ကိုဗစ္ေၾကာင့္ရပ္ထားရသည့္ Yangon Water Bus ခရီးစဥ္အခ်ိဳ႕ ယေန႔မွစတင္ကာ ျပန္လည္ေျပးဆြဲ

ကိုဗစ္ေၾကာင့္ရပ္ထားရသည့္ Yangon Water Bus ခရီးစဥ္အခ်ိဳ႕ ယေန႔မွစတင္ကာ ျပန္လည္ေျပးဆြဲ

 

 

ကိုဗစ္-၁၉ေရာဂါျဖစ္ပြားေနမႈမ်ားေၾကာင့္ ရပ္နားထားရသည့္ Yangon Water Bus ခရီးစဥ္အခ်ိဳ႕ကို ယေန႔ ဒီဇင္ဘာလ ၇ရက္ေန႔မွစတင္ကာ

 

ျပန္လည္ေျပးဆြဲလ်က္ရွိတယ္လို႔ Yangon Water Bus ရဲ့ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။ Yangon Water Bus ခရီးစဥ္ကို

 

ဆာပါေခ်ာင္နဲ႔ လမ္းသစ္ဆိပ္ကမ္းတို႔ကို အသြားအျပန္ ေျပးဆြဲမည္ျဖစ္ၿပီး ဆာ ပါေခ်ာင္ဆိပ္ကမ္းမွ နံနက္ ၆ နာရီတြင္လည္းေကာင္း၊ လမ္း

 

သစ္ဆိပ္ကမ္းမွ နံနက္ ၆ နာရီ ၁၅ မိနစ္တြင္ လည္းေကာင္း စတင္ထြက္ခြာမွာျဖစ္သလို ညပိုင္း ၇နာရီအခ်ိန္မွာ ေနာက္ဆုံးထြက္ခြာသြား

 

မွာျဖစ္ပါတယ္။ ဆက္လက္ၿပီး သေဘၤာေျပးဆြဲေပးမည့္ အခ်ိန္ဇယားမ်ားကို မနက္ပိုင္းနဲ႔ ညပိုင္းခြဲျခားထားၿပီး နံနက္ပိုင္းမွာ နံနက္ ၆နာရီ မွ

 

 

၉ နာရီ ၄၅ မိနစ္အထိလည္းေကာင္း၊ ညေနပိုင္းမွာ ညေန ၃ နာရီ ၃၀ မွ၊ ည ၇ နာရီ ၁၅ မိနစ္အထိလည္းေကာင္း ေျပးဆြဲမွာျဖစ္တယ္လို႔

 

သိရပါတယ္။ ဒါ့ျပင္ Yangon Water Bus ခရီးစဥ္အတြက္ လက္မွတ္ဝယ္ယူသူမ်ားအား ပါးစပ္၊ ႏွာေခါင္းစည္းမ်ား အခမဲ့ေဝငွ မွာျဖစ္ေၾကာင္း

 

သိရၿပီး ေနာက္ပိုင္းမွာ ပန္းဆိုးတန္း၊ အံ့ႀကီး၊ သမၼတဆိပ္ကမ္းမ်ားသို႔လည္း ဆက္လက္ေျပးဆြဲ မယ္လို႔ ဆိုပါတယ္။ ထို႔ေနာက္ က်န္းမာေရး

 

ဆိုင္ရာ စည္းကမ္းခ်က္မ်ားနဲ႔အညီ ညေနခင္း ေနဝင္ဆည္းဆာအလွၾကည့္ရႈသည့္ ခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲနိုင္ရန္ စီစဥ္လ်က္ရွိကာ

 

ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ားရဲ့ ခရီးသြားလာမႈကို အေထာက္အကူျဖစ္ေစမည့္ Yangon Water Bus ခရီးစဥ္မ်ားကို ၂၀၁၇ခုႏွစ္မွာ စတင္ခဲ့

 

တာျဖစ္ပါတယ္။

 

Credit

 

 

 

Unicode

 

ကိုဗစ်ကြောင့်ရပ်ထားရသည့် Yangon Water Bus ခရီးစဉ်အချို့ ယနေ့မှစတင်ကာ ပြန်လည်ပြေးဆွဲ

 

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကြောင့် ရပ်နားထားရသည့် Yangon Water Bus ခရီးစဉ်အချို့ကို ယနေ့ ဒီဇင်ဘာလ ၇ရက်နေ့မှစတင်ကာ

 

ပြန်လည်ပြေးဆွဲလျက်ရှိတယ်လို့ Yangon Water Bus ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ Yangon Water Bus ခရီးစဉ်ကို

 

ဆာပါချောင်နဲ့ လမ်းသစ်ဆိပ်ကမ်းတို့ကို အသွားအပြန် ပြေးဆွဲမည်ဖြစ်ပြီး ဆာ ပါချောင်ဆိပ်ကမ်းမှ နံနက် ၆ နာရီတွင်လည်းကောင်း၊ လမ်း

 

သစ်ဆိပ်ကမ်းမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် လည်းကောင်း စတင်ထွက်ခွာမှာဖြစ်သလို ညပိုင်း ၇နာရီအချိန်မှာ နောက်ဆုံးထွက်ခွာသွား

 

မှာဖြစ်ပါတယ်။ ဆက်လက်ပြီး သင်္ဘောပြေးဆွဲပေးမည့် အချိန်ဇယားများကို မနက်ပိုင်းနဲ့ ညပိုင်းခွဲခြားထားပြီး နံနက်ပိုင်းမှာ နံနက် ၆နာရီ

 

 

မှ ၉ နာရီ ၄၅ မိနစ်အထိလည်းကောင်း၊ ညနေပိုင်းမှာ ညနေ ၃ နာရီ ၃၀ မှ၊ ည ၇ နာရီ ၁၅ မိနစ်အထိလည်းကောင်း ပြေးဆွဲမှာဖြစ်တယ်လို့

 

သိရပါတယ်။ ဒါ့ပြင် Yangon Water Bus ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူသူများအား ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ဝေငှ မှာဖြစ်

 

ကြောင်း သိရပြီး နောက်ပိုင်းမှာ ပန်းဆိုးတန်း၊ အံ့ကြီး၊ သမ္မတဆိပ်ကမ်းများသို့လည်း ဆက်လက်ပြေးဆွဲ မယ်လို့ ဆိုပါတယ်။ ထို့နောက်

 

ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနဲ့အညီ ညနေခင်း နေဝင်ဆည်းဆာအလှကြည့်ရှုသည့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရန်

 

စီစဉ်လျက်ရှိကာ ရန်ကုန်မြို့နေ ပြည်သူများရဲ့ ခရီးသွားလာမှုကို အထောက်အကူဖြစ်စေမည့် Yangon Water Bus ခရီးစဉ်များကို

 

၂၀၁၇ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

Credit