INTERNATIONAL NEWS
Written by admm
Unicode
အိန္ဒိယမှာ Pfizer က Covid-19 ကာကွယ်ဆေး အရေးပေါ် သုံးစွဲခွင့် အတည်ပြုချက် ရရှိဖို့ကြိုးပမ်း
အမေရိကန်ဆေးဝါး Pfizer ကုမ္ပဏီက အိန္ဒိယနိုင်ငံ မှာ ၎င်းကိုရိုနာဗိုင်းရပ်စ်  ကာကွယ်ဆေးကို  အရေးပေါ်
အသုံးပြုဖို့ ခွင့်ပြုချက်  လျှောက်ထားခဲ့ကြောင်း  အိန္ဒိယအစိုးရ ကျန်းမာရေး ထိပ်တန်းအကြံပေး  တစ်ဦးက တနင်္
ဂနွေနေ့က ပြောကြားလိုက်ပါတယ်။  ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ  ဒုတိယအများဆုံ း အရေအတွက်ရှိနေတဲ့ နိုင်ငံမှာ
Pfizer  ရဲ့ ပထမဆုံး ကြိုးပမ်းချက်တစ်ခုလို့ သိရပါတယ်။ မကြာသေးခင်က ဗြိတိန်နိုင်ငံမှာ အတည်ပြုခဲ့တဲ့  အမေရိကန်
ကာကွယ်ဆေးကုမ္ပဏီဟာဒီဇင်ဘာ၅ ရက်နေ့ကအိန္ဒိယအာဏာပိုင်တွေထံတရားဝင်ချဉ်းကပ်ခဲ့ကြောင်း Covid-19
ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အစိုးရကို အကြံပေးတဲ့ V.K. ပေါ်လ်က ပြောကြားခဲ့ပါတယ်။ခုလို နိုင်ငံမှာ အရေးပေါ် လိုင်စင်
ရရှိဖို့ စိတ်ဝင်စားတာကို ကြိုဆိုကြောင်း NDTV အင်တာဗျူးမှာ ပေါ်လ်က ပြောခဲ့ပါတယ်။ အိန္ဒိယမှာ ဆေးဝါးထိန်းသိမ်းရေး
အဖွဲ့ဟာ ပုံမှန်အားဖြင့် ဒီလိုလျှောက်ထားမှုကို ဆုံးဖြတ်ဖို့ ရက် ၉၀ သုံးလကြာမြင့်လေ့ရှိပြီး Pfizer ကာကွယ်ဆေးကတော့ ဒီထ
က် ပိုမြန်နိုင်ကြောင်း ပေါ်လ်က ပြောပါတယ်။အရေးပေါ် သုံးစွဲခွင့်အဖြစ် လျှောက်ထားမှုအပေါ် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန
နဲ့ အိန္ဒိယရှိ Pfizer အရာရှိတွေက ဖြေကြားထားခြင်း မရှိသေးပါဘူး။နိုဝင်ဘာလက Pfizer နဲ့ ပြိုင်ဘက် Moderna ကာကွယ်
ဆေးတွေအိန္ဒိယမှာအမြောက်အများ ရရှိနိုင်ဖွယ်မရှိကြောင်းပြောကြားခဲ့ဖူးပါတယ်။အိန္ဒိယမှာတော့ဒေသတွင်း စမ်းသပ်နေ
တဲ့ကာကွယ်ဆေး ငါးမျိုး ရှိနေပြီး အဲဒီအထဲမှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ အကူအညီဖြစ်တဲ့  အောက်စဖို့ဒ်တက္ကသိုလ်နဲ့
AstraZeneca က ပူးပေါင်းထုတ်လုပ်တဲ့ ဗြိတိန်ကာကွယ်ဆေးလည်း ပါဝင်နေပါတယ်။ခုလျှောက်ထားနေတဲ့ Pfizer ဆေးက
တော့အပူချိန် -70 ဒီဂရီဆဲလ်စီးရပ်အောက်ထိန်းသိမ်းဖို့လိုအပ်နေပြီးကျွမ်းကျင်သူတွေက အိန္ဒိယရှိအအေးခန်းသိုလှောင်ရုံ
အများအပြားတွေမှာ ဒီဆေးတွေကို ထိန်းသိမ်းဖို့ ခက်ခဲနိုင်ကြောင်း ပြောကြားထားပါတယ်။အိန္ဒိယမှာ Covid-19 ဖြစ်ပွားမှု
၉.၅၇ သန်းနဲ့ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံး ရောဂါကူးစက်နေတာ ဖြစ်ပါတယ်။
Credit;
About the author
admm