Credit
Unicode
အမည်မသိ ရောဂါတစ်ခုကြောင့် အိန္ဒိယတောင်ပိုင်းမှာ တစ်ဦးသေဆုံးပြီး ရာနဲ့ချီ ဆေးရုံတက်နေရ
အိန္ဒိယတောင်ပိုင်းမှာ အမည်မသိ ရောဂါကူးစက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၄၀၀ ကျော် ဆေးရုံတင် ကုသခဲ့ရကြောင်း သိရပါတယ်။
ဒီရောဂါကြောင့် လူတော်တော်များများ တက်တာနဲ့ ပျို့အန်ပြီး သတိလစ်ကုန်တယ်လို့ ကျန်းမာရေး အကြီးတန်းအရာရှိတစ်ဦးက တနင်္လာ
နေ့က ပြောပါတယ်။ တနင်္ဂနွေနေ့က လူ ၂၀၀ ကျော်ကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီး Covid-19 ရောဂါစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့
တောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်နယ်အစိုးရနဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒီရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်
ဖြစ်နိုင်ကြောင်း ယူဆနေကြပြီး နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဒေသအနီး ရေနမူနာ
တွေကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရက ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရှိသေးကြောင်း ထုတ်
ပြန်ထားပြီး အသက်အရွယ်အသီးသီးက လူတွေကို ကူးစက်နိုင်ကြောင်း ဆက်လက်ပြောကြားသွားပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က စပြီး
လူ ၄၀ ကျော်လောက် ဝက်ရူးပြန်ရောဂါပုံစံ ပါးစပ်က အမြုပ်ထွက်တာနဲ့ သတိလစ်တာမျိုးတွေရှိခဲ့ပြီး တနင်္ဂနွေနေ့က ၄၅ နှစ်အရွယ်
အမျိုးသားတစ်ဦး ဆေးရုံရောက်ရှိလာပြီးနောက် သေဆုံးသွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြသွားပါတယ်။ သီးခြားအနေနဲ့
ကလေး ၃၀၀ ကျော်ကို ကူးစက်နေတဲ့ ရောဂါကို စုံစမ်းစစ်ဆေးဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထား
ကြောင်း အိန္ဒိယ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။ ကလေးတွေမှာ ခေါင်းမူးတာ၊ ခေါင်းကိုက်တာနဲ့ အော့အန်
တာတွေ ခံစားနေရတာတွေ့ရပြီး တစ်အိမ်တက်ဆင်း စမ်းသပ်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ သွေးကြောဆိုင်ရာ စမ်းသပ်မှုနဲ့
ဘက်တီးရီးယားစစ်ဆေးမှုအတါက် လူနာတွေရဲ့ သွေးနမူနာတွေကို ယူဆောင် စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဆက်လက်ပြီး အဆိုပါရောဂါစတင်ဖြစ်ပွားရာ အီလူရူမြို့ထဲက နေရာပေါင်း ၂၀ က ရေဖြန့်ဖြူးရေးတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အင်ဒရာပရာဒေ့ရျ်ပြည်နယ်ဟာ အိန္ဒိယမှာ ကိုဗစ်အဆိုးဝါးဆုံး ထိခိုက်နေတဲ့ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ
ကိုဗစ်ရောဂါကူးစက်မှု ၉.၆၈ သန်း မှတ်တမ်းတင်ရှိနေပြီး အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယအဆိုးရွားဆုံး ကူးစက်နေတဲ့ နိုင်ငံ
ဖြစ်ပါတယ်။
Credit