Entertainment


Written by admm


 

 


 


 


 

 


 


 


 

 


 


 


 

Credit

 

 

 

Unicode

 

ကိုဗစ်ကာလမို့မိတ်ဆွေတွေကိုမဖိတ်ဖြစ်ပဲ နှစ်ဖက်မိသားစုနဲ့အတူ လက်ထပ်ပွဲကို ကျင်းပခဲ့တဲ့ အဆိုတော်နိုင်းဝမ်း

 

 

ဂီတလောကမှ အဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းနဲ့ ချစ်သူမေမျိုးသူကျော်တို့ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားနေ့မှာ နှစ်ဖက်မိသားစု

 

နဲ့အတူ လက်ထပ်ထိမ်းမြား ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကာလဖြစ်တဲ့အတွက်ကြောင့် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို

 

အကျဉ်းချုံးမင်္ဂလာပွဲလေးအဖြစ် ကျင်းပ ခဲ့ရတယ်လို့ အဆိုတော်နိုင်းဝမ်းက အသိပေးလာတာဖြစ်ပါတယ်။ ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်း

 

 

စီကို ကျေးဇူးတင်ကြောင်းနဲ့ ရိုက်ကူးထားတဲ့ မင်္ဂလာပွဲ ဓာတ်ပုံတွေကို အားလုံးအတွက် သူ့ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ မျှဝေပေး

 

ထားတာဖြစ်ပါတယ်။ “ ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေသူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို့ မဖြစ်နိုင်ခဲ့ သော်လည်း လက်ဖွဲ့ပစ္စည်းများ

 

ပေးပို့ ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်း ပေးကြပါသော အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များ

 

 

အားလုံးအားလုံးကိုလှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ ” လို့ ထပ်မံရေးသားထားတာဖြစ်ပါတယ်။အဆိုတော်နိုင်းဝမ်းနဲ့

 

ချစ်သူမေမျိုးသူကျော် တို့ရဲ့ မင်္ဂလာပွဲဖြစ်မြောက်သွားတဲ့အတွက် ပရိသတ်တွေ အပြင်၊ အနုပညာလောကမှ ညီအစ်ကိုမောင်နှမတွေကလည်း

 

မင်္ဂလာဆုတောင်းစကားလေးတွေကို မျှဝေရေးသားပေးခဲ့ပါသေးတယ်။

 

Credit

About the author

admm