘာဂိုနိုင်ငံ၊ Diego Martin မြို့မှာ ထိုင်လျှက်ပုံစံ ပြင်ဆင်ထားတဲ့ အသုဘပွဲတစ်ခုမှာ မသာပိုင်ရှင်မိသားစု
ဝင်တွေနဲ့ ဘုရားကျောင်းတာဝန်ရှိသူတွေကြား နားလည်မှုမှားယွင်းခဲ့ကြောင်း သိရပါတယ်။ ဘုရားကျောင်းတာဝန်ရှိသူတွေဟာ အဲဒီ သေဆုံးသူရဲ့
ဘော်ဒီကို ဘုရားကျောင်းအတွင်း သယ်ယူခွင့် မပြုခဲ့ပါဘူး။ ကွယ်လွန်သူအမည်မှာ Che Lewis ဖြစ်ပြီး၊ အသက်(၂၉)နှစ်သာ ရှိပါသေးတယ်။
သူဟာ အသက်(၅၄)နှစ်အရွယ် ဖခင် Adlay Lewis နဲ့အတူ သူတို့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံရပြီး၊ နိုဝင်ဘာ(၂၅)ရက်နေ့မှ
ာ နှစ်ယောက်စလုံး ကွယ်လွန်ခဲ့ကြတာပါ။ Adlay ရဲ့ဘော်ဒီကိုတော့ သာမန်အတိုင်း ခေါင်းတလားထဲမှာ ထည့်ပြီး၊ ဒီမတိုင်ခင်က သင်္ဂြိုဟ်
ခဲ့ကြပါတယ်။ Che ရဲ့ဘော်ဒီကိုတော့ အများမြင်တဲ့အတိုင်း ထိုင်ခုံမှာ ထိုင်လျှက်အနေအထား ပြင်ဆင်ခဲ့ကြပြီး၊ ဘုရားကျောင်းဆီကို သရဏဂုံ
တင်ဖို့ ခေါ်အသွားမှာ ဘုရားကျောင်းတာဝန်ရှိသူတွေဟာ အခုအနေအထားဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို ကျော်လွန်နေလို့
မသာကို ကျောင်းအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ Che ဟာ သူ့ရဲ့ဈာပနကို သူကိုယ်တိုင် တက်ရောက်ခွင့် မရခဲ့တဲ့အဖြစ်ပါ။ အခင်းဖြစ်ရာ
မြို့ဟာ Port of Spain (ထရီနီဒက်မြို့တော်)ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီး၊ အခင်းဖြစ်ခဲ့တဲ့ ဘုရားကျောင်းကတော့ St John the
Evangelist Church လို့ သိရပါတယ်။ Che ရဲ့ ဘော်ဒီဟာ ဘုရားကျောင်းအပြင်ဘက်မှာ သက်ရှိတစ်ဦးအတိုင်းပါ။ သူဟာ ပန်းရောင်အပေါ်
အင်္ကျီကို ဝတ်ဆင်ထားပြီး၊ မျက်မှန်ကိုလည်း တပ်ဆင်ထားပါသေးတယ်။ အဖြူရောင်ဘောင်းဘီ၊ အဖြူရောင်ရှူးဖိနပ်တွေကလည်း သူ
အသက်ရှင်စဉ်က ကြိုက်နှစ်သက်ခဲ့တဲ့ အရောင်တွေလို့ ဆိုပါတယ်။ ဝေဖန်သူတွေကတော့ ကြံကြံဖန်ဖန်ပါဘဲ။ Che ဟာ ဝတ်စုံအပြည့်ဆို
ပေမယ့် အခအနေအထားနဲ့ဆို Mask လေးပါ တပ်သင့်တယ်လို့ ဆိုနေကြပါတယ်။
Credit