Credit
Unicode
အစိုးရထောက်ပံ့ငွေနဲ့စပ်လျဉ်းပြီး တိုင်ကြားစာ နှစ်သိန်းကျော်အနက် မှန်ကန်သည့်တိုင်ကြားစာ ၁၇၀၀၀၀ကျော်ရှိ
ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းနဲ့ စပ်လျဉ်းပြီး တိုင်ကြားစာ
စုစုပေါင်း ၂၁၀၇၄၈စောင် လက်ခံရရှိသည့်အနက် မှန်ကန်သည့်တိုင်ကြားစာပေါင်း ၁၇၆၅၁၀စောင် တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီး
ဦးမင်းသူရဲ့ ပြောပြချက်အရ သိရပါတယ်။ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းနဲ့စပ်လျဉ်း
ပြီး တိုင် ကြားစာတွေအပေါ် စိစစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းသူ
က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပြထားတာဖြစ်ပါတယ်။ တိုင်ကြားစာများ စတင်လက်ခံခဲ့သည့် နိုဝင်ဘာလ ၁၆ရက်နေ့မှစတင်
ကာ ဒီဇင်ဘာလ ၇ရက်နေ့အထိ တိုင် ကြားစာစုစုပေါင်း ၂၁၀၇၄၈စောင် လက်ခံရရှိခဲ့ကာ ဒီဇင်ဘာလ ၈ရက်နေ့အထိ တိုင်ကြားစာ ၁၈၁၉၂၉
စောင် (၈၆.၃၃ ရာခိုင်နှုန်း) စိစစ်ဆောင်ရွက်ပြီးဖြစ်တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ ရပ်ဖများနဲ့
ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စိစစ် ရေးအဖွဲ့များက တိုင်ကြားစာများကို စိစစ်သောအခါမှာ မှန်ကန်သည့်တိုင်ကြားစာပေါင်း
(၁၇၆၅၁၀)စောင် (၉၇.၀၂ ရာခိုင်နှုန်း) တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ထိုတိုင်ကြားစာများအနက် အလုပ်အကိုင် အဆင်မပြေမှုများနဲ့ ထောက်ပံ့
မှုစာရင်းတွင် မပါဝင်ခြင်းများကြောင့် ထောက်ပံ့ကြေးရယူလိုသည့်အတွက် တိုင်ကြားခြင်းမှာ (၉၆.၈ရာခိုင်နှုန်း)ပါဝင်ပြီး ထောက်ပံ့ကြေး အပြည့်
အဝမ ရရှိ၍ တိုင်ကြားခြင်းက (ဝ.၀၈ ရာခိုင်နှုန်း)ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထောက်ပံ့မှုများ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် တိုင်ကြာ
းခြင်းက (ဝ.၀၇ ရာခိုင်နှုန်း)ရှိကာ ယခင် ထောက်ပံ့မှုမှာပါဝင်ပြီး ယခုထောက်ပံ့မှုတွင် ပါဝင်မှု မရှိလို့ တိုင်ကြားခြင်းက (ဝ.၀၄ ရာခိုင်နှုန်း) နဲ့တင်ပြတဲ့
အိမ်ထောင်စုအတိုင်းမဟုတ်ဘဲ ချန်လှပ်ထားမှုကြောင့် တိုင်ကြားခြင်းက (ဝ.၀၃ ရာခိုင်နှုန်း)တို့ ဖြစ်တယ်လို့ ဆို ပါတယ်။ ထို့နောက် အစိုးရအနေနဲ့
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ရာမှာ အမှန်တကယ် ထောက်ပံ့ဖို့ ကျန်ရှိခဲ့တဲ့သူတွေကို ထပ်မံ
ထောက်ပံ့ပေးနိုင်ရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
Credit