NEWS

မြောက်ကိုရီးယားရဲ့ တိမ်ဝှက်ထားတဲ့ရောဂါ

Written by admm

မြောက်ကိုရီးယားရဲ့ တိမ်ဝှက်ထားတဲ့ရောဂါ

 

 

သမုဒ္ဒရာထဲကကျွန်းစုနိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားနိုင်ငံကလွှဲရင် COVID-19ရဲ့ခြိမ်းခြောက်မှုကိုအနည်းအများကွာဟမှုက

 

လွှဲရင် နိုင်ငံတိုင်းလိုလိုရင်ဆိုင်ခဲ့ရသည့်ချည်းပင်။သို့သော်လည်းအံ့သြစရာကောင်းလောက်အောင်ငြိမ်ချက်သားကောင်း

 

နေတာကတော့မြောက်ကိုရီးယားနိုင်ငံပါပဲ။ဒီတစ်ပတ်အတွင်းမှာတော့ငြိမ်ချက်သားကောင်းနေတဲ့မြောက်ကိုရီးယားနိုင်ငံ

 

ဟာရောဂါသတင်းတွေလှုပ်လှုပ်ရှားရှားကြားလာရပါတယ်။ရောဂါစတင်ရာတရုတ်နိုင်ငံနဲ့ဆက်ဆံမှုအများဆုံးဖြစ်ပေမယ့်

 

ရောဂါ ကူးစက်မှုတော့လုံးဝမတွေ့ခဲ့ရဘူလို့အခိုင်အမာပြောကြားထားခဲ့တာပါ။သတင်းလွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံဖြစ်တာ

 

ကြောင့်သတင်းအမှောင်ချပြီးအစိုးရကလိမ်နေတယ်လို့စွပ်စွဲမှုတွေလဲရှိနေခဲ့ပါတယ်။မြောက်ကိုရီးယားဟာရောဂါပိုးထိန်း

 

ချုပ်နိုင်တယ်လို့ထောက်ခံမှုတွေရှိနေခဲ့ပါတယ်။ရောဂါစဖြစ်ကတည်းက မြောက်ကိုရီးယားဟားနယ်စပ်ကိုပိတ်ထားပြီးနိုင်ငံ

 

 

ထဲဝင်ရောက်မှုတွေကိုလည်းတင်းကြပ်စွာစိစစ်ခဲ့ပါတယ်။ကွာရန်တင်းဝင်ရက်ကိုလည်းအခြားနိုင်ငံတွေ(၁၄)ရက်သတ်မှတ်

 

ချိန်မှာ(၂၈)ရက်သတ်မှတ်ခဲ့ပါတယ်။ရောဂါသည်တွေကိုသတ်ပစ်နေတယ်ဆိုတဲ့ကောလဟာလတွေလည်းပြန့်နှံ့ခဲ့ပါတယ်။

 

ဒီလိုနဲ့လအတော်ကြာ တတိယလိုင်းတွေအထိကို နိုင်ငံတွင်းရောဂါကူစက်တယ်ဆိုတဲ့သတင်းမကြားခဲ့ရသေးပါဘူး။နိုဝင်ဘာ

 

လထဲမှာတော့ကပ်ရောဂါနဲ့ပတ်သက်တဲ့သတင်းတွေစကြားလာရပါတယ်။နိုင်ငံ့ခေါင်းဆောင် ကင် ဟာလည်းရောဂါကြောင့်

 

အလွန်ဒေါသထွက်နေတယ်လို့ကိုရီးယားထောက်လှမ်းရေးကပြောပါတယ်။နိုင်ငံတွင်းရောဂါတားဆီးရေးမှာလည်းအားနည်း

 

 

နေတဲ့အတွက် ကင် ကဆူပူကြိမ်းမောင်းနေတယ်လို့ဆိုပါတယ်။ရောဂါတားဆီးရေးတွေအနေနဲ့အဓိကကုန်သွယ်ဖက်နိုင်

 

ငံဖြစ်တဲ့တရုတ်နိုင်ငံပေကျင်းနဲ့ကုန်သွယ်ရေးကိုဖြတ်တောက်ခဲ့ပါတယ်။ကုန်သွယ်မှုပမာဏကတော့၉၉ရာခိုင်နှုန်းလောက်

 

ကျသွားတာဖြစ်ပါတယ်။တရုတ်နဲ့ပို့ကုန်ဖြတ်တောက်ခဲ့တာကတော့ကင်ရဲ့ကြီးမားတဲ့စွန့်စားမှုပါပဲ။နိုင်ငံတွင်းကပ်ရောဂါအခြေ

 

အနေကိုတော့ပွင့်လင်းစွာထုတ်ပြန်ခြင်းမရှိသေးပါဘူး။မြောက်ကိုရီးယားမှာတာ ရောဂါကူးစက်မှုအလုံးအရင်းဖြစ်ခဲ့မယ်ဆိုရင်

 

ကြီးမားတဲ့နောက်ဆက်တွဲစိန်ခေါ်မှုတွေနဲ့ကြုံရနိုင်တယ်လို့နိုင်ငံတကာကျန်းမာရေးပညာရှင်တွေကသတိပေးဖူးပါတယ်။ကမ္ဘာ

 

 

ပေါ်ကလူ့အသက်ပေါင်းတစ်သန်းကျော်ကိုဖျက်ဆီးဖြစ်ခဲ့တဲ့ကပ်ရောဂါဆိုးကြီးကမြောက်ကိုရီးယားနိုင်ငံကို ရှောင်ကွင်းသွား

 

တာကတော့ဖြစ်န်ူင်ခြေနည်းလှပါတယ်။အခုချိန်ကမ္ဘာ့နိုင်ငံအများစုကမထူးဇာတ်ခင်းပြီးဘက်ပေါင်းစုံဖွင့်လှစ်ဖို့စီစဉ်ချိန်ကျမှ

 

ကင်တစ်ယောက် ယမ်းပုံမီးကျပေါက်ကွဲလာတာကတော့မြောက်ကိုရီးယားရဲ့ ခံစစ်ကျိုးပြီလို့ယူဆဖို့ပဲရှိပါတော့တယ်။

 

Unicode

 

မွောကျကိုရီးယားရဲ့ တိမျဝှကျထားတဲ့ရောဂါ

 

 


 


 


 


 


 


 

 


 


 


 


 


 

 


 


 


 


 


 


 

 

 


 


 


 

Credit;

About the author

admm