LOCAL NEWS
Written by admm
Credit
Unicode
မဟာမြတ်မုနိဘုရား ရွှေမိုက်ထုတ်ယူခြင်းမှရရှိသော ရွှေအစစ်များဖြင့် ကျောင်းဆောင်ရှိ တိုင်လုံးကြီးများကို ရွှေချသွားမည်
မန္တလေးရှိ မဟာမြတ်မုနိဘုရားကြီး နှစ်စဉ်ရွှေမိုက်ထုတ်ယူခြင်းမှ ရရှိလာသော ရွှေအစစ်များကို ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများကို
ရွှေချသွားမှာဖြစ်တယ်လို့ မန္တလေးမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရပါ တယ်။ မန္တလေးမဟာမုနိဘုရားကြီးအား ကိုဗစ်-၁၉ ရောဂါကြောင့်
ဘုရားဖူးများ ပိတ်သိမ်းကန့်သတ်ထားစဉ် ကာလအ တွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။ “တိုင်တွေအစား
အုတ်နေရာမှာ နောက်က Foundation တစ်ခု အမာခံလုပ်ပြီး ကြေးကပ်မယ်၊ ကြေးပေါ်မှာမှ သစ်စေးသုတ်ပြီး ရွှေချမှာပါ၊ ရွှေချမယ့်ကိစ္စနှင့်ပတ်သက်
ပြီး ဩဝါဒဆရာတော်ကြီးတွေကို လျှောက်ထားတဲ့အ ခါမှာလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်”လို့ ဂေါပကအဖွဲ့
ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။ ဆက်လက်ပြီး မဟာမုနိဘုရားကြီးမှာ ရွှေမိုက်ထုတ်တာ နှစ်စဉ် ၆/၇ ပိဿာလောက်ရပြီး နှစ်စဉ် ရွှေများက
ဘုရားမှာ စုဆောင်းထားတာလည်းကြာပြီဆိုတော့ ဘုရားကြီးကိုပြန်ပြီး သပ္ပာယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျောင်းဆောင်တော်ကြီးမှာရှိသော
တိုင်လုံးကြီးများမှာ ရွှေကပ်လှူတဲ့လုပ်ငန်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ ဘုရားကြီးမှ ရရှိလာသော ရွှေအစစ်များဖြင့်
ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချ ပြီးပါက ကျောင်းဆောင်တော်ကြီးတစ်ခုလုံးမှာ ရွှေကျောင်းဆောင်တော်ကြီးဖြစ်သွားမှာဖြစ်တယ်
လို့လည်း ဆိုပါ တယ်။
Credit
About the author
admm