INTERNATIONAL NEWS

စတုရန်းမိုင် ၂ ဒသမ ၁ သန်းဧရိယာအတွင်း ရာသီဥတုပြုပြင်ဖန်တီးဖို့ တရုတ်စီစဉ်

Written by admm

စတုရန်းမိုင် ၂ ဒသမ ၁ သန်းဧရိယာအတွင်း ရာသီဥတုပြုပြင်ဖန်တီးဖို့ တရုတ်စီစဉ်

 

 

တရုတ်အစိုးရဟာ ရာသီဥတုပြုပြင်မွမ်းမံတဲ့ အစီအစဉ် စမ်းသပ်မှုကို တိုးချဲ့လုပ်ဆောင်နေပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ

 

အိန္ဒိယနိုင်ငံရဲ့အရွယ်အစားထက် တစ်ဆခွဲကျော်ပိုကြီးတဲ့ ဧရိယာစတုရန်းမိုင် ၂ ဒသမ ၁သန်းအတွင်း ရာသီဥတုပြုပြင် ဖန်တီး

 

မှုတွေ ၂၀၂၅ ခုနှစ်အတွင်းမှာ လုပ်သွားဖို့ရှိတဲ့အတွက်   အိမ်နီးချင်းနိုင်ငံတွေအကြား  စိုးရိမ်မှုတွေ   မြင့်တက်လာနိုင်တယ်လို့

 

Guardianသတင်းစာကထုတ်ဖော်ရေးသားလိုက်ပါတယ်။တရုတ်နိုင်ငံတော်ကောင်စီရဲ့ထုတ်ပြန်ချက်အရအခြေခံသုတေသန

 

နဲ့ အရေးပါတဲ့နည်းပညာအောင်မြင်မှုတွေကြောင့် လာမယ့် ငါးနှစ်အတွင်း တရုတ်နိုင်ငံမှာဧရိယာအကျယ် ၂ ဒသမ ၁ သန်းစာ

 

 

အတွက် မိုးတိမ်တုတွေဖန်တီးပြီး မိုးရွာသွန်းစေတာမျိုး ဒါမှမဟုတ်ဆီးနှင်းအတုတွေကျစေတာမျိုးကို ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။

 

ရာသီဥတုပြုပြင်မွမ်းမံတဲ့ အစီအစဉ်ကို သဘာဝဘေးအန္တရာယ်ကနေသက်သာစေဖို့၊ စိုက်ပျိုးရေးကဏ္ဍအတွက် အကူအညီဖြစ်စေ

 

ဖို့နဲ့ တောမီးအန္တရာယ်ကနေ အရေးပေါ်  ကာကွယ်နိုင်ဖို့တို့အတွက် အသုံးပြုသွားမယ်လို့  တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်

 

ခဲ့ပေမယ့် Guardian သတင်းစာမှာတော့ ဒီအစီအစဉ်ကြောင့် ဒေသတွင်းရာသီဥတု အခြေအနေကို ထိခိုက်စေနိုင်တယ်လို့ ရေး

 

သားထားပါတယ်။

 

 

Credit

 

 

 

Unicode

 


 

 

 


 


 


 


 


 

 

 


 


 


 


 


 

 

Credit

About the author

admm