LOCAL NEWS
Written by admm
Unicode
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဖျက်သိမ်းရန်တင်ပြထားသော ကုမ္ပဏီ ၄ဝကျော်ရှိနေ
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရန် တင်ပြထားသော
ကုမ္ပဏီပေါင်း ၄၀ ကျော်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ရင်းနှီးမြှုပ်နှံသူ
များအကြား ငွေကြေးရင်းနှီးမြှုပ်နှံရန် အခက်အခဲများရှိလာခြင်း၊ စီးပွားရေးအခြေအနေမကောင်းခြင်း၊ ရင်းနှီးမြှုပ်နှံသူအချင်း
ချင်း ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မရခြင်းတို့ကြောင့် ဖျက်သိမ်းရန် တင်ပြလာကြခြင်းဖြစ်ကြောင်း သိရပါတယ်။အဆိုပါ
ဖျက်သိမ်းလိုကြောင်း တင်ပြလာသော ကုမ္ပဏီများတွင် တင်ဒါအောင်မြင်သော်လည်း လုပ်ငန်းဆက်လက်မလုပ်ကိုင်
သော ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရပါတယ်။လက်ရှိတွင် ကုမ္ပဏီများဖျက်သိမ်းဆောင်ရွက်မည်ဆိုပါက
သက်ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဖြတ်သန်းလုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်
ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
Credit;
About the author
admm