Credit
Unicode
ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်ခဲ့ရသော လူမှုဖူလုံရေးအာမခံလုပ်သားများကို တစ်နှစ်အတွင်း
ဆေးကုသခွင့်ဆေးဖိုးနှင့် ခရီးစရိတ်များပြန်လည်ထုတ်ပေးနေ
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသော လူမှုဖူလုံရေးကြေး ပေးသွင်းထားသည့် အလုပ်သမားများကို
တစ်နှစ်အတွင်းဆေးကုသခွင့်ဆေးဖိုးနှင့် ခရီးစရိတ်များ ပြန်လည်ထုတ်ပေးနေကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရပါတယ်။ ထောက်ပံ့ကြေးများကို
လူမှုဖူလုံရေးကြေးထည့်သော ကာလအလိုက် အကျိုးခံစားခွင့်ခံစားရမည်ဖြစ်ပြီး အလုပ်နေရာပြောင်းသော်လည်း မှတ်ပုံတင်ထားသောလူမှုဖူလုံ
ရေးကတ်နံပါတ်အတိုင်း ဆက်လက်ထည့်ဝင်ကြေးများပေးသွင်းထားပါက သက်ဆိုင်ရာရုံးများနှင့်ချိတ်ဆက်ပြီး အကျိုးခံစားခွင့်များ နစ်နာမှုမရှိ
စေရန် လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။ ထောက်ပံ့ကြေးများအတွက် သက်ဆိုင်ရာမြို့နယ်ရုံးခွဲများတွင် လျှောက်ထားနိုင်ပြီး လျှောက်ထား
လာသည့်အပေါ် စိစစ်ကာ ခံစားခွင့်များ မဆုံးရှုံးစေရန် ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ ထို့ပြင် ကိုယ်ဝန်ဆောင်အာမခံအလုပ်သမားများ၊
ကိုဗစ်ရောဂါပိုးကူးစက်ခံရသူများနှင့် ကွာရန်တင်းဝင်နေရသူများကို အလုပ်သမားဥပဒေနှင့်အညီ မကျန်းမာမှုအာမခံ ငွေကြေးအကျိုးခံစားခွင့် ၆၀
ရာခိုင်နှုန်း ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိတွင် လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို ပေးသွင်းသည့်ကာလ သုံးလနောက်ဆုတ်ပေး
သွင်းခွင့် ပြုထားကြောင်း သိရပါတယ်။
Credit