Credit
Unicode
ထိုင်း တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ရေကြီးမှုသတိပေးချက် များ ထုတ်ပြန်ထား
ထိုင်းတောင်ပိုင်းပြည်နယ်များတွင် ‘ချူရန်ဖွန်’ နှင့် ‘ရနောင်း’ မှလွဲ၍ ကျန်ပြည်နယ်များမှာမိုးသည်းထန်စွာရွာသွန်းနေသဖြင့်ရေကြီးခြင်း
သတိပေးချက်များထုတ်ပြန်ခဲ့ပြီး လှေငယ်များကို ကမ်းခြေတွင်သာ ထားရှိရန် အစိုးရတာ၀န်ရှိသူများကအကြံပေးခဲ့ပါတယ်။ မိုးလေ ၀ သဌာန
မှပြောကြားရာတွင်မုတ်သုန်လေသည်ထိုင်းတောင်ဘက်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီးလေဖိအားနည်းရပ်၀န်းက ထိုင်းတောင်ပိုင်းကိုလွှမ်း
ခြုံထားပါတယ်။ အထူးသဖြင့်တောင်စောင်းနှင့် နိမ့်ကျသောဒေသများတွင် နေထိုင်သူများကိုရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့်ပြင်ဆင်
ထားရန် အာဏာပိုင်များကပြောခဲ့ပါတယ်။ ပင်လယ်ကွေ့နှင့်ကပ္ပလီပင်လယ်ပြင်တို့တွင်လေပြင်းများတိုက်ခတ်နိုင်ပြီးခန့်မှန်းခြေအားဖြင့်
၂-၃ မီတာအမြင့် ရှိနိုင်ပြီး မိုးထစ်ချုန်းရွာနိုင့်ပါတယ်။ တစ်ချိန်တည်းမှာပင် ထိုင်းတပ်မတော် (၄) တပ်မှူးက ရေဘေးသင့်တောင်ပိုင်းပြည်
နယ်များရှိ ဒေသခံများအားအကူအညီများပေးရန်တပ်များကိုအမိန့်ပေးခဲ့ပါတယ်။ထိုင်းစစ်တပ်လက်ထောက်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး
‘ဆီရီချန် နာသောင်း’ က နာခွန်စီသမာရတ်ရှိခရိုင်အများစုမှာ ရေလွှမ်းမိုးမှုဒဏ်ခံရကြောင်းပြောကြားခဲ့ပါတယ်။ ရေများဆက်လက်မြင့်တက်
နေခြင်းကြောင့် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့်ကာကွယ်ရေးဌာန ၈ ခုမှစစ်သားများကို နေထိုင်သူများအားအလျင်အမြန်ရွှေ့ပြောင်း
ရန်အမိန့်ပေးခဲ့သည်။ ပြည်နယ်အတွင်းရှိအဓိကလမ်း (၇) လမ်းမှာရေလွှမ်းမိုးခြင်းခံခဲ့ရပါတယ်။ ‘၀ပ်တရာပို’ မြူနီစပယ် စာသင်ကျောင်းသို့
အိမ်ထောင်စု ၆၀ မှလူပေါင်း ၂၃၀ ကိုစစ်တပ်က ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ််။ အိမ်ခြေ ၁၆၀ မှလူ ၇၀၀ ကျော်ကိုအမိုးအကာ
အောက်သို့ပြောင်းရွှေ့ရန်မျှော်လင့်ထားကြောင်း ဗိုလ်မှူးကြီး ‘ဆီရီချန် နာသောင်း’ က ဆိုပါတယ်။
Credit