LOCAL NEWS

ဒိန္းမတ္ေငြေၾကးရန္ပုံေငြအဖြဲ႕(RBF)က SME လုပ္ငန္းတစ္ခုလၽွင္ အမ်ားဆုံးေငြက်ပ္ သိန္း ၈၀၀ အထိ ပံ့ပိုးေပးမည္

Written by admm

ဒိန္းမတ္ေငြေၾကးရန္ပုံေငြအဖြဲ႕(RBF)က SME လုပ္ငန္းတစ္ခုလၽွင္ အမ်ားဆုံးေငြက်ပ္ သိန္း ၈၀၀ အထိ ပံ့ပိုးေပးမည္

 

 

ဒိန္းမတ္ေငြေၾကးရန္ပုံေငြအဖြဲ႕(RBF)က ျမန္မာနိုင္ငံရွိ လုပ္ငန္းက႑ ေျခာက္ခုမွ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ လုပ္ငန္း

 

တစ္ခုလၽွင္ အမ်ားဆုံးေငြက်ပ္ သိန္း ၈၀၀ အထိပံ့ပိုးေပးသြားနိုင္ရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနတို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္

 

ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနမွ သိရပါတယ္။ ျမန္မာနိုင္ငံရွိ စြမ္းအင္အေလအလြင့္ေလၽွာ့ခ်ျခင္း၊

 

ေရသုံးစြဲမႈေလၽွာ့ခ်ျခင္း၊ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးျပဳျခင္း၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေရးႏွင့္ က်န္းမာေရး၊ အစားအေသာက္ ေဘး

 

အႏၲရာယ္ကင္းရွင္းေရး၊ စြန႔္ပစ္ေရဆိုးသန႔္စင္ျခင္းလုပ္ငန္း စေသာ လုပ္ငန္းက႑ေျခာက္ခုတြင္ အက်ဳံးဝင္သည့္ အေသးစား၊ အလတ္စား စီးပြားေရး

 

 

လုပ္ငန္းမ်ားကို ပံ့ပိုးေငြမ်ားေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။ SME လုပ္ငန္းတစ္ခုလၽွင္ အမ်ားဆုံးေငြက်ပ္ သိန္း ၈၀၀ အထိ ပံ့ပိုးေပးမည္ျဖစ္ၿပီး

 

ပံ့ပိုးမႈရယူလိုေသာ လုပ္ငန္းရွင္မ်ားအေနျဖင့္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ သက္ဆိုင္ရာ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာ

 

နမ်ားသို႔ ဆက္သြယ္နိုင္ကာ ပထမအဆင့္ ေလၽွာက္လႊာမ်ားကို ဇန္နဝါရီ ၄ရက္မွ ၂၇ ရက္အထိ တင္ျပေလၽွာက္ထားနိုင္ေၾကာင္း သိရပါတယ္။

 

ဖြံ့ၿဖိဳးမႈနည္းေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္းႏွင့္ ရခိုင္တို႔မွ SME လုပ္ငန္းမ်ားကို လုပ္ငန္းတန္ဖိုး ၅၀ ရာခိုင္ႏႈန္းအထိ ေထာက္ပံ့မည္ျဖစ္ၿပီး ပံ့ပိုးေပး

 

မည့္ လုပ္ငန္းက႑မ်ားအနက္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရး၊ က်န္းမာေရးႏွင့္ အစားအေသာက္ေဘးအႏၲရာယ္ကင္းရွင္းေရးဟုသည့္

 

 

လုပ္ငန္းႏွစ္ခုသည္ နိုင္ငံျခားတင္ပို႔ေနသည့္ လုပ္ငန္းမ်ား သို႔မဟုတ္ တင္ပို႔ရန္ အလားအလာရွိသည့္ လုပ္ငန္းမ်ားျဖစ္ရမည္ဟု ကန႔္သတ္ထားေၾကာင္း

 

သိရပါတယ္။ RBF သည္ ဒိန္းမတ္နိုင္ငံအကူအညီျဖင့္ သုံးႏွစ္အတြင္း ျမန္မာနိုင္ငံမွ တီထြင္ဆန္းသစ္မႈလုပ္ငန္းရွင္မ်ားအတြက္ ပံ့ပိုးမႈမ်ား

 

လုပ္ေဆာင္ေပးေနၿပီး ထိုသို႔ပံ့ပိုးေပးနိုင္ရန္ ၁၈ ဘီလီယံ အသုံးျပဳထားကာ လက္ရွိ စီးပြားေရးလုပ္ငန္း ၄၅၀ ေက်ာ္ကို က်ပ္ ၁၅ ဘီလီယံေထာက္

 

ပံ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

 

Credit

 

 

Unicode

 

ဒိန်းမတ်ငွေကြေးရန်ပုံငွေအဖွဲ့(RBF)က SME လုပ်ငန်းတစ်ခုလျှင် အများဆုံးငွေကျပ် သိန်း ၈၀၀ အထိ ပံ့ပိုးပေးမည်

 

ဒိန်းမတ်ငွေကြေးရန်ပုံငွေအဖွဲ့(RBF)က မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍ ခြောက်ခုမှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်

 

လုပ်ငန်းတစ်ခုလျှင် အများဆုံးငွေကျပ် သိန်း ၈၀၀ အထိပံ့ပိုးပေးသွားနိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း

 

ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံရှိ စွမ်းအင်အလေ

 

အလွင့်လျှော့ချခြင်း၊ ရေသုံးစွဲမှုလျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊

 

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စွန့်ပစ်ရေဆိုးသန့်စင်ခြင်းလုပ်ငန်း စသော လုပ်ငန်းကဏ္ဍခြောက်ခုတွင် အကျုံးဝင်သည့်

 

 

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးငွေများပေးမည်ဖြစ်ကြောင်း သိရပါတယ်။ SME လုပ်ငန်းတစ်ခုလျှင် အများဆုံးငွေကျပ်

 

သိန်း ၈၀၀ အထိ ပံ့ပိုးပေးမည်ဖြစ်ပြီး ပံ့ပိုးမှုရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာ

 

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများသို့ ဆက်သွယ်နိုင်ကာ ပထမအဆင့် လျှောက်လွှာများကို ဇန်နဝါရီ ၄ရက်မှ ၂၇ ရက်အထိ တင်ပြ

 

လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ဖွံ့ဖြိုးမှုနည်းသော ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရခိုင်တို့မှ SME လုပ်ငန်းများကို လုပ်ငန်းတန်ဖိုး ၅၀

 

ရာခိုင်နှုန်းအထိ ထောက်ပံ့မည်ဖြစ်ပြီး ပံ့ပိုးပေးမည့် လုပ်ငန်းကဏ္ဍများအနက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်

 

 

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဟုသည့် လုပ်ငန်းနှစ်ခုသည် နိုင်ငံခြားတင်ပို့နေသည့် လုပ်ငန်းများ သို့မဟုတ် တင်ပို့ရန်

 

အလားအလာရှိသည့် လုပ်ငန်းများဖြစ်ရမည်ဟု ကန့်သတ်ထားကြောင်း သိရပါတယ်။ RBF သည် ဒိန်းမတ်နိုင်ငံအကူအညီဖြင့် သုံးနှစ်အတွင်း

 

မြန်မာနိုင်ငံမှ တီထွင်ဆန်းသစ်မှုလုပ်ငန်းရှင်များအတွက် ပံ့ပိုးမှုများ လုပ်ဆောင်ပေးနေပြီး ထိုသို့ပံ့ပိုးပေးနိုင်ရန် ၁၈ ဘီလီယံ အသုံးပြုထားကာ

 

လက်ရှိ စီးပွားရေးလုပ်ငန်း ၄၅၀ ကျော်ကို ကျပ် ၁၅ ဘီလီယံထောက်ပံ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

Credit

About the author

admm