နိုင္ငံေတာ္အစိုးရထံမွေခ်းေငြရရွိရန္ အေဝးေျပးယာဥ္လိုင္းမ်ား စုေပါင္းလက္မွတ္ေရးထိုးတင္ျပထား

နိုင္ငံေတာ္အစိုးရထံမွေခ်းေငြရရွိရန္ အေဝးေျပးယာဥ္လိုင္းမ်ား စုေပါင္းလက္မွတ္ေရးထိုးတင္ျပထား

 

 

ရန္ကုန္တိုင္းေဒသႀကီး အေျချပဳေျပးဆြဲေနေသာ အေဝးေျပးယာဥ္လိုင္းမ်ား နိုင္ငံေတာ္အစိုးရထံမွ ေခ်းေငြရရွိရန္ စုေပါင္းလက္မွတ္ေရးထိုး

 

တင္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕(YRTA)မွ သိရပါတယ္။ COVID-19

 

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးကာလအတြင္း ခရီးသည္တင္အေဝးေျပးယာဥ္လိုင္း အားလုံးနီးပါးမွာ ေျပးဆြဲမႈရပ္နားထားရၿပီး ေျပးဆြဲမႈရပ္နား

 

ရန္ တရားဝင္ညႊန္ၾကားခ်က္မ်ားမရွိေသာ္လည္း သြားလာမည့္ ခရီးသည္မရွိျခင္း၊ Stay at Home အက်ဳံးဝင္ေသာ ၿမိဳ႕မ်ားတြင္ အဝင္အထြက္

 

သြားလာမႈမ်ား ကန႔္သတ္ထားျခင္း၊ Quarantine ဝင္ရျခင္း စသည့္အေျခအေနမ်ားေၾကာင့္ ရပ္နားထားျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

 

ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအေျချပဳအေဝးေျပးယာဥ္လိုင္းမ်ားအေနျဖင့္ ဆက္လက္ရပ္တည္နိုင္ေရး ေခ်းေငြရရွိရန္ တင္ျပထားၿပီး

 

လက္ရွိအခ်ိန္အထိ အေၾကာင္းတစ္စုံတစ္ရာ ျပန္ၾကားထားမႈ မရွိေသးေၾကာင္း သိရပါတယ္။ လက္ရွိ ကိုဗစ္ကာလတြင္ ရန္ကုန္တိုင္းေဒသ

 

ႀကီးရွိ အေဝးေျပးခရီးသည္တင္ယာဥ္လိုင္းအနည္းငယ္သည္ မျဖစ္မေန ေနရပ္ျပန္လိုသူမ်ားအတြက္သာ ေျပးဆြဲေပးေနၿပီး ပုံမွန္ေျပးဆြဲျခင္း

 

မ်ားကို ဆက္လက္ရပ္နားထားေၾကာင္းသိရပါတယ္။ ယခင္ကာလမ်ားက ရန္ကုန္တိုင္းေဒသႀကီးမွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးသို႔

 

ေအာင္မဂၤလာအေဝးေျပးဝင္းႏွင့္ ဒဂုံဧရာအေဝးေျပးဝင္းတို႔မွ အေဝးေျပးယာဥ္လိုင္းေပါင္း ၂၀၈လိုင္း၊ ယာဥ္အစီးေရ ၈၂၀ ျဖင့္ ေျပးဆြဲေပး

 

ခဲ့ေၾကာင္း သိရပါတယ္။

 

Credit

 

 

 

Unicode

 

 

ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများ နိုင်ငံတော်အစိုးရထံမှ ချေးငွေရရှိရန် စုပေါင်းလက်မှတ်ရေးထိုး

 

တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရပါတယ်။ COVID-19

 

ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရီးသည်တင်အဝေးပြေးယာဉ်လိုင်း အားလုံးနီးပါးမှာ ပြေးဆွဲမှုရပ်နားထားရပြီး ပြေးဆွဲမှုရပ်

 

နားရန် တရားဝင်ညွှန်ကြားချက်များမရှိသော်လည်း သွားလာမည့် ခရီးသည်မရှိခြင်း၊ Stay at Home အကျုံးဝင်သော မြို့များတွင် အဝင်

 

အထွက် သွားလာမှုများ ကန့်သတ်ထားခြင်း၊ Quarantine ဝင်ရခြင်း စသည့်အခြေအနေများကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအခြေပြုအဝေးပြေးယာဉ်လိုင်းများအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ချေးငွေရရှိရန် တင်ပြထားပြီး

 

လက်ရှိအချိန်အထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားထားမှု မရှိသေးကြောင်း သိရပါတယ်။ လက်ရှိ ကိုဗစ်ကာလတွင် ရန်ကုန်တိုင်းဒေသ

 

ကြီးရှိ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းအနည်းငယ်သည် မဖြစ်မနေ နေရပ်ပြန်လိုသူများအတွက်သာ ပြေးဆွဲပေးနေပြီး ပုံမှန်ပြေးဆွဲခြင်း

 

များကို ဆက်လက်ရပ်နားထားကြောင်းသိရပါတယ်။ ယခင်ကာလများက ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့

 

အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ အဝေးပြေးယာဉ်လိုင်းပေါင်း ၂၀၈လိုင်း၊ ယာဉ်အစီးရေ ၈၂၀ ဖြင့် ပြေးဆွဲပေး

 

ခဲ့ကြောင်း သိရပါတယ်။

 

Credit