INTERNATIONAL NEWS

ကမၻာ့ျမတ္ဆရာဆု ခ်ီးျမွင့္ျခင္းခံခဲ့ရတဲ့ အိႏၵိယႏိုင္ငံက ေက်ာင္းဆရာအမ်ိဳးသား

Written by admm

ကမၻာ့ျမတ္ဆရာဆု ခ်ီးျမွင့္ျခင္းခံခဲ့ရတဲ့ အိႏၵိယႏိုင္ငံက ေက်ာင္းဆရာအမ်ိဳးသား

 

 

ဒီေန႔ေခတ္ ပညာေရးယႏၱရားၾကီးမွာ လႈပ္ရွားလည္ပတ္ေနတဲ့ ဆရာဆရာမေပါင္း မ်ားစြာရွိပါတယ္။ တစ္ခ်ိဳ႕ဆရာဆရာမေတြကေတြဟာ

 

ကိုယ့္ရဲ႕ဘဝတစ္ခုလံုးကို ဒီပညာေရးစနစ္ၾကီးထဲမွာပဲ စိတ္ႏွစ္ထားျပီး စိတ္ေကာ လူပါ အပင္ပန္းခံျပီး ေပးဆပ္တတ္ၾကပါတယ္။ သူတို႔ အပင္

 

ပန္းခံျပီး ေပးဆပ္ခဲ့တဲ့ တပည့္ေတြ ဘဝအဆင္ေျပေကာင္းစားသြားတဲ့ အခါမ်ိဳးမွာလည္း ဆရာဆရာမေတြခမ်ာ ေတာ္ေတာ္ေလးကို ပီတိျဖစ္

 

ရရွာပါတယ္။ ဒါ့ေၾကာင့္ ဆရာဆရာေတြဟာ ပီတီကိုစားျပီး အားရွိေနၾကတာပါ။ အခုေျပာျပခ်င္တဲ့ ဆရာတစ္ေယာက္ကေတာ့ ကမၻာ့ျမတ္ဆရာ

 

ဆုကို ရရွိခဲ့တဲ့ အိႏၵိယက ေက်ာင္းဆရာတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲဒီေက်ာင္းဆရာရဲ႕ စိတ္ထားက ဘယ္ေလာက္ေတာင္ မြန္ျမတ္သလဲဆိုရင္

 

 

သူရရွိခဲ့တဲ့ ဆုေၾကးေငြတစ္ဝက္ကို သူနဲ႔အတူတူ ဆုေပးပြဲ list မွာပါဝင္ခဲ့တဲ့ တစ္ျခားႏိုင္ငံက ဆရာဆရာမ ၉ ေယာက္ကို ခြဲေဝေပးခဲ့ေၾကာင္း

 

Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။ အဆိုပါ ေက်ာင္းဆရာကေတာ့ အိႏၵိယႏိုင္ငံ၊ Maharashtra ျပည္နယ္ရွိ Solapur ျမိဳ႕မွာ

 

ေနထိုင္တဲ့ အသက္ ၃၂ ႏွစ္အရြယ္ Ranjitsinh Disale အမည္ရ ေက်ာင္းဆရာပဲ ျဖစ္ပါတယ္။ Disale ဟာ ႏိုင္ငံေပါင္း ၁၄၀ ထဲကေန အိႏၵိယႏိုင္ငံ

 

ကိုယ္စားျပဳ ျမတ္ဆရာတစ္ေယာက္အျဖစ္ ဆန္ကာတင္ ၁၀ ေယာက္ထဲ ေရြးခ်ယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ Disale ဟာ သူ႔ျမိဳ႕မွာရွိတဲ့ ေက်ာင္း

 

သူေက်ာင္းသားေတြရဲ႕ အက်ိဳးကို ေတာက္ေလွ်ာက္ သယ္ပိုးေပးခဲ့သူတစ္ေယာ္ဆိုလည္း မမွားပါဘူး။ Disale ဟာ ေက်ာင္းသင္ရိုးညႊန္းတမ္းစာ

 

 

အုပ္ေတြ ေက်ာင္းစာေတြကို ေက်ာင္းသူေက်ာင္းသားေတြ ဖတ္လို႔လြယ္ေအာင္ မိခင္ဘာသာအျဖစ္ ဘာသာျပန္ေပးခဲ့သလို သူကိုယ္တိုင္ အဆိုပါ

 

ေက်ာင္းစာေတြကို ဘာသာျပန္ျပီး audio file အျဖစ္ေျပာင္းကာ ေက်ာင္းသူေက်ာင္းသားေတြ နားလည္လြယ္ေအာင္ ေလ့က်င့္သင္ၾကားေပးခဲ့ပါ

 

တယ္။ ဒါ့အျပင္ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ မိန္ကေလးငယ္ေတြ၊ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ ပညာသင္ၾကားခြင့္မရတဲ့ ကေလးေတြ၊ အသက္ငယ္

 

ငယ္နဲ႔ အိမ္ေထာင္က်သြားရတဲ့ မိန္းကေလးငယ္ေတြ ပညာသင္ခြင့္ရေအာင္ ၾကိဳးစားခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိမွာလည္း ႏိုင္ငံ

 

၈၃ ႏိုင္ငံမွာရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ အြန္လိုင္းကေန သိပၸံဘာသာရပ္နဲ႔ ပတ္သတ္တဲ့ သင္ခန္းစာေတြကို ပို႔ခ်သင္ၾကားေပးေနျပီး

 

 

ပဋိပကၡျဖစ္ပြားရာ ဇုန္မ်ားမွာရွိတဲ့ လူငယ္ေတြအတြက္ အဆက္အသြယ္လုပ္ႏိုင္မယ့္ ႏိုင္ငံတကာစီမံကိန္းတစ္ခုကိုလည္း တည္ေထာင္ေပးခဲ့သူ

 

တစ္ဦးလည္း ျဖစ္ပါတယ္။ အခုဆိုရင္လည္း ျမတ္ဆရာဆုကို ကမၻာတစ္ဝန္းက ေက်ာင္းဆရာဆရာမ ၁၂၀၀၀ ကို ျဖတ္ေက်ာ္ခဲ့ျပီး ကမၻာ့ျမတ္ဆရာ

 

ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဆုေၾကးေငြအျဖစ္လည္း အေမရိကန္ေဒၚလာ ၁ သန္းရရွိခဲ့ျပီး အဆိုပါ ဆုေၾကးေငြထဲက တစ္ဝက္ကို ဆန္ခါတင္ စာရင္း

 

ဝင္ခဲ့တဲ အျခားဆရာဆရာမ ၉ ေယာက္ကိုလည္း ခြဲေဝေပးခဲ့ေၾကာင္း သိရပါတယ္။

 

 

Credit

 

 

Unicode

 

ဒီနေ့ခေတ် ပညာရေးယန္တရားကြီးမှာ လှုပ်ရှားလည်ပတ်နေတဲ့ ဆရာဆရာမပေါင်း များစွာရှိပါတယ်။ တစ်ချို့ဆရာဆရာမတွေကတွေဟာ

 

ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ဒီပညာရေးစနစ်ကြီးထဲမှာပဲ စိတ်နှစ်ထားပြီး စိတ်ကော လူပါ အပင်ပန်းခံပြီး ပေးဆပ်တတ်ကြပါတယ်။ သူတို့ အပင်

 

ပန်းခံပြီး ပေးဆပ်ခဲ့တဲ့ တပည့်တွေ ဘဝအဆင်ပြေကောင်းစားသွားတဲ့ အခါမျိုးမှာလည်း ဆရာဆရာမတွေခမျာ တော်တော်လေးကို ပီတိ

 

ဖြစ်ရရှာပါတယ်။ ဒါ့ကြောင့် ဆရာဆရာတွေဟာ ပီတီကိုစားပြီး အားရှိနေကြတာပါ။ အခုပြောပြချင်တဲ့ ဆရာတစ်ယောက်ကတော့ ကမ္ဘာ့

 

မြတ်ဆရာဆုကို ရရှိခဲ့တဲ့ အိန္ဒိယက ကျောင်းဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းဆရာရဲ့ စိတ်ထားက ဘယ်လောက်တောင်

 

 

မွန်မြတ်သလဲဆိုရင် သူရရှိခဲ့တဲ့ ဆုကြေးငွေတစ်ဝက်ကို သူနဲ့အတူတူ ဆုပေးပွဲ list မှာပါဝင်ခဲ့တဲ့ တစ်ခြားနိုင်ငံက ဆရာဆရာမ ၉ ယောက်

 

ကို ခွဲဝေပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ ကျောင်းဆရာကတော့ အိန္ဒိယနိုင်ငံ၊ Maharashtra

 

ပြည်နယ်ရှိ Solapur မြို့မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် Ranjitsinh Disale အမည်ရ ကျောင်းဆရာပဲ ဖြစ်ပါတယ်။ Disale ဟာ နိုင်ငံ

 

ပေါင်း ၁၄၀ ထဲကနေ အိန္ဒိယနိုင်ငံကိုယ်စားပြု မြတ်ဆရာတစ်ယောက်အဖြစ် ဆန်ကာတင် ၁၀ ယောက်ထဲ ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

 

Disale ဟာ သူ့မြို့မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အကျိုးကို တောက်လျှောက် သယ်ပိုးပေးခဲ့သူတစ်ယော်ဆိုလည်း မမှားပါဘူး။

 

 

Disale ဟာ ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်တွေ ကျောင်းစာတွေကို ကျောင်းသူကျောင်းသားတွေ ဖတ်လို့လွယ်အောင် မိခင်ဘာသာအဖြစ်

 

ဘာသာပြန်ပေးခဲ့သလို သူကိုယ်တိုင် အဆိုပါ ကျောင်းစာတွေကို ဘာသာပြန်ပြီး audio file အဖြစ်ပြောင်းကာ ကျောင်းသူကျောင်းသားတွေ

 

နားလည်လွယ်အောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် ချို့တဲ့နွမ်းပါးတဲ့ မိန်ကလေးငယ်တွေ၊ အခြေအနေအကြောင်းကြောင်းကြောင့်

 

ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ၊ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားရတဲ့ မိန်းကလေးငယ်တွေ ပညာသင်ခွင့်ရအောင် ကြိုးစားခဲ့သူ

 

တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း နိုင်ငံ ၈၃ နိုင်ငံမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အွန်လိုင်းကနေ သိပ္ပံဘာ

 

 

သာရပ်နဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေကို ပို့ချသင်ကြားပေးနေပြီး ပဋိပက္ခဖြစ်ပွားရာ ဇုန်များမှာရှိတဲ့ လူငယ်တွေအတွက် အဆက်အသွယ်

 

လုပ်နိုင်မယ့် နိုင်ငံတကာစီမံကိန်းတစ်ခုကိုလည်း တည်ထောင်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း မြတ်ဆရာဆုကို ကမ္ဘာ

 

တစ်ဝန်းက ကျောင်းဆရာဆရာမ ၁၂၀၀၀ ကို ဖြတ်ကျော်ခဲ့ပြီး ကမ္ဘာ့မြတ်ဆရာဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုကြေးငွေအဖြစ်လည်း အမေရိကန်

 

ဒေါ်လာ ၁ သန်းရရှိခဲ့ပြီး အဆိုပါ ဆုကြေးငွေထဲက တစ်ဝက်ကို ဆန်ခါတင် စာရင်းဝင်ခဲ့တဲ အခြားဆရာဆရာမ ၉ ယောက်ကိုလည်း ခွဲဝေပေးခဲ့

 

ကြောင်း သိရပါတယ်။

Credit

About the author

admm