
 


 


 


 


 


 

 


 


 


 


 

 


 


 


 

Unicode

 

မြန်မာနိုင်ငံရှိ လူ ၁ သန်းတွင် ကိုဗစ်ဖြစ်ပွားသူ ၁၆၀၀ ကျော်ရှိပြီး ၃၅ ဦးသေဆုံးနေ

 

 

မြန်မာနိုင်ငံရှိ လူ ၁ သန်းတွင် ကိုဗစ်ဖြစ်ပွားသူ ၁၆၀၀ ကျော်ရှိပြီး ၃၅ ဦးသေဆုံးနေတယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီး

 

ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ

 

ကျဆင်းစေရေး ဆွေးနွေးပွဲမှာ ဝန်ကြီးက ပြောကြားလိုက်တာပါ။ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၉-၁၁-၂၀၂၀)

 

ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုသည် (၁,၆၄၅) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ

 

 

/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၄၃) နိုင်ငံမြောက် ဖြစ်ပါကြောင်၊လူဦးရေ တစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ

 

(၃၅) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၃၂) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ လူဦးရေ အချိုးအ

 

စားနှင့် မတွက်ချက်ပဲ ကိန်းဂဏန်းအနည်းအများနှင့် ဆန်းစစ်ပါက COVID-19 လူနာသေဆုံးမှုမှာ (၁,၉၁၈) ဦးရှိပြီး ကမ္ဘာ့

 

နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၅၇) နိုင်ငံမြောက် ဖြစ်ပါတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု

 

 

ဒုတိယလှိုင်းစတင်ခဲ့စဉ် ကနဦးကာလ၌  COVID-19  သံသယလက္ခဏာရှိသူများသည်  ဆေးရုံသို့ လာရောက်ကုသမှု ခံယူမှု

 

နောက်ကျကာ အသက်သေဆုံးပြီးမှ ရောက်ရှိခြင်းနှင့်ဆေးရုံသို့ရောက်ရှိပြီး မကြာခင်မှာအချိန်ပိုင်းအတွင်းပင် အသက်သေဆုံး

 

ခြင်းများ ရှိခဲ့ပါတယ်လို့ ဝန်ကြီးကဆိုပါတယ်။

 

Credit;