ျမန္မာနိုင္ငံကိုယ္စားျပဳ Forbes Asia’s digital stars စာရင္းမွာ ထပ္မံပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ဝတ္မႈန္ေရႊရည္

 

ျမန္မာနိုင္ငံကိုယ္စားျပဳ Forbes Asia’s digital stars စာရင္းမွာ ထပ္မံပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ဝတ္မႈန္ေရႊရည္

 

 

ျမန္မာနိုင္ငံရဲ့ ထိပ္တန္းသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ဝတ္မႈန္ေရႊရည္က ေတာ့ Forbes Magazine က ေရြးခ်ယ္တဲ့ Forbes Asia’s

 

digital stars အေယာက္ ၁၀၀ စာရင္းထဲမွာ ပါဝင္ခဲ့ျပန္တာျဖစ္ပါတယ္။ ဒီအေယာက္ ၁၀၀ စာရင္းထဲမွာ ျမန္မာနိုင္ငံကသူမအပါအဝင္ အဆိုေတာ္

 

၊ သ႐ုပ္ေဆာင္စိုင္းစိုင္းခမ္းလွိုင္ကလည္း ပါဝင္ခဲ့ တာျဖစ္ပါတယ္။ “ Forbes Magazine က ေရြးခ်ယ္တဲ့ Forbes Asia’s digital stars အေယာက္

 

 

 

 

(၁၀၀) မွာ ျမန္မာနိုင္ငံ ကိုယ္စားျပဳအေနနဲ႔ ကစ္ ေရြးခ်ယ္ခံရပါတယ္။ ကစ္ကို ခ်စ္ခင္အား ေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို ခ်စ္တယ္” လို႔

 

သ႐ုပ္ေဆာင္ဝတ္မႈန္ေရႊရည္က ဆိုထားတာျဖစ္ပါတယ္။ ဒီအေယာက္ ၁၀၀ စာရင္းမွာပါဝင္ၾကတဲ့ အႏုပညာရွင္ေတြဟာဆိုရင္ လူမႈကြန္ယက္

 

ဆိုရွယ္မီဒီယာထက္မွာ လူသိမ်ား ေၾကာ္ၾကား သလို၊ ပရိသတ္ေတြနဲ႔ အျပန္အလွန္ ဆက္သြယ္မႈမ်ားၿပီး၊ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ အသိပညာေတြ

 

 

 

 

ကိုလည္း သူတို႔ရဲ့ ဆိုရွယ္မီဒီယာကို အသုံးျပဳၿပီး အားလုံးကို မၽွေဝေပးခဲ့ၾကတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ဝတ္မႈန္ေရႊရည္ကေတာ့ သ႐ုပ္ေဆာင္ပိုင္း

 

မွာ ဇာတ္ေကာင္ကို ပီျပင္စြာနဲ႔ သ႐ုပ္ေဆာင္ပိုင္နိုင္သလို၊ ဖက္ရွင္ပိုင္းမွာ လည္း သူမတူေအာင္ကို ဖန္တီးဆင္ယင္ နိုင္တဲ့ သူျဖစ္ပါတယ္။ သူမအေန

 

နဲ႔ ျမန္မာနိုင္ငံအျပင္ တျခားေသာျပည္ပနိုင္ငံမ်ားနဲ႔လည္း အႏုပညာနဲ႔ ပတ္သက္တဲ့ ရိုက္ကူးမႈေတြကို ပူးေပါင္း လုပ္ကိုင္ေနတဲ့ အႏုပညာရွင္အျဖစ္

 

 

 

 

လည္း ထင္ရွားပါတယ္။ Forbes Asia’s digital stars စာရင္းထဲမွာ အာရွနိုင္ငံအသီးသီးက နာမည္ႀကီး ထိပ္တန္း အဆိုေတာ္ေတြ၊ တီးဝိုင္းေတြနဲ႔

 

႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြထဲကမွ အေယာက္ ၁၀၀ ကိုေရြးခ်ယ္ မီးေမာင္းထိုးျပထားတာျဖစ္ပါတယ္။

 

Credit

 

 

 

Unicode

 

 

မြန်မာနိုင်ငံကိုယ်စားပြု Forbes Asia’s digital stars စာရင်းမှာ ထပ်မံပါဝင်ခဲ့တဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်

 

 

 

မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က တော့ Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s

 

digital stars အယောက် ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့ပြန်တာဖြစ်ပါတယ်။ ဒီအယောက် ၁၀၀ စာရင်းထဲမှာ မြန်မာနိုင်ငံကသူမအပါအဝင် အဆိုတော်၊

 

သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ကလည်း ပါဝင်ခဲ့ တာဖြစ်ပါတယ်။ “ Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက်

 

 

 

 

(၁၀၀) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကစ် ရွေးချယ်ခံရပါတယ်။ ကစ်ကို ချစ်ခင်အား ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ချစ်တယ်” လို့

 

သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က ဆိုထားတာဖြစ်ပါတယ်။ ဒီအယောက် ၁၀၀ စာရင်းမှာပါဝင်ကြတဲ့ အနုပညာရှင်တွေဟာဆိုရင် လူမှုကွန်ယက်

 

ဆိုရှယ်မီဒီယာထက်မှာ လူသိများ ကြော်ကြား သလို၊ ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်မှုများပြီး၊ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ အသိပညာတွေ

 

 

 

 

ကိုလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အားလုံးကို မျှဝေပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကတော့ သရုပ်ဆောင်ပိုင်းမှာ

 

ဇာတ်ကောင်ကို ပီပြင်စွာနဲ့ သရုပ်ဆောင်ပိုင်နိုင်သလို၊ ဖက်ရှင်ပိုင်းမှာ လည်း သူမတူအောင်ကို ဖန်တီးဆင်ယင် နိုင်တဲ့ သူဖြစ်ပါတယ်။ သူမအနေနဲ့

 

မြန်မာနိုင်ငံအပြင် တခြားသောပြည်ပနိုင်ငံများနဲ့လည်း အနုပညာနဲ့ ပတ်သက်တဲ့ ရိုက်ကူးမှုတွေကို ပူးပေါင်း လုပ်ကိုင်နေတဲ့ အနုပညာရှင်အဖြစ်လည်း

 

 

 

 

ထင်ရှားပါတယ်။ Forbes Asia’s digital stars စာရင်းထဲမှာ အာရှနိုင်ငံအသီးသီးက နာမည်ကြီး ထိပ်တန်း အဆိုတော်တွေ၊ တီးဝိုင်းတွေနဲ့

 

ရုပ်ရှင်သရုပ်ဆောင်တွေထဲကမှ အယောက် ၁၀၀ ကိုရွေးချယ် မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

 

Credit