INTERNATIONAL NEWS

၅.၈ ေအာင္စရွိၿပီး ေသးငယ္တဲ့စိန္တုံးေပါင္း ၁၂,၆၃၈ ျဖင့္ဖန္တီးထားတဲ့ ဂင္းနစ္စံခ်ိန္ဝင္မဟာစိန္လက္စြပ္ႀကီး

Written by admm

၅.၈ ေအာင္စရွိၿပီး ေသးငယ္တဲ့စိန္တုံးေပါင္း ၁၂,၆၃၈ ျဖင့္ဖန္တီးထားတဲ့ ဂင္းနစ္စံခ်ိန္ဝင္မဟာစိန္လက္စြပ္ႀကီး

 

 

အိႏၵိယႏိုင္ငံရွိ အသက္ ၂၅ႏွစ္အ႐ြယ္ Harish Bansal အမည္ရွိတဲ့အိႏၵိယဒီဇိုင္နာတစ္ဦးရဲ႕ ေသးငယ္တဲ့ စိန္တုံးေပါင္း ၁၂,၆၃၈ တုံး ျဖင့္ဖန္တီး

 

ထားတဲ့လက္စြပ္တစ္ကြင္းဟာ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္သြားခဲ့ပါတယ္။သို႔ေပမဲ့ Harish Bansal က သူကိုယ္တိုင္ခက္ခက္ခဲခဲဖန္တီး

 

ထားၿပီးတန္ဖိုးမျဖတ္ႏိုင္တဲ့အဆိုပါဒီဇိုင္းကို ယခုတိုင္ေရာင္းခ်ဖို႔ အစီအစဥ္မရွိေသးပါဘူး။ထိုလက္စြပ္ကို ခ်မ္းသာႂကြယ္ဝတဲ့ The Marigold

 

လက္စြပ္လို႔အမည္ေပးထားၿပီး ထူထဲတဲ့စက္ဝိုင္းပုံအကြင္း ႏွင့္ အႏုစိတ္ဖန္တီးယူထားတဲ့ပန္းပြင့္ပုံဒီဇိုင္းလက္စြပ္တစ္ခုဟာ အေလးခ်ိန္ ၁၆၅

 

ဂရမ္ေက်ာ္ (၅.၈ ေအာင္စ) ရွိပါတယ္။ လက္စြပ္ကိုဝတ္ဆင္တဲ့အခါ သက္ေတာင့္သက္သာရွိတယ္ လို႔ Bansal က ေျပာၾကားခဲ့ၿပီး သူဖန္တီးခ်င္

 

 

ခဲ့တဲ့ အိပ္မက္စီမံကိန္းတစ္ခုျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။Bansal က အိႏၵိယႏိုင္ငံရဲ႕စိန္ဗဟိုခ်က္ျဖစ္တဲ့ Surat ၿမိဳ႕မွာ ရတနာဒီဇိုင္းပညာကို ေလ့လာ

 

ခဲ့စဥ္ လြန္ခဲ့တဲ့၂ ႏွစ္ကတည္းက အခုအႀကံကိုရရွိခဲ့ျခင္းျဖစ္တယ္ လို႔ ထပ္မံေျပာဆိုခဲ့ပါတယ္။Bansal ဟာ လက္စြပ္တစ္ကြင္းဖန္တီးဖို႔ စိန္တုံးေပါင္း

 

၁၀၀၀၀ ေက်ာ္အထိ သတ္မွတ္ထားခဲ့ၿပီး အခုလို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္ခဲ့တဲ့ လက္စြပ္ကို ရရွိဖို႔ ဒီဇိုင္းအၾကမ္းမ်ား ႏွင့္ အယူအဆမ်ားစြာ

 

ကို အမႈိက္ပုံးထဲသို႔ လြတ္ပစ္ခဲ့ရေၾကာင္း Bansal က AFP သတင္းဌာနမွာ ေျပာၾကားခဲ့ပါတယ္။ ကုမၸဏီက Renani Jewels လက္ဝတ္ရတနာဆိုင္

 

ကို လက္စြပ္ရွစ္အလႊာရွိ ေသးငယ္တဲ့ပြင့္ခ်ပ္တစ္ခုစီတိုင္းမွာ ထူးျခားတဲ့ပန္းပြင့္ဒီဇိုင္းရွိေၾကာင္း ေၾကာျငာခိုင္းခဲ့ေပမဲ့ ၀ယ္လိုသူမ်ားထံမွ အမွာစာေတာင္း

 

 

ဆိုမႈေတြကို ျပန္လည္႐ုပ္သိမ္းခဲ့လိုက္ၿပီျဖစ္ၿပီး ” အခုကြၽန္ေတာ္တို႔ေရာင္းဖို႔အစီအစဥ္မရွိေသးပါဘူး ၊ ဒါဟာကြၽန္ေတာ္တို႔အတြက္ ဂုဏ္ယူစရာကိစၥပါ ၊

 

အဲဒါကိုတန္ဖိုးျဖတ္လို႔မရဘူး။” လို႔ Bansal ကေျပာၾကားခဲ့ပါတယ္။အိႏၵိယႏိုင္ငံမွာ ယခင္ကစံသတ္မွတ္ခံထားရတဲ့ စိန္ ၇,၈၀၁ ပါဝင္တဲ့လက္စြပ္

 

တစ္ကြင္းရွိခဲ့ေပမဲ့ လက္ရွိမွာေတာ့ Bansalရဲ႕ စိန္တုံးေပါင္း ၁၂,၆၃၈ တုံးပါဝင္တဲ့ မဟာလက္စြပ္ႀကီးက စံခ်ိန္ခ်ိဳးေနခဲ့ပါတယ္။

 

Credit

 

 

Unicode

 

 

အိန္ဒိယနိုင်ငံရှိ အသက် ၂၅နှစ်အရွယ် Harish Bansal အမည်ရှိတဲ့အိန္ဒိယဒီဇိုင်နာတစ်ဦးရဲ့ သေးငယ်တဲ့ စိန်တုံးပေါင်း ၁၂,၆၃၈ တုံး ဖြင့်ဖန်တီး

 

ထားတဲ့လက်စွပ်တစ်ကွင်းဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်သွားခဲ့ပါတယ်။သို့ပေမဲ့ Harish Bansal က သူကိုယ်တိုင်ခက်ခက်ခဲခဲဖန်တီး

 

ထားပြီးတန်ဖိုးမဖြတ်နိုင်တဲ့အဆိုပါဒီဇိုင်းကို ယခုတိုင်ရောင်းချဖို့ အစီအစဉ်မရှိသေးပါဘူး။ထိုလက်စွပ်ကို ချမ်းသာကြွယ်ဝတဲ့ The Marigold

 

လက်စွပ်လို့အမည်ပေးထားပြီး ထူထဲတဲ့စက်ဝိုင်းပုံအကွင်း နှင့် အနုစိတ်ဖန်တီးယူထားတဲ့ပန်းပွင့်ပုံဒီဇိုင်းလက်စွပ်တစ်ခုဟာ အလေးချိန် ၁၆၅

 

ဂရမ်ကျော် (၅.၈ အောင်စ) ရှိပါတယ်။ လက်စွပ်ကိုဝတ်ဆင်တဲ့အခါ သက်တောင့်သက်သာရှိတယ် လို့ Bansal က ပြောကြားခဲ့ပြီး သူဖန်တီးချင်

 

 

ခဲ့တဲ့ အိပ်မက်စီမံကိန်းတစ်ခုဖြစ်ကြောင်း ဆိုခဲ့ပါတယ်။Bansal က အိန္ဒိယနိုင်ငံရဲ့စိန်ဗဟိုချက်ဖြစ်တဲ့ Surat မြို့မှာ ရတနာဒီဇိုင်းပညာကို လေ့လာ

 

ခဲ့စဉ် လွန်ခဲ့တဲ့၂ နှစ်ကတည်းက အခုအကြံကိုရရှိခဲ့ခြင်းဖြစ်တယ် လို့ ထပ်မံပြောဆိုခဲ့ပါတယ်။Bansal ဟာ လက်စွပ်တစ်ကွင်းဖန်တီးဖို့ စိန်တုံး

 

ပေါင်း ၁၀၀၀၀ ကျော်အထိ သတ်မှတ်ထားခဲ့ပြီး အခုလို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တဲ့ လက်စွပ်ကို ရရှိဖို့ ဒီဇိုင်းအကြမ်းများ နှင့် အယူ

 

အဆများစွာကို အမှိုက်ပုံးထဲသို့ လွတ်ပစ်ခဲ့ရကြောင်း Bansal က AFP သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက Renani Jewels လက်

 

ဝတ်ရတနာဆိုင်ကို လက်စွပ်ရှစ်အလွှာရှိ သေးငယ်တဲ့ပွင့်ချပ်တစ်ခုစီတိုင်းမှာ ထူးခြားတဲ့ပန်းပွင့်ဒီဇိုင်းရှိကြောင်း ကြောငြာခိုင်းခဲ့ပေမဲ့ ဝယ်လိုသူများ

 

 

ထံမှ အမှာစာတောင်းဆိုမှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့လိုက်ပြီဖြစ်ပြီး ” အခုကျွန်တော်တို့ရောင်းဖို့အစီအစဉ်မရှိသေးပါဘူး ၊ ဒါဟာကျွန်တော်တို့

 

အတွက် ဂုဏ်ယူစရာကိစ္စပါ ၊ အဲဒါကိုတန်ဖိုးဖြတ်လို့မရဘူး။” လို့ Bansal ကပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ ယခင်ကစံသတ်မှတ်ခံထားရ

 

တဲ့ စိန် ၇,၈၀၁ ပါဝင်တဲ့လက်စွပ်တစ်ကွင်းရှိခဲ့ပေမဲ့ လက်ရှိမှာတော့ Bansalရဲ့ စိန်တုံးပေါင်း ၁၂,၆၃၈ တုံးပါဝင်တဲ့ မဟာလက်စွပ်ကြီးက စံချိန်ချိုး

 

နေခဲ့ပါတယ်။

 

 

Credit

About the author

admm