INTERNATIONAL NEWS

အိန္ဒိယမှာ Pfizer က Covid-19 ကာကွယ်ဆေး အရေးပေါ် သုံးစွဲခွင့် အတည်ပြုချက် ရရှိဖို့ကြိုးပမ်း

Written by admm

အိန္ဒိယမှာ Pfizer က Covid-19 ကာကွယ်ဆေး အရေးပေါ် သုံးစွဲခွင့် အတည်ပြုချက် ရရှိဖို့ကြိုးပမ်း

 

 

အမေရိကန်ဆေးဝါး Pfizer ကုမ္ပဏီက အိန္ဒိယနိုင်ငံမှာ ၎င်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့

 

ခွင့်ပြုချက်  လျှောက်ထားခဲ့ကြောင်း အိန္ဒိယအစိုးရ  ကျန်းမာရေး ထိပ်တန်းအကြံပေး တစ်ဦးက တနင်္ဂနွေနေ့က ပြော

 

ကြားလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဒုတိယအများဆုံး အရေအတွက်ရှိနေတဲ့ နိုင်ငံမှာPfizer  ရဲ့ ပထမဆုံး

 

ကြိုးပမ်းချက်တစ်ခုလို့သိရပါတယ်။မကြာသေးခင်ကဗြိတိန်နိုင်ငံမှာအတည်ပြုခဲ့တဲ့ အမေရိကန်ကာကွယ်ဆေးကုမ္ပဏီ

 

ဟာ ဒီဇင်ဘာ ၅ ရက်နေ့ကအိန္ဒိယအာဏာပိုင်တွေထံတရားဝင်ချဉ်းကပ်ခဲ့ကြောင်း Covid-19 ကိစ္စရပ်တွေနဲ့ ပတ်သက်

 

ပြီး အစိုးရကို အကြံပေးတဲ့ V.K. ပေါ်လ်က ပြောကြားခဲ့ပါတယ်။ခုလို နိုင်ငံမှာအရေးပေါ် လိုင်စင်ရရှိဖို့ စိတ်ဝင်စားတာကို

 

 

ကြိုဆိုကြောင်း NDTV  အင်တာဗျူးမှာ ပေါ်လ်က ပြောခဲ့ပါတယ်။ အိန္ဒိယမှာ ဆေးဝါးထိန်းသိမ်းရေးအဖွဲ့ဟာ  ပုံမှန်အားဖြင့်

 

ဒီလိုလျှောက်ထားမှုကို ဆုံးဖြတ်ဖို့ ရက် ၉၀ သုံးလကြာမြင့်လေ့ရှိပြီး Pfizer ကာကွယ်ဆေးကတော့ ဒီထက်ပိုမြန်နိုင်ကြောင်း

 

ပေါ်လ်က ပြောပါတယ်။ အရေးပေါ် သုံးစွဲခွင့်အဖြစ် လျှောက်ထားမှုအပေါ်  အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယရှိ  Pfizer

 

အရာရှိတွေက ဖြေကြားထားခြင်း မရှိသေးပါဘူး။နိုဝင်ဘာလက Pfizer နဲ့ ပြိုင်ဘက်  Moderna ကာကွယ်ဆေးတွေ အိန္ဒိယ

 

မှာ အမြောက်အများရရှိနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။အိန္ဒိယမှာတော့ ဒေသတွင်းစမ်းသပ်နေတဲ့ကာကွယ်ဆေး

 

ငါးမျိုး ရှိနေပြီး အဲဒီအထဲမှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ အကူအညီဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့AstraZeneca က ပူး

 

 

ပေါင်းထုတ်လုပ်တဲ့ ဗြိတိန်ကာကွယ်ဆေးလည်း ပါဝင်နေပါတယ်။ခုလျှောက်ထားနေတဲ့ Pfizer  ဆေးကတော့ အပူချိန် -70

 

ဒီဂရီဆဲလ်စီးရပ်အောက် ထိန်းသိမ်းဖို့ လိုအပ်နေပြီး ကျွမ်းကျင်သူတွေကအိန္ဒိယရှိ အအေးခန်းသိုလှောင်ရုံ အများအပြားတွေ

 

မှာဒီဆေးတွေကိုထိန်းသိမ်းဖို့ခက်ခဲနိုင်ကြောင်း ပြောကြားထားပါတယ်။အိန္ဒိယမှာCovid-19 ဖြစ်ပွားမှု ၉.၅၇ သန်းနဲ့ ကမ္ဘာမှာ

 

ဒုတိယအမြင့်ဆုံး ရောဂါကူးစက်နေတာ ဖြစ်ပါတယ်။

 

Unicode

 


 

 

 


 


 

ကွားလိုကျပါတယျ။ ကမ်ဘာပေါျမှာ ကူးစကျရောဂါ ဒုတိယအမြားဆုံး အရအေတှကျရှိနတေဲ့ နိုငျငံမှာPfizer  ရဲ့ ပထမဆုံး

 


 


 


 

 

 


 


 

ပေါျလျကပွောပါတယျ။ အရေးပေါျ သုံးစှဲခှငျ့အဖွစျ လြှောကျထားမှုအပေါျ  အိန်ဒိယကနြျးမာရေးဝနျကွီးဌာနနဲ့အိန်ဒိယရှိPfizer

 


 


 


 

 


 


 


 


 

Credit;

About the author

admm