INTERNATIONAL NEWS

ကိုဗစ္အကူအညီ ရန္ပုံေငြမွ ေဒၚလာ ၁ သန္း လာဘ္စားမႈနဲ႔ အင္ဒိုနီးရွား လူမႈေရးရာဝန္ႀကီး ဖမ္းဆီးခံရ

Written by admm

ကိုဗစ္အကူအညီ ရန္ပုံေငြမွ ေဒၚလာ ၁ သန္း လာဘ္စားမႈနဲ႔ အင္ဒိုနီးရွား လူမႈေရးရာဝန္ႀကီး ဖမ္းဆီးခံရ

 

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါသင့္ျပည္သူေတြကို အကူအညီေပးဖို႔ မတည္ထားတဲ့ ရန္ပုံေငြထဲက ေဒၚလာ ၁ သန္းေက်ာ္ လာဘ္စားခဲ့ေၾကာင္း

 

စြပ္စြဲခံရၿပီးေနာက္ အင္ဒိုနီးရွား လူမႈေရးရာဝန္ႀကီး တနဂၤေႏြေန႔က ဖမ္းဆီးခံရေၾကာင္း သိရပါတယ္။ စေနေန႔က အင္ဒိုနီးရွား အဂတိလိုက္

 

စားမႈ တိုက္ဖ်က္ေရးအဖြဲ႕ဦးေဆာင္တဲ့ တင္းက်ပ္တဲ့ စစ္ဆင္ေရးတစ္ခုအတြင္း အင္ဒိုနီးရွား ႐ူပီးယား ၁၄.၅ သန္းေက်ာ္ (အေမရိကန္ေဒၚလာ

 

၁.၂ သန္း)ေငြသား ပါဝင္တဲ့ အိတ္ေတြ၊ ေက်ာပိုးအိတ္ေတြနဲ႔ စာအိတ္ေတြကို သိမ္းဆည္းရမိၿပီးေနာက္ လူမႈေရးရာဝန္ႀကီး ဂ်ဴလီရာ ဘာတူ

 

ဘာရာကို တရားခံအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ အဆိုပါစစ္ဆင္ေရးအတြင္း သံသယရွိသူ ၄ ဦးကို ဖမ္းဆီးခဲ့ၿပီး ကိုဗစ္ အကူအညီေပးေရး

 

 

လုပ္ပိုင္ခြင့္ ေပးခံရတဲ့ ကန္ထရိုက္ ႏွစ္ဦးလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။ တနဂၤေႏြေန႔ကေတာ့ လူမႈေရးရာဝန္ႀကီးဘာတူဘာရာဟာ

 

အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဌာနခ်ဳပ္ကို ကိုယ္တိုင္လာေရာက္အဖမ္းခံခဲ့ပါတယ္။ ခုလို ဖမ္းဆီးခံရမႈေၾကာင့္ မၾကာေသးခင္ သီတင္း

 

ပတ္ေတြအတြင္း အဂတိလိုက္စားမႈနဲ႔ အဖမ္းခံရတဲ့ ဂ်ိဳကိုဝီဒိုဒိုအစိုးရအဖြဲ႕က ဒုတိယေျမာက္ ဝန္ႀကီးတစ္ဦး ျဖစ္ခဲ့ပါတယ္။ “ဒါက ျပည္သူေတြ

 

ရဲ့ေငြပါ။ Covid-19 ကာလအတြင္း နိုင္ငံစီးပြားေရး ျပန္လည္ နာလည္ထူလာေစဖို႔ အေရးတႀကီး လိုအပ္တဲ့ အကူအညီေတြလည္း ျဖစ္တယ္

 

လို႔ သမၼတဝီဒိုဒိုက ေျပာခဲ့ၿပီး အက်င့္ပ်က္တဲ့ အရာရွိေတြကို ကာကြယ္ေပးမွာမဟုတ္ေၾကာင္း ကတိေပးခဲ့ပါတယ္။ အေရွ႕ေတာင္အာရွ

 

အႀကီးမားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားစီးပြားေရးဟာ ကိုဗစ္ေၾကာင့္ အႀကီးအက်ယ္ ထိခိုက္ေနခဲ့ၿပီး အစိုးရက အကူအညီလိုအပ္ေနတဲ့သူေတြကို

 

ေထာက္ပံ့ဖို႔ အကူအညီေပးေရး အစီအစဥ္ေတြ ေရးဆြဲ ေထာက္ပံ့ေနတယ္လို႔ သိရပါတယ္။ ဘာတူဘာရာဟာ ဒီလိုအကူအညီေပးေရး စီမံ

 

ကိန္းမွာ ပါဝင္သူေတြထံက လာဘ္ေပးလာဘ္ယူမႈတစ္ခုမွာ ပါဝင္ေနၿပီး ေရာဂါကူးစက္သူေတြကို အေျခခံအစားအစာ ေထာက္ပံ့ဖို႔ ခန႔္အပ္

 

ထားတဲ့ ကန္ထရိုက္ႏွစ္ဦးဆီက ေဒၚလာ ၁ သန္းေက်ာ္ လက္ခံရရွိခဲ့ေၾကာင္း တာဝန္ရွိသူေတြက စြပ္စြဲခဲ့တာလည္း ျဖစ္ပါတယ္။ အစား

 

အေသာက္တစ္ထုတ္စီအတြက္ ဝန္ႀကီးဘာတူဘာရာဟာ ႐ူပီးယား တစ္ေသာင္း လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။ ခုလို လာဘ္စားမႈ

 

အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရင္ ဘာတူဘာရာအေနနဲ႔ ေထာင္ဒဏ္ အႏွစ္ ၂၀ နဲ႔အတူ ဒဏ္ေၾကး ႐ူပီးယား တစ္ဘီလီယံ ေပးေဆာင္ရဖြယ္

 

ရွိေၾကာင္း သိရပါတယ္။

 

Credit

 

 

 

Unicode

 

 

ကိုဗစ်အကူအညီ ရန်ပုံငွေမှ ဒေါ်လာ ၁ သန်း လာဘ်စားမှုနဲ့ အင်ဒိုနီးရှား လူမှုရေးရာဝန်ကြီး ဖမ်းဆီးခံရ

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသင့်ပြည်သူတွေကို အကူအညီပေးဖို့ မတည်ထားတဲ့ ရန်ပုံငွေထဲက ဒေါ်လာ ၁ သန်းကျော် လာဘ်စားခဲ့ကြောင်း

 

စွပ်စွဲခံရပြီးနောက် အင်ဒိုနီးရှား လူမှုရေးရာဝန်ကြီး တနင်္ဂနွေနေ့က ဖမ်းဆီးခံရကြောင်း သိရပါတယ်။ စနေနေ့က အင်ဒိုနီးရှား အဂတိလိုက်စား

 

မှု တိုက်ဖျက်ရေးအဖွဲ့ဦးဆောင်တဲ့ တင်းကျပ်တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း အင်ဒိုနီးရှား ရူပီးယား ၁၄.၅ သန်းကျော် (အမေရိကန်ဒေါ်လာ

 

၁.၂ သန်း)ငွေသား ပါဝင်တဲ့ အိတ်တွေ၊ ကျောပိုးအိတ်တွေနဲ့ စာအိတ်တွေကို သိမ်းဆည်းရမိပြီးနောက် လူမှုရေးရာဝန်ကြီး ဂျူလီရာ ဘာတူ

 

ဘာရာကို တရားခံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးအတွင်း သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ကိုဗစ် အကူအညီပေးရေး

 

 

လုပ်ပိုင်ခွင့် ပေးခံရတဲ့ ကန်ထရိုက် နှစ်ဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ကတော့ လူမှုရေးရာဝန်ကြီးဘာတူဘာရာ

 

ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဌာနချုပ်ကို ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ ခုလို ဖမ်းဆီးခံရမှုကြောင့် မကြာသေးခင် သီတင်း

 

ပတ်တွေအတွင်း အဂတိလိုက်စားမှုနဲ့ အဖမ်းခံရတဲ့ ဂျိုကိုဝီဒိုဒိုအစိုးရအဖွဲ့က ဒုတိယမြောက် ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ “ဒါက ပြည်သူတွေ

 

ရဲ့ငွေပါ။ Covid-19 ကာလအတွင်း နိုင်ငံစီးပွားရေး ပြန်လည် နာလည်ထူလာစေဖို့ အရေးတကြီး လိုအပ်တဲ့ အကူအညီတွေလည်း ဖြစ်တယ်လို့

 

သမ္မတဝီဒိုဒိုက ပြောခဲ့ပြီး အကျင့်ပျက်တဲ့ အရာရှိတွေကို ကာကွယ်ပေးမှာမဟုတ်ကြောင်း ကတိပေးခဲ့ပါတယ်။ အရှေ့တောင်အာရှ အကြီးမား

 

ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားစီးပွားရေးဟာ ကိုဗစ်ကြောင့် အကြီးအကျယ် ထိခိုက်နေခဲ့ပြီး အစိုးရက အကူအညီလိုအပ်နေတဲ့သူတွေကို ထောက်ပံ့ဖို့

 

အကူအညီပေးရေး အစီအစဉ်တွေ ရေးဆွဲ ထောက်ပံ့နေတယ်လို့ သိရပါတယ်။ ဘာတူဘာရာဟာ ဒီလိုအကူအညီပေးရေး စီမံကိန်းမှာ ပါဝင်

 

သူတွေထံက လာဘ်ပေးလာဘ်ယူမှုတစ်ခုမှာ ပါဝင်နေပြီး ရောဂါကူးစက်သူတွေကို အခြေခံအစားအစာ ထောက်ပံ့ဖို့ ခန့်အပ်ထားတဲ့ ကန်ထရို

 

က်နှစ်ဦးဆီက ဒေါ်လာ ၁ သန်းကျော် လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ အစားအသောက်တစ်ထုတ်စီ

 

အတွက် ဝန်ကြီးဘာတူဘာရာဟာ ရူပီးယား တစ်သောင်း လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ခုလို လာဘ်စားမှု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်

 

ဘာတူဘာရာအနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ နဲ့အတူ ဒဏ်ကြေး ရူပီးယား တစ်ဘီလီယံ ပေးဆောင်ရဖွယ်ရှိကြောင်း သိရပါတယ်။

Credit

 

 

 

 

 

 

 

 

 

 

 

About the author

admm