INTERNATIONAL NEWS

ရဲယူနီေဖာင္းနဲ႔ TikTok ႐ုိက္ကူးခဲ့တဲ့ မေလးရွားရဲေမ၊ ရာထူးမွ ျဖဳတ္ခံရဖုိ႔ရွိေန

Written by admm

ရဲယူနီေဖာင္းနဲ႔ TikTok ႐ုိက္ကူးခဲ့တဲ့ မေလးရွားရဲေမ၊ ရာထူးမွ ျဖဳတ္ခံရဖုိ႔ရွိေန

 

 

 

မေလးရွားႏုိင္ငံ၊ Kota Bharu မွာ တာဝန္ထမ္းေဆာင္တဲ့ ရဲေမေလးတစ္ေယာက္ကေတာ့ ရဲယူနီေဖာင္းနဲ႔ TikTok ႐ုိက္ကူးခဲ့လုိ႔ စည္းကမ္းထိန္း

 

သိမ္းေရးအရ အေရးယူခံရေတာ့မွာလုိ႔ သိရပါတယ္။ အဆုိပါ ရဲေမရဲ႕ကိစၥကို အထက္ရဲအရာရွိေတြက စုံစမ္းစစ္ေဆးေနၿပီး၊ မေလး လူမႈအသုိင္း

 

အဝုိင္းမွာေတာ့ ရဲေမဘက္က ရပ္တည္ေနသူေတြ ရွိပါတယ္။ ဗြီဒီယုိမွာ အိေျႏၵပ်က္ယြင္းေလာက္စရာ အမွားအယြင္း တစ္စက္မွမရွိဘဲ၊ မေလးရွား

 

ရဲတပ္ဖြဲ႕ရဲ႕ မလုိအပ္တဲ့ တင္းမာတဲ့လုပ္ရပ္ေတြက တျခားသက္ေရာက္မႈေတြလည္း ေျမာက္မ်ားစြာရွိေနႏုိင္တယ္လုိ႔ သုံးသပ္သူေတြ ရွိေနပါတယ္။

 

ရဲေမေလးရဲ႕ဗြီဒိယုိဟာ ကနဦးတုန္းက ဘာမွ ေျပာစရာမရွိေပမယ့္၊ လူမႈကြန္ရက္မွာ လူၾကည့္မ်ားလာမွ- တာဝန္ရွိသူေတြက စည္းကမ္းခ်ိဳးေဖာက္

 

 

တယ္လုိ႔ တံဆိပ္ကပ္ခဲ့တာပါ။ ဒီဗြီဒီယုိဟာ ရဲမွဴးႀကီးအျဖစ္ တာဝန္ယူထားရတဲ့ Tan Sri Abdul Hamid Bador ထံကိုေတာင္ ေပါက္ၾကားသြားခဲ့

 

ရာ၊ အေရးယူမႈေတြျပဳလုပ္ဖုိ႔ ညႊန္ၾကားခဲ့တယ္လုိ႔ သိရပါတယ္။ မေလးရွားႏုိင္ငံမွာ TikTok ေဆာ့တဲ့ရဲေတြကို အထူးသျဖင့္ ရဲေမေတြကို လုိသလုိ

 

အမႈဆင္ၿပီး- အေရးယူ ဖိႏွိပ္မႈေတြ ရွိေနပါတယ္။ မၾကာေသးခင္ပဲ ရဲေမတစ္ဦး ယူနီေဖာင္းဝတ္နဲ႔မဟုတ္ဘဲ အားလပ္ခ်ိန္ TikTok ကစားခဲ့တာကို

 

ျပင္းျပင္းထန္ထန္ သတိေပးတားျမစ္မႈေတြ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ရဲမွဴးႀကီး Tan Sri Abdul Hamid Bador ကေတာ့ ” ဒီဗြီဒီယုိနဲ႔ပတ္သက္ၿပီး

 

ေျပာခ်င္တာကေတာ့ တာဝန္ခ်ိန္မွာ ယူနီေဖာင္းနဲ႔ ဒီလုိလုပ္တာဟာ မသင့္ေလွ်ာ္ဘူး … ဒါက ရဲတပ္ဖြဲ႕ရဲ႕ ပုံရိပ္ကို ထိခိုက္ေစတယ္ “လုိ႔ ေျပာခဲ့ပါတယ္။

 

 

ဒါေပမယ့္ လူငယ္ေတာ္ေတာ္မ်ားမ်ားကေတာ့ အခုလုိ မလုိအပ္ဘဲ အေရးယူမႈေတြ ျပဳလုပ္တာကမွ ရဲတပ္ဖြဲ႕ရဲ႕ ပုံရိပ္ကို ထိခိုက္ေစတာျဖစ္ေၾကာင္း၊

 

ရဲဘက္ကပဲျဖစ္ျဖစ္ စစ္ဘက္ကပဲျဖစ္ျဖစ္ ျပည္သူေတြဘက္ကို ၾကည့္ၿပီး ျပည္သူ႕က်င့္ဝတ္ေတြနဲ႔ စံထုိးတဲ့အခါ- ဥပေဒေတြကို ေဘးဖယ္ထားရတာ

 

မ်ိဳးေတြလည္း ရွိတယ္လုိ႔ ေထာက္ျပမႈေတြ ရွိခဲ့ပါတယ္။ TikTok ေဆာ့ခဲ့တဲ့ ရဲေမေလးကို abatan Integriti dan Pematuhan Standard (JIPS)

 

Kelantan က စုံခုံဖြဲ႕စစ္ေဆးေနၿပီး၊ အခုျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ သတင္းကြန္ရက္ေပၚမွာ သူမရဲ႕နာမည္၊ ရာထူး၊ တာဝန္က်ရာေနရာေတြကိုေတာ့

 

ေဖာ္ျပထားျခင္း မရွိပါဘူး။

 

 

Credit

 

 

Unicode

 

 

 

မလေးရှားနိုင်ငံ၊ Kota Bharu မှာ တာဝန်ထမ်းဆောင်တဲ့ ရဲမေလေးတစ်ယောက်ကတော့ ရဲယူနီဖောင်းနဲ့ TikTok ရိုက်ကူးခဲ့လို့ စည်းကမ်းထိန်း

 

သိမ်းရေးအရ အရေးယူခံရတော့မှာလို့ သိရပါတယ်။ အဆိုပါ ရဲမေရဲ့ကိစ္စကို အထက်ရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေပြီး၊ မလေး လူမှုအသိုင်း

 

အဝိုင်းမှာတော့ ရဲမေဘက်က ရပ်တည်နေသူတွေ ရှိပါတယ်။ ဗွီဒီယိုမှာ အိန္ဒြေပျက်ယွင်းလောက်စရာ အမှားအယွင်း တစ်စက်မှမရှိဘဲ၊ မလေးရှား

 

ရဲတပ်ဖွဲ့ရဲ့ မလိုအပ်တဲ့ တင်းမာတဲ့လုပ်ရပ်တွေက တခြားသက်ရောက်မှုတွေလည်း မြောက်များစွာရှိနေနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။

 

ရဲမေလေးရဲ့ဗွီဒိယိုဟာ ကနဦးတုန်းက ဘာမှ ပြောစရာမရှိပေမယ့်၊ လူမှုကွန်ရက်မှာ လူကြည့်များလာမှ- တာဝန်ရှိသူတွေက စည်းကမ်းချိုးဖောက်

 

 

တယ်လို့ တံဆိပ်ကပ်ခဲ့တာပါ။ ဒီဗွီဒီယိုဟာ ရဲမှူးကြီးအဖြစ် တာဝန်ယူထားရတဲ့ Tan Sri Abdul Hamid Bador ထံကိုတောင် ပေါက်ကြားသွားခဲ့ရာ၊

 

အရေးယူမှုတွေပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ TikTok ဆော့တဲ့ရဲတွေကို အထူးသဖြင့် ရဲမေတွေကို လိုသလို

 

အမှုဆင်ပြီး- အရေးယူ ဖိနှိပ်မှုတွေ ရှိနေပါတယ်။ မကြာသေးခင်ပဲ ရဲမေတစ်ဦး ယူနီဖောင်းဝတ်နဲ့မဟုတ်ဘဲ အားလပ်ချိန် TikTok ကစားခဲ့တာကို

 

ပြင်းပြင်း ထန်ထန် သတိပေးတားမြစ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ရဲမှူးကြီး Tan Sri Abdul Hamid Bador ကတော့ ” ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး

 

ပြောချင်တာကတော့ တာဝန်ချိန်မှာ ယူနီဖောင်းနဲ့ ဒီလိုလုပ်တာဟာ မသင့်လျှော်ဘူး … ဒါက ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ် “လို့ ပြောခဲ့ပါတယ်။

 

 

ဒါပေမယ့် လူငယ်တော်တော်များများကတော့ အခုလို မလိုအပ်ဘဲ အရေးယူမှုတွေ ပြုလုပ်တာကမှ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေတာဖြစ်ကြောင်း၊

 

ရဲဘက်ကပဲဖြစ်ဖြစ် စစ်ဘက်ကပဲဖြစ်ဖြစ် ပြည်သူတွေဘက်ကို ကြည့်ပြီး ပြည်သူ့ကျင့်ဝတ်တွေနဲ့ စံထိုးတဲ့အခါ- ဥပဒေတွေကို ဘေးဖယ်ထားရတာ

 

မျိုးတွေလည်း ရှိတယ်လို့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ TikTok ဆော့ခဲ့တဲ့ ရဲမေလေးကို abatan Integriti dan Pematuhan Standard (JIPS)

 

Kelantan က စုံခုံဖွဲ့စစ်ဆေးနေပြီး၊ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းကွန်ရက်ပေါ်မှာ သူမရဲ့နာမည်၊ ရာထူး၊ တာဝန်ကျရာနေရာတွေကိုတော့

 

ဖော်ပြထားခြင်း မရှိပါဘူး။

 

 

Credit

About the author

admm