CELE NEWS
Written by admm
Credit
Unicode
အာရှရဲ့ဒီဂျစ်တယ်ကြယ်ပွင့်အယောက် ၁၀၀ စာရင်းမှာပါဝင်ခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်
အာရှရဲ့လူမှုကွန်ယက်ဒီဂျစ်တယ် ကြယ်ပွင့်အယောက် ၁၀၀ စာရင်းထဲမှာ မြန်မာ နိုင်ငံမှ အဆိုတော်၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က
ပါဝင်နေ တာဖြစ်ပါတယ်။ ဒီစာရင်းကတော့ အာရှနိုင်ငံအသီးသီးက နာမည်ကြီးထိပ်တန်း အဆိုတော်များ၊ တီးဝိုင်းများ၊ ရုပ်ရှင်သရုပ်ဆောင်တွေထဲ
ကမှ အယောက် ၁၀၀ ကိုရွေးချယ် မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ “ Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျနော်ကို
ထည့်ထား တယ်။ ကျနော့်ပရိသတ်တွေရဲ့ အားပေး မှုကြောင့် ဖြစ်မှာပဲ Thanks to my fans” လို့ အဆိုတော်၊ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်က
သူ့ရဲ့ တရားဝင်ပေ့ချ်ကနေ ရေးသား အသိပေး ထားပါတယ်။ အာရှရဲ့လူမှုကွန်ယက်ဒီဂျစ်တယ် ကြယ်ပွင့်အယောက် ၁၀၀ စာရင်းထဲမှာ အဆိုတော်၊
သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင် ပါဝင်နေ တဲ့အတွက် ပရိသတ်တွေကဂုဏ်ယူနေကြသလို၊ မြန်မာနိုင်ငံအတွက်လည်း ဝမ်းသာစရာသတင်းတစ်ခု
ဖြစ်ပါတယ်။ ဒီအယောက် ၁၀၀ စာရင်းမှာပါဝင်ကြတဲ့ အနုပညာရှင်တွေဟာဆိုရင် လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ လူသိများ ကြော်ကြားသလို၊
ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်မှုများပြီး၊ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ အသိပညာတွေကိုလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အားလုံး
ကို မျှဝေပေးခဲ့ကြတာဖြစ်ပါတယ်။ အာရှရဲ့လူမှုကွန်ယက်ဒီဂျစ်တယ် ကြယ်ပွင့်အယောက် ၁၀၀ စာရင်းထဲမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း
အဖွဲ့တစ်ခု ဖြစ်တဲ့ BTS အဖွဲ့လည်းပါဝင်သလို၊ မြန်မာနိုင်ငံကအဆိုတော်စိုင်းစိုင်းခမ်းလှိုင်အပြင် သရုပ်ဆောင်ဝတ်မှုန်ရွှေရည်လည်း ပါဝင်နေတာ
ဖြစ်ပါတယ်။
Credit
About the author
admm