LOCAL NEWS
Written by admm
Credit
Unicode
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အခမဲ့ဆေးကုပေးနိုင်မည့် ဆေးရုံတည်ဆောက်မည်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အခမဲ့ဆေးကုသနိုင်မည့် ဆေးရုံတည်ဆောက်သွားရန် စီစဉ်နေတယ်လို့ We Love Yangon
အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအရည်ကြိုရဲ့ နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့်ပြောပြချက်အရ သိရပါတယ်။ အဆိုပါဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ
တည်ဆောက်မည့် အခမဲ့ဆေးကုသနိုင်မည့် ဆေးရုံကို We Love Yangon မှ ဦးဆောင်ကာ မြေ ၇ဧကခွဲ ကျယ်ဝန်းသည့် မြေပေါ်မှာ တည်
ဆောက်သွားမှာဖြစ်ပါတယ်။ “ဆေးရုံကို ခုနစ်ဧကခွဲမြေပေါ်မှာ အနယ်နယ်အရပ်ရပ်က လှူဒါန်းတဲ့ အလှူငွေတွေနဲ့ တည်ဆောက်မယ်။
ဆရာ ဝန်တွေကနေ ဦးစီးကွပ်ကဲပြီး ပြည်သူတွေ အခမဲ့ဆေးကုနိုင်တဲ့ ဆေးရုံကြီးဆောက်မယ်၊ ဘာနဲ့တူလည်းဆို တော့ ဆရာတော်ကြီး
တည်ဆောက်ထားတဲ့ ဇီဝိတဒါန သံဃာ့ဒါနဆေးရုံပုံစံမျိုးတွေ လုပ်မယ်”လို့ ၎င်းက ဆိုပါတယ်။ ဆေးရုံတည်ဆောက်မည့် ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်ရှိ မြေ ခုနစ်ဧကခွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ပိုင်မြေဖြစ်ပြီး ပြည်သူလူထုအလှူငွေများဖြင့် We Love Yangon
မှ ဦးဆောင် တည်ဆောက်သွားမှာဖြစ်တယ် လို့ သိရပါတယ်။ လက်ရှိ ဆေးရုံတည်ဆောက်ရန်အတွက် ဒီဇိုင်းပိုင်းထွက်ရှိလာပြီး အမြန်ဆုံး
အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ကြိုးစားနေသလို ဆေးဘက်ဆိုင်ရာ ပညာရှင်များနဲ့လည်း ဆွေးနွေးလျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ We Love Yangon ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က တာဝန်ယူထားပြီး အဖွဲ့ဝင် ၃၀၀၀ ခန့် ဖြင့် ယခုနှစ်
မတ် ၅ ရက်က ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Credit
About the author
admm